
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူရိုပြိုင်ပွဲမစတင်ခင်မှာ ဖိုဒင်ဟာ သူ့ရဲ့ဆံပင်ပုံစံကို ယူရို ၉၆ တုန်းက ပေါလ်ဂက်စကွိုင်နီ ဖက်ရှင်ထုတ်ခဲ့တဲ့ ပုံစံအတိုင်း အပြောင်းအလဲလုပ်ခဲ့ပြီး လက်ရှိယူရိုပြိုင်ပွဲမှာ
အင်္ဂလန်အသင်း ချန်ပီယံဖြစ်ခဲ့ရင်တော့ လက်ရွေးစင်အသင်းမှာပါဝင်တဲ့ ကစားသမားအားလုံးကို ဂက်စကွိုင်နီ ဆံပင်ပုံစံနဲ့ မြင်တွေ့ရမယ်ဆိုပြီး ပြောခဲ့ဖူးပါတယ်။
အခုဆိုရင် အင်္ဂလန်အသင်းဟာ ချန်ပီယံဖြစ်ဖို့ လက်တကမ်းအကွာကိုရောက်ရှိလာခဲ့ပါပြီ။
အီတလီအသင်းကို ဗိုလ်လုပွဲမှာသာ အနိုင်ရယူသွားခဲ့မယ်ဆိုရင် အင်္ဂလန်ကစားသမားတွေဟာ ဖီးလ်ဖိုဒင် နဲ့ သဘောတူညီထားတဲ့အတိုင်း
ဆံပင်ပုံစံကို ညှပ်ပြီး အောင်ပွဲခံကြရမှာဖြစ်တာကြောင့် သူတို့တွေရဲ့ ပြောင်းလဲသွားမယ် ဆံပံပုံစံတွေကို ကြိုတင် တွေ့မြင်နိုင်အောင်လို့ဖော်ပြပေးလိုက်ပါတယ်။
ဘယ်အရာမှ ကြိုတင်မမြင်နိုင်တဲ့ ခေတ်မှာ အင်္ဂလန်ဗိုလ်ဆွဲသွားမယ်ဆိုတာ ဖြစ်နိုင်သလို၊ အီတလီအသင်းလည်း ချန်ပီယံဖြစ်သွားနိုင်ပါတယ်။
အင်္ဂလန်အသင်းသာ ဒီနှစ် ယူရို ၂၀၂၀မှာ ဗိုလ်ဆွဲသွားခဲ့မယ်ဆိုရင် တော့ ဒီဆံပင်ပုံစံဟာ ကမ္ဘာ့ ဖက်ရှင် trend တစ်ခု ဖြစ်သွားပါလိမ့်မယ်။
အင်္ဂလန်တစ်သင်းလုံးကတော့ နိုင်ငံတကာအဆင့်ပြိုင်ပွဲတွေမှာ ၅၅ နှစ်ကြာ ဆုဖလားကင်းမဲ့နေခဲ့တဲ့ အခြေအနေဆိုးကို အဆုံးသတ်ပစ်နိုင်ဖို့ ဆန္ဒ ပြင်းပြနေ ကြပါတယ်။
ဗိုလ်လုပွဲပြီးလို့ ပေါလ်ဂက်စကွိုင်ရဲ့ယူရို ၉၆ ဆံပင်စတိုင် ပြန်လည်ခေတ်စားလာမလားဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။
ပရိသတ်ကြီးကကော ဗိုလ်လုပွဲအပြီးမှာ ဘယ်အသင်းချန်ပီယံဖြစ်သွားမယ်ထင်ပါလဲ?
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အင်္ဂလန်အသင်း ယူရိုချန်ပီယံဖြစ်ခဲ့ရင် အင်္ဂလန်အသင်းတွေ ပြောင်းလဲသွားမယ့် ဆံပင်ပုံစံက ကမ္ဘာ့ ဖက်ရှင်မှာ trend တစ်ခုဖြစ်သွားနိုင်တယ်။