အင်္ဂလန်-ယူကရိန်းကစားမယ့်ပွဲကို ဂျာမန်ကွင်းလယ်ဒိုင် ကိုင်တွယ်မယ့်အပေါ် အင်္ဂလန်ပရိသတ်တွေမကျေနပ်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူရို-၂၀၂၀ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ အင်္ဂလန်အသင်းဟာ ကွာတားဖိုင်နယ်ပွဲအဖြစ် ယူကရန်းအသင်းနဲ့ ဒီနေ့ည (မြန်မာစံတော်ချိန် တနင်္ဂနွေမနက် ၁:၃၀)မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး
အဲဒီပွဲအတွက် ဂျာမန်လူမျိုးကွင်းလယ်ဒိုင်ဖိလစ်ဘရစ်ချ်အပါအဝင် ဒိုင်အဖွဲ့ဝင်(၇)ဦးက ဂျာမန်လူမျိုးတွေဖြစ်နေတဲ့အတွက် အင်္ဂလန်ပရိသတ်တွေ မကျေမနပ်ဖြစ်နေကြပါတယ်။
အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ရှုံးထွက်(၁၆)သင်းအဆင့်တုန်းက ဂျာမနီအသင်းကို (၂-ဝ)ဂိုးနဲ့အနိုင်ယူကျော်ဖြတ်ခဲ့တာကြောင့် အခုကွာတားဖိုင်နယ်ပွဲမှာ ဂျာမန်ဒိုင်လူကြီးတွေက အင်္ဂလန်အသင်း နောက်တစ်ဆင့်မတက်နိုင်အောင် ဒုက္ခပေးမှာကို ပရိသတ်တွေ စိုးရိမ်နေကြတာပါ။
အဲဒီပွဲမှာ နာမည်ကျော်ကွင်းလယ်ဒိုင် ဖိလစ်ဘရစ်ချ်က တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပြီး သူနဲ့အတူ လက်ထောက်ဒိုင်လူကြီးတွေအဖြစ်
စတီဖင်လက်ပ်၊ မာ့ခ်ဘော့စ်ချ်တို့က တာဝန်ယူမှာဖြစ်သလို VAR ဒိုင်လူကြီးတွေအဖြစ် မာကိုဖရစ်ဇ်၊ ခရစ္စရှန်ဒင်ဂါ့တ်၊ ခရစ္စရှန်ဂျင်တယ်လ်မန်၊ ဘက်စရှန်ဒန်ကာ့တ်တို့က ဆောင်ရွက်မှာဖြစ်ပါတယ်။
အဲဒီဒိုင်လူကြီး(၇)ဦးစလုံးက ဂျာမန်လူမျိုးတွေဖြစ်ပြီး အင်္ဂလန်-ယူကရိန်းပွဲအတွက် သတ်မှတ်ထားတဲ့ ဒိုင်အဖွဲ့ဝင်(၈)ဦးမှာ ဂျာမန်လူမျိုးမဟုတ်တာဆိုလို့ စတုတ္ထမြောက်ဒိုင်အဖြစ် တာဝန်ယူမယ့် စပိန်ဒိုင်လူကြီးဆယ်ရိုဂရန်ဒီတစ်ဦးသာ ပါဝင်ပါတယ်။
အဲဒါကြောင့် အင်္ဂလန်ပရိသတ်တွေက ဂျာမန်ဒိုင်လူကြီးတွေ အင်္ဂလန်အသင်းကစားမယ့်ပွဲမှာ ကိုင်တွယ်ကြမယ့်အပေါ် မကျေမနပ်ဖြစ်နေပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ Memes တွေနဲ့ Troll နေသလို တချို့ကလည်း ဝေဖန်ရေးသားမှုတွေပြုလုပ်ခဲ့ကြပါတယ်။
ပရိသတ်တစ်ဦးက “ဒီပွဲမှာ ဂျာမန်ကွင်းလယ်ဒိုင်ကို တာဝန်ပေးခဲ့တာက သံသယဖြစ်စရာကောင်းတယ်လို့” ဝေဖန်ခဲ့သလို နောက်တစ်ဦးကလည်း
“အင်္ဂလန်-ယူကရိန်းပွဲကို ဂျာမန်ကွင်းလယ်ဒိုင်ဖိလစ်ဘရစ်ချ် သမာသမတ်ကျကျကိုင်တွယ်နိုင်မယ်လို့ ကျွန်တော် သိပ်မထင်ပါဘူး”လို့ ရေးသားခဲ့ပါတယ်။
ပြင်ပလောကမှာ ရှေ့နေတစ်ဦးအဖြစ် ဆောင်ရွက်နေတဲ့ ဖိလစ်ဘရစ်ချ်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ အတွေ့အကြုံရင့်ဒိုင်လူကြီးဖြစ်ပြီး
အခုလောလောဆယ် ဂျာမနီနိုင်ငံရဲ့ အထူးချွန်ဆုံး ဒိုင်လူကြီးတစ်ဦးအဖြစ်သတ်မှတ်ခံထားရသလို ယူရို-၂၀၂၀ပြိုင်ပွဲမှာ ဘယ်လ်ဂျီယံနဲ့ပေါ်တူဂီတို့ကစားခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲ၊ ယူကရိန်း-နယ်သာလန်တို့ရဲ့ အုပ်စုပွဲတွေကို ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။
ဖိလစ်ဘရစ်ချ်ရဲ့ ဒိုင်လူကြီးသက်တမ်းတစ်လျှောက် အင်္ဂလန်အသင်းကစားခဲ့တဲ့ပွဲ(၅)ပွဲမှာ ကွင်းလယ်ဒိုင်အဖြစ်ဆောင်ရွက်ခဲ့ဖူးပြီး အဲဒီပွဲတွေမှာ အင်္ဂလန်အသင်း (၂)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၁)ပွဲရှုံးနိမ့်ခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ယူရို-၂၀၂၀ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ အင်္ဂလန်အသင်းဟာ ကွာတားဖိုင်နယ်ပွဲအဖြစ် ယူကရန်းအသင်းနဲ့ ဒီနေ့ည (မြန်မာစံတော်ချိန် တနင်္ဂနွေမနက် ၁:၃၀)မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး အဲဒီပွဲအတွက် ဂျာမန်လူမျိုးကွင်းလယ်ဒိုင်ဖိလစ်ဘရစ်ခ်ျအပါအဝင် ဒိုင်အဖွဲ့ဝင်(၇)ဦးက ဂျာမန်လူမျိုးတွေဖြစ်နေတဲ့အတွက် အင်္ဂလန်ပရိသတ်တွေ မကျေမနပ်ဖြစ်နေကြပါတယ်။
ပရိသတ်တစ်ဦးက “ဒီပွဲမှာ ဂျာမန်ကွင်းလယ်ဒိုင်ကို တာဝန်ပေးခဲ့တာက သံသယဖြစ်စရာကောင်းတယ်လို့” ဝေဖန်ခဲ့သလို နောက်တစ်ဦးကလည်း “အင်္ဂလန်-ယူကရိန်းပွဲကို ဂျာမန်ကွင်းလယ်ဒိုင်ဖိလစ်ဘရစ်ခ်ျ သမာသမတ်ကျကျကိုင်တွယ်နိုင်မယ်လို့ ကျွန်တော် သိပ်မထင်ပါဘူး”လို့ ရေးသားခဲ့ပါတယ်။
ပြင်ပလောကမှာ ရှေ့နေတစ်ဦးအဖြစ် ဆောင်ရွက်နေတဲ့ ဖိလစ်ဘရစ်ခ်ျဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ အတွေ့အကြုံရင့်ဒိုင်လူကြီးဖြစ်ပြီး အခုလောလောဆယ် ဂျာမနီနိုင်ငံရဲ့ အထူးချွန်ဆုံး ဒိုင်လူကြီးတစ်ဦးအဖြစ်သတ်မှတ်ခံထားရသလို ယူရို-၂၀၂၀ပြိုင်ပွဲမှာ ဘယ်လ်ဂျီယံနဲ့ပေါ်တူဂီတို့ကစားခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲ၊ ယူကရိန်း-နယ်သာလန်တို့ရဲ့ အုပ်စုပွဲတွေကို ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။ ဖိလစ်ဘရစ်ခ်ျရဲ့ ဒိုင်လူကြီးသက်တမ်းတစ်လျှောက် အင်္ဂလန်အသင်းကစားခဲ့တဲ့ပွဲ(၅)ပွဲမှာ ကွင်းလယ်ဒိုင်အဖြစ်ဆောင်ရွက်ခဲ့ဖူးပြီး အဲဒီပွဲတွေမှာ အင်္ဂလန်အသင်း (၂)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၁)ပွဲရှုံးနိမ့်ခဲ့ပါတယ်။