
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လိဒ်စ်အသင်းရဲ့အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူကယ်လ်ဗင်ဖိလစ်ဟာ ၂၀၂၀-၂၁ ရာသီအတွက် အင်္ဂလန်(၁)နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပြီး လိဒ်စ်ကစားသမားတွေထဲမှာ အကောင်းဆုံးဆုရရှိခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။
အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ ကယ်လ်ဗင်ဖိလစ်ဟာ ပြီးခဲ့တဲ့ရာသီကမှ လိဒ်စ်အသင်းနဲ့အတူပရီးမီးယားလိဂ်ကို တန်းပြန်တက်လာခဲ့တာဖြစ်ပြီး
ယူရို-၂၀၂ဝပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ မထင်မှတ်ဘဲရွေးချယ်ခံခဲ့ရပေမယ့် အကောင်းဆုံးပုံစံပြသနိုင်ခဲ့သလို အုပ်စုပွဲကနေ ဗိုလ်လုပွဲအထိ ပွဲတိုင်းပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့်ပဲ အင်္ဂလန်ပရိသတ်တွေက ချယ်လ်ဆီးနဲ့ချန်ပီယံလိဂ်ဖလားရခဲ့တဲ့ မေဆင်မောင့်၊ မန်စီးတီးနဲ့ပရီးမီးယားလိဂ်ဖလားရခဲ့ပြီး ယူရိုမှာလည်းခြေစွမ်းပြခဲ့တဲ့စတာလင်တို့ထက် ကယ်လ်ဗင်ဖိလစ်ကို မဲပိုပေးခဲ့ကြတာဖြစ်ပါတယ်။
အခုလောလောဆယ် ကယ်လ်ဗင်ဖိလစ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကစားဖို့အတွက် အင်္ဂလန်အသင်းနဲ့လေ့ကျင့်ခန်းဆင်းနေပြီး ဒီဆုကို အသင်းဖော်ဒီကလရိုက်စ်ကိုယ်တိုင် လာပေးချိန်မှာ အတည်ပေါက်နဲ့နောက်နေတယ်လို့ ထင်ခဲ့တာဖြစ်ပါတယ်။
ကယ်လ်ဗင်ဖိလစ်က “ဒီကလန်ရိုက်စ်ဟာ အကောင်းဆုံးဆုကို ကျွန်တော့်ဆီ လာပေးချိန်မှာ အမှန်အတိုင်းပြောရရင် သူ ကျွန်တော့်ကို နောက်နေတယ်လို့ပဲထင်ခဲ့မိတာပါ။
သူက ဒီအကောင်းဆုံးဆုကို နောက်မှာဖွက်ထားပြီး မျက်နှာကခပ်ပြုံးပြုံးနဲ့ ကျွန်တော့်ဆီ လှမ်းလာနေတော့ စိတ်ထဲမှာ ကိတ်မုန့်နဲ့ ကျွန်တော့်မျက်နှာကို ပေါက်ပြီး စနောက်မယ်လို့ထင်ထားတာဖြစ်ပါတယ်။ အခုလို အကောင်းဆုံးကစားသမားဆုရရှိခဲ့တာက အရမ်းဂုဏ်ယူစရာကောင်းပါတယ်။
ဒါပေမဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာ ကျွန်တော်တို့အသင်းဟာ အမြင့်ဆုံးအောင်မြင်မှုမရခဲ့တာကြောင့် ဒီဆုရလောက်တဲ့အထိ မစွမ်းဆောင်နိုင်ခဲ့ဘူးလို့ ယူဆမိပါတယ်”ဆိုပြီးပြောကြားခဲ့ပါတယ်။
အင်္ဂလန်(၁)နှစ်တာအကောင်းဆုံးကစားသမားဆုကို ၂၀၀၃၊ ဖေဖော်ဝါရီလကစလို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က နှစ်စဉ်ချီးမြှင့်ခဲ့တာဖြစ်သလို အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးရွန်နီက
စုစုပေါင်း(၄)ကြိမ်နဲ့အကြိမ်အများဆုံးရရှိခဲ့သူအဖြစ် မှတ်တမ်းဝင်နေပြီး သူ့နောက်မှာ လမ်းပတ်၊ စတီဗင်ဂျရတ်၊ ဟယ်ရီကိန်းတို့က (၂)ကြိမ်စီနဲ့အသီးသီးရပ်တည်နေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
အဂၤလန္(၁)ႏွစ္တာအေကာင္းဆုံးကစားသမားဆု ဆြတ္ခူးရရွိခဲ့တဲ့ ကယ္လ္ဗင္ဖိလစ္
လိဒ္စ္အသင္းရဲ႕အဂၤလန္လက္ေ႐ြးစင္ကြင္းလယ္လူကယ္လ္ဗင္ဖိလစ္ဟာ ၂၀၂၀-၂၁ ရာသီအတြက္ အဂၤလန္(၁)ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးရရွိခဲ့ၿပီး လိဒ္စ္ကစားသမားေတြထဲမွာ အေကာင္းဆုံးဆုရရွိခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။ အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ကယ္လ္ဗင္ဖိလစ္ဟာ ၿပီးခဲ့တဲ့ရာသီကမွ လိဒ္စ္အသင္းနဲ႔အတူပရီးမီးယားလိဂ္ကို တန္းျပန္တက္လာခဲ့တာျဖစ္ၿပီး ယူ႐ို-၂၀၂ဝၿပိဳင္ပြဲဝင္ အဂၤလန္အသင္းမွာ မထင္မွတ္ဘဲေ႐ြးခ်ယ္ခံခဲ့ရေပမယ့္ အေကာင္းဆုံးပုံစံျပသႏိုင္ခဲ့သလို အုပ္စုပြဲကေန ဗိုလ္လုပြဲအထိ ပြဲတိုင္းပါဝင္ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။
အဲဒါေၾကာင့္ပဲ အဂၤလန္ပရိသတ္ေတြက ခ်ယ္လ္ဆီးနဲ႔ခ်န္ပီယံလိဂ္ဖလားရခဲ့တဲ့ ေမဆင္ေမာင့္၊ မန္စီးတီးနဲ႔ပရီးမီးယားလိဂ္ဖလားရခဲ့ၿပီး ယူ႐ိုမွာလည္းေျခစြမ္းျပခဲ့တဲ့စတာလင္တို႔ထက္ ကယ္လ္ဗင္ဖိလစ္ကို မဲပိုေပးခဲ့ၾကတာျဖစ္ပါတယ္။ အခုေလာေလာဆယ္ ကယ္လ္ဗင္ဖိလစ္ဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေတြကစားဖို႔အတြက္ အဂၤလန္အသင္းနဲ႔ေလ့က်င့္ခန္းဆင္းေနၿပီး ဒီဆုကို အသင္းေဖာ္ဒီကလ႐ိုက္စ္ကိုယ္တိုင္ လာေပးခ်ိန္မွာ အတည္ေပါက္နဲ႔ေနာက္ေနတယ္လို႔ ထင္ခဲ့တာျဖစ္ပါတယ္။
ကယ္လ္ဗင္ဖိလစ္က “ဒီကလန္႐ိုက္စ္ဟာ အေကာင္းဆုံးဆုကို ကြၽန္ေတာ့္ဆီ လာေပးခ်ိန္မွာ အမွန္အတိုင္းေျပာရရင္ သူ ကြၽန္ေတာ့္ကို ေနာက္ေနတယ္လို႔ပဲထင္ခဲ့မိတာပါ။ သူက ဒီအေကာင္းဆုံးဆုကို ေနာက္မွာဖြက္ထားၿပီး မ်က္ႏွာကခပ္ၿပဳံးၿပဳံးနဲ႔ ကြၽန္ေတာ့္ဆီ လွမ္းလာေနေတာ့ စိတ္ထဲမွာ ကိတ္မုန႔္နဲ႔ ကြၽန္ေတာ့္မ်က္ႏွာကို ေပါက္ၿပီး စေနာက္မယ္လို႔ထင္ထားတာျဖစ္ပါတယ္။
အခုလို အေကာင္းဆုံးကစားသမားဆုရရွိခဲ့တာက အရမ္းဂုဏ္ယူစရာေကာင္းပါတယ္။ ဒါေပမဲ့ ယူ႐ို-၂၀၂ဝၿပိဳင္ပြဲမွာ ကြၽန္ေတာ္တို႔အသင္းဟာ အျမင့္ဆုံးေအာင္ျမင္မႈမရခဲ့တာေၾကာင့္ ဒီဆုရေလာက္တဲ့အထိ မစြမ္းေဆာင္ႏိုင္ခဲ့ဘူးလို႔ ယူဆမိပါတယ္”ဆိုၿပီးေျပာၾကားခဲ့ပါတယ္။ အဂၤလန္(၁)ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ၂၀၀၃၊ ေဖေဖာ္ဝါရီလကစလို႔ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္(FA)က ႏွစ္စဥ္ခ်ီးျမႇင့္ခဲ့တာျဖစ္သလို အဂၤလန္ဂႏၴဝင္တိုက္စစ္မႉး႐ြန္နီက စုစုေပါင္း(၄)ႀကိမ္နဲ႔အႀကိမ္အမ်ားဆုံးရရွိခဲ့သူအျဖစ္ မွတ္တမ္းဝင္ေနၿပီး သူ႔ေနာက္မွာ လမ္းပတ္၊ စတီဗင္ဂ်ရတ္၊ ဟယ္ရီကိန္းတို႔က (၂)ႀကိမ္စီနဲ႔အသီးသီးရပ္တည္ေနပါတယ္။