အင်္ဂလိပ်ကလပ်နည်းပြတွေအနက် ချန်ပီယံလိဂ်ရှုံးပွဲရာခိုင်နှုန်းအမြင့်ဆုံးနည်းပြမှာ ဆိုးလ်ရှားဖြစ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချန်ပီယံလိဂ်မှာ ၁၀ပွဲနဲ့အထက်ကိုင်ခဲ့ဖူးတဲ့ အင်္ဂလိပ်ကလပ်အသင်းတွေရဲ့နည်းပြတွေအနက် ရှုံးပွဲရာခိုင်နှုန်းအမြင့်ဆုံးနည်းပြအဖြစ်စံချိန်တင်ထားသူကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ဆိုးလ်ရှားဖြစ်ပါတယ်။

၂၀၁၉ မတ် ၂၈ကစပြီး ယူနိုက်တက်ရဲ့အမြဲတမ်းနည်းပြဖြစ်လာတဲ့ဆိုးလ်ရှားဟာ ယူရိုပါလိဂ် ၂၁ပွဲမှာ ၁၃ပွဲနိုင်အောင်စွမ်းဆောင်နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ ရလဒ်မကောင်းခဲ့ပါဘူး။

ဆိုးလ်ရှားဟာ ယူနိုက်တက်နည်းပြဘ၀ချန်ပီယံလိဂ် ၁၂ပွဲမှာ ၅ပွဲနိုင်၊ ၇ပွဲရှုံး၊ ၂၁ဂိုးသွင်း၊ ဂိုး ၂ဝပြန်ပေးခဲ့ရပါတယ်။

ကိုင်ခဲ့သမျှချန်ပီယံလိဂ်ပွဲတွေရဲ့ ၅၈ ရာခိုင်နှုန်းရှုံးပွဲကြုံခဲ့တာပါ။

ဒီကနေ့ညအတ္တလန္တာကိုဧည့်ခံရမယ့်ပွဲဟာဆိုးလ်ရှား အတွက် ယူနိုက်တက်နည်းပြဘ၀၁၃ပွဲမြောက်ချန်ပီယံလိဂ်ပွဲဖြစ်ပြီး ၆ပွဲမြောက် နိုင်ပွဲရဖို့ကြိုးစားရမှာပါ။

အတ္တလန္တာကလည်း ချန်ပီယံလိဂ်အဝေးကွင်းနောက် ဆုံး ၇ပွဲမှာ ၅ပွဲနိုင်၊ ၁ပွဲသရေ၊ ၁ပွဲသာရှုံးခဲ့ပြီး တစ်ပွဲပျမ်းမျှ ၂.၄ ဂိုးသွင်းနိုင်ခဲ့တာဆိုတော့ လျော့ရဲလွန်းလှတဲ့ ယူနိုက်တက်ခံစစ်နဲ့တွေ့ကြပြီပေါ့။

ယူနိုက်တက်ဟာ ဆိုးလ်ရှားရဲ့ဦးဆောင်မှုအောက်မှာ ပြီးခဲ့တဲ့ရာသီကလည်း ချန် ပီယံလိဂ်အုပ်စုအဆင့်ကနေပြုတ်ပြီး ယူရိုပါလိဂ်ဆင်းကစားခဲ့ရပါတယ်။

အဲဒီတုန်းက အုပ်စုအဖွင့် ၄ပွဲမှာ ၃ပွဲနိုင်ခဲ့ပေမယ့် နောက်ဆုံး ၂ပွဲဆက်ရှုံးခဲ့ရတာပါ။

ဒီရာသီမှာလည်း အုပ်စုအဖွင့်ပွဲမှာ ယန်းဘွိုင်းစ်ကို လင်ဂတ်ရဲ့အမှားကြောင့်ရှုံးခဲ့ပြီး ဗီလာရီးရဲလ်နဲ့ အုပ်စုဒုတိယပွဲမှာလည်း ရော်နယ်ဒိုရဲ့နာကျင်အချိန်ပိုနောက် ကျဂိုးကြောင့်သာ ကံ ကောင်းပြီးနိုင်ခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အဂၤလိပ္ကလပ္နည္းျပေတြအနက္ ခ်န္ပီယံလိဂ္ရႈံးပြဲရာခိုင္ႏႈန္းအျမင့္ဆုံးနည္းျပမွာ ဆိုးလ္ရွားျဖစ္ေန

ခ်န္ပီယံလိဂ္မွာ ၁၀ပြဲနဲ႔အထက္ကိုင္ခဲ့ဖူးတဲ့ အဂၤလိပ္ကလပ္အသင္းေတြရဲ႕နည္းျပေတြအနက္ ရႈံးပြဲရာခိုင္ႏႈန္းအျမင့္ဆုံးနည္းျပအျဖစ္စံခ်ိန္တင္ထားသူကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ဇာတ္လိုက္ေက်ာ္ ဆိုးလ္ရွားျဖစ္ပါတယ္။

၂၀၁၉ မတ္ ၂၈ကစၿပီး ယူႏိုက္တက္ရဲ႕အၿမဲတမ္းနည္းျပျဖစ္လာတဲ့ဆိုးလ္ရွားဟာ ယူ႐ိုပါလိဂ္ ၂၁ပြဲမွာ ၁၃ပြဲႏိုင္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့ ရလဒ္မေကာင္းခဲ့ပါဘူး။

ဆိုးလ္ရွားဟာ ယူႏိုက္တက္နည္းျပဘ၀ခ်န္ပီယံလိဂ္ ၁၂ပြဲမွာ ၅ပြဲႏိုင္၊ ၇ပြဲရႈံး၊ ၂၁ဂိုးသြင္း၊ ဂိုး ၂ဝျပန္ေပးခဲ့ရပါတယ္။ ကိုင္ခဲ့သမွ်ခ်န္ပီယံလိဂ္ပြဲေတြရဲ႕ ၅၈ ရာခိုင္ႏႈန္းရႈံးပြဲႀကဳံခဲ့တာပါ။

ဒီကေန႔ညအတၱလႏၲာကိုဧည့္ခံရမယ့္ပြဲဟာဆိုးလ္ရွား အတြက္ ယူႏိုက္တက္နည္းျပဘ၀၁၃ပြဲေျမာက္ခ်န္ပီယံလိဂ္ပြဲျဖစ္ၿပီး ၆ပြဲေျမာက္ ႏိုင္ပြဲရဖို႔ႀကိဳးစားရမွာပါ။

အတၱလႏၲာကလည္း ခ်န္ပီယံလိဂ္အေဝးကြင္းေနာက္ ဆုံး ၇ပြဲမွာ ၅ပြဲႏိုင္၊ ၁ပြဲသေရ၊ ၁ပြဲသာရႈံးခဲ့ၿပီး တစ္ပြဲပ်မ္းမွ် ၂.၄ ဂိုးသြင္းႏိုင္ခဲ့တာဆိုေတာ့ ေလ်ာ့ရဲလြန္းလွတဲ့ ယူႏိုက္တက္ခံစစ္နဲ႔ေတြ႕ၾကၿပီေပါ့။

ယူႏိုက္တက္ဟာ ဆိုးလ္ရွားရဲ႕ဦးေဆာင္မႈေအာက္မွာ ၿပီးခဲ့တဲ့ရာသီကလည္း ခ်န္ ပီယံလိဂ္အုပ္စုအဆင့္ကေနျပဳတ္ၿပီး ယူ႐ိုပါလိဂ္ဆင္းကစားခဲ့ရပါတယ္။

အဲဒီတုန္းက အုပ္စုအဖြင့္ ၄ပြဲမွာ ၃ပြဲႏိုင္ခဲ့ေပမယ့္ ေနာက္ဆုံး ၂ပြဲဆက္ရႈံးခဲ့ရတာပါ။ ဒီရာသီမွာလည္း အုပ္စုအဖြင့္ပြဲမွာ ယန္းဘြိဳင္းစ္ကို လင္ဂတ္ရဲ႕အမွားေၾကာင့္ရႈံးခဲ့ၿပီး ဗီလာရီးရဲလ္နဲ႔ အုပ္စုဒုတိယပြဲမွာလည္း ေရာ္နယ္ဒိုရဲ႕နာက်င္အခ်ိန္ပိုေနာက္ က်ဂိုးေၾကာင့္သာ ကံ ေကာင္းၿပီးႏိုင္ခဲ့တာပါ။