
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အာဆင်နယ်အသင်းရဲ့အင်္ဂလန်လူငယ်ကြယ်ပွင့်ကစားသမားဆာကာဟာ အန်ဒိုရာအသင်းကို(၅-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အင်္ဂလန်အသင်းအတွက်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့်
အခုဆိုရင် အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးရွန်နီတင်ရှိထားတဲ့ စံချိန်ကောင်းတစ်ခုကို အမီလိုက်နိုင်ခဲ့ပါပြီ။
ဆာကာဟာ အန်ဒိုရာနဲ့ပွဲမှာ အင်္ဂလန်အသင်းရဲ့ဒုတိယဦးဆောင်ဂိုးကို ဖိုဒန်ရဲ့ပေးပို့မှုကနေ သွင်းယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကလည်း အန်ဒိုရာကို(၄-၀)ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဂိုးသွင်းယူခဲ့တာကြောင့်
အင်္ဂလန်အသင်းအတွက် ပွဲဆက်ဂိုးသွင်းယူနိုင်တဲ့အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့တာပါ။
အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ်ရပ်တည်နေသူ ရွန်နီဟာ ၂၀၀၄ ခုနှစ်မှာ အသက်(၁၈)နှစ်၊ (၂၄၁)ရက်နဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့တာဖြစ်ပြီး (၁၇)နှစ်အကြာမှာတော့ ဆာကာက အသက်(၁၈)နှစ်၊ (၃၄)ရက်နဲ့ ရွန်နီရဲ့စံချိန်ကိုချိုးဖျက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒ့ါအပြင် ဆာကာဟာ အာဆင်နယ်အသင်းရဲ့အင်္ဂလန်ကစားသမားတွေထဲမှာ လက်ရွေးစင်အသင်းအတွက် ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တဲ့အသက်အငယ်ဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
အောက်တိုဘာ(၁)ရက်တုန်းက ဝေးလ်စ်အသင်းကို (၃-၀)ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ အင်္ဂလန်အသင်းအတွက်ပွဲဦးထွက်ခွင့်ရခဲ့သူ ဆာကာဟာ ပြီးခဲ့တဲ့ယူရို-၂၀၂ဝပြိုင်ပွဲမှာလည်း လက်ရွေးစင်အသင်းနဲ့အတူပါဝင်ခြေစွမ်းပြခဲ့ပေမယ့် ဗိုလ်လုပွဲမှာအရေးပါတဲ့ပယ်နယ်တီလွဲချော်ခဲ့လို့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာပါ။
ဒါပေမဲ့ အခုအချိန်မှာတော့ ဆာကာဟာ ယူရိုအဖြစ်ဆိုးကို အတိတ်မှာချန်ထားနိုင်ခဲ့ပြီး အင်္ဂလန်အသင်းအတွက်ဂိုးတွေဆက်တိုက်သွင်းယူနေသလို အခု ရွန်နီရဲ့စံချိန်ကိုပါ ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်နဲ့ပွဲမှာ ဆာကာအပြင် နောက်ခံလူဘန်ချီဝဲလ်နဲ့ တောင်ပံတိုက်စစ်ကစားသမားဂရီးလစ်ရှ်တို့ဟာလည်း မှတ်တမ်းကောင်းတွေရယူနိုင်ခဲ့ပြီး သူတို့ရဲ့အင်္ဂလန်ကစားသမားဘဝ ပထမဆုံးဂိုးတွေသွင်းယူခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ဇွန်လတုန်းက သြစတြီးယားနဲ့ကစားခဲ့တဲ့ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းကစားသမားဘဝပထမဆုံးဂိုးသွင်းယူခဲ့တဲ့ ဆာကာဟာ အခုဆိုရင် လက်ရွေးစင်အသင်းအတွက် (၁၂)ပွဲကစားပြီးချိန်မှာ (၃)ဂိုးသွင်းနိုင်ခဲ့ပါပြီ။
အင်္ဂလန်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မနက်ဖြန်ကျရင် ဟန်ဂေရီအသင်းနဲ့အိမ်ကွင်းပွဲစဉ်ဆက်လက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီပွဲမှာလည်း ဆာကာ ဂိုးသွင်းယူနိုင်ဦးမလားဆိုတာစောင့်ကြည့်ရမှာပါ …
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
အဂၤလန္အသင္းအတြက္ ႐ြန္နီတင္ရွိထားတဲ့စံခ်ိန္တစ္ခုကို အမီလိုက္ႏိုင္ခဲ့တဲ့ဆာကာ
အာဆင္နယ္အသင္းရဲ႕အဂၤလန္လူငယ္ၾကယ္ပြင့္ကစားသမားဆာကာဟာ အန္ဒိုရာအသင္းကို(၅-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲမွာ အဂၤလန္အသင္းအတြက္ဂိုးသြင္းယူႏိုင္ခဲ့တာေၾကာင့္ အခုဆိုရင္ အဂၤလန္ဂႏၴဝင္တိုက္စစ္မႉး႐ြန္နီတင္ရွိထားတဲ့ စံခ်ိန္ေကာင္းတစ္ခုကို အမီလိုက္ႏိုင္ခဲ့ပါၿပီ။ ဆာကာဟာ အန္ဒိုရာနဲ႔ပြဲမွာ အဂၤလန္အသင္းရဲ႕ဒုတိယဦးေဆာင္ဂိုးကို ဖိုဒန္ရဲ႕ေပးပို႔မႈကေန သြင္းယူခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့စက္တင္ဘာလတုန္းကလည္း အန္ဒိုရာကို(၄-၀)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာလည္း ဂိုးသြင္းယူခဲ့တာေၾကာင့္ အဂၤလန္အသင္းအတြက္ ပြဲဆက္ဂိုးသြင္းယူႏိုင္တဲ့အသက္အငယ္ဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့တာပါ။
အဂၤလန္အသင္းသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ရပ္တည္ေနသူ ႐ြန္နီဟာ ၂၀၀၄ ခုႏွစ္မွာ အသက္(၁၈)ႏွစ္၊ (၂၄၁)ရက္နဲ႔ အသက္အငယ္ဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့တာျဖစ္ၿပီး (၁၇)ႏွစ္အၾကာမွာေတာ့ ဆာကာက အသက္(၁၈)ႏွစ္၊ (၃၄)ရက္နဲ႔ ႐ြန္နီရဲ႕စံခ်ိန္ကိုခ်ိဳးဖ်က္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ဒ့ါအျပင္ ဆာကာဟာ အာဆင္နယ္အသင္းရဲ႕အဂၤလန္ကစားသမားေတြထဲမွာ လက္ေ႐ြးစင္အသင္းအတြက္ ပြဲဆက္ဂိုးသြင္းႏိုင္ခဲ့တဲ့အသက္အငယ္ဆုံးကစားသမားအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။
ေအာက္တိုဘာ(၁)ရက္တုန္းက ေဝးလ္စ္အသင္းကို (၃-၀)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာ အဂၤလန္အသင္းအတြက္ပြဲဦးထြက္ခြင့္ရခဲ့သူ ဆာကာဟာ ၿပီးခဲ့တဲ့ယူ႐ို-၂၀၂ဝၿပိဳင္ပြဲမွာလည္း လက္ေ႐ြးစင္အသင္းနဲ႔အတူပါဝင္ေျခစြမ္းျပခဲ့ေပမယ့္ ဗိုလ္လုပြဲမွာအေရးပါတဲ့ပယ္နယ္တီလြဲေခ်ာ္ခဲ့လို႔ ေဝဖန္မႈေတြနဲ႔ရင္ဆိုင္ခဲ့ရတာပါ။ ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ ဆာကာဟာ ယူ႐ိုအျဖစ္ဆိုးကို အတိတ္မွာခ်န္ထားႏိုင္ခဲ့ၿပီး အဂၤလန္အသင္းအတြက္ဂိုးေတြဆက္တိုက္သြင္းယူေနသလို အခု ႐ြန္နီရဲ႕စံခ်ိန္ကိုပါ ခ်ိဳးဖ်က္ႏိုင္ခဲ့တာျဖစ္ပါတယ္။
အဂၤလန္နဲ႔ပြဲမွာ ဆာကာအျပင္ ေနာက္ခံလူဘန္ခ်ီဝဲလ္နဲ႔ ေတာင္ပံတိုက္စစ္ကစားသမားဂရီးလစ္ရွ္တို႔ဟာလည္း မွတ္တမ္းေကာင္းေတြရယူႏိုင္ခဲ့ၿပီး သူတို႔ရဲ႕အဂၤလန္ကစားသမားဘဝ ပထမဆုံးဂိုးေတြသြင္းယူခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့ဇြန္လတုန္းက ၾသစႀတီးယားနဲ႔ကစားခဲ့တဲ့ေျခစမ္းပြဲမွာ အဂၤလန္အသင္းကစားသမားဘဝပထမဆုံးဂိုးသြင္းယူခဲ့တဲ့ ဆာကာဟာ အခုဆိုရင္ လက္ေ႐ြးစင္အသင္းအတြက္ (၁၂)ပြဲကစားၿပီးခ်ိန္မွာ (၃)ဂိုးသြင္းႏိုင္ခဲ့ပါၿပီ။ အဂၤလန္အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ မနက္ျဖန္က်ရင္ ဟန္ေဂရီအသင္းနဲ႔အိမ္ကြင္းပြဲစဥ္ဆက္လက္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး အဲဒီပြဲမွာလည္း ဆာကာ ဂိုးသြင္းယူႏိုင္ဦးမလားဆိုတာေစာင့္ၾကည့္ရမွာပါ …