အင်္ဂလန်အသင်းမှာ ချဲလ်ဆီးလူငယ်ကြယ်ပွင့်တွေ ပါဝင်လာချိန် အယ်လီ၊ ဝေါ်လ်ကာနဲ့ လင်ဂတ်တို့ ချန်လှပ်ခံရ

Photo Credit

Photo Credit

ချဲလ်ဆီးအသင်းမှာခြေစွမ်းပြနေကြတဲ့ တိုက်စစ်မှူး အေဘရာဟမ်နဲ့ နောက်ခံလူတိုမိုရီတို့ဟာ လာမယ့် ယူရို ၂၀၂၀ ခြေစစ်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းမှာ ရွေးချယ်ခေါ်ယူခြင်းခံရပါတယ်။ နည်းပြဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာအောက်တိုဘာ ၁၁ ရက်နေ့မှာ ချက်အသင်းနဲ့ရင်ဆိုင် ကစားရမှာဖြစ်ပြီး ၃ ရက်အကြာမှာတော့ ဘူလ်ဂေးရီးယားကို ဆက်လက်ခရီးဆက်ရမှာ ဖြစ်ပါတယ်။

Photo Credit

အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားသူရဲကောင်းတွေဖြစ်တဲ့ ဒယ်လီအယ်လီ၊ ကိုင်လီဝေါ်လ်ကာနဲ့ ဂျက်ဆီလင်ဂတ်တို့ကတော့ နောက်ဆုံး လူစာရင်းမှာ ချန်လှပ်ခံခဲ့ရပါတယ်။ တိုမိုရီနဲ့ အေဘရာဟမ်တို့ဟာ ဒီရာသီနည်းပြလမ်းပတ်ရဲ့ချဲလ်ဆီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိနေပြီး အေဘရာဟမ်ကတော့ ပြိုင်ပွဲစုံသွင်းဂိုး ၈ ဂိုးအထိ သွင်းယူပေးထားခဲ့ပြီးဖြစ်ပါတယ်။

Photo Credit ; Getty Images

တိုမိုရီဟာ ယခင် ယူ-၁၉၊ ယူ-၂၀၊ ယူ-၂၁ တို့မှာသာ ကစားခဲ့ရတာဖြစ်ပြီး ဒီတစ်ကြိမ်က စီနီယာအသင်းကစားသမားအဖြစ် တိုမိုရီကို အင်္ဂလန်အသင်းက ပထမဆုံးခေါ်ယူခြင်းပါ။ ဒါ့အပြင် အေဘရာဟမ်ကလည်း ၂၀၁၇ နိုဝင်ဘာလက ဂျာမနီနဲ့ဘရာဇီးအသင်းတို့ပွဲစဉ်တွေမှာ ပါဝင်ကစားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်အသင်းကခေါ်ယူခြင်း ဖြစ်ပါတယ်။

Photo Credit

အေဘရာဟမ်ကို ခေါ်ယူလိုက်တာကတော့ အလွယ်တကူပဲဆုံးဖြတ်လိုက်တာပါလို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။ ဆောက်ဂိတ်က “ဒါကတကယ်ကို အလွယ်တကူဆုံးဖြတ်လိုက်တာပါ။ သူက ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဦးဆောင်နေတာလေ၊ ကျွန်တော်တို့အသင်းလူစာရင်းကို လူငယ်တွေနဲ့ပဲဖွဲ့စည်းမှာပါ”

Photo Credit ; PA

”ကျွန်တော်တို့လုပ်နိုင်သလောက် ကစားကွက်ကိုအပြောင်းအလဲတွေ လုပ်ထားပါတယ်။ အေဘရာဟမ်အတွက်တော့ အရမ်းစောနေသေးတယ်လို့ ခံစားရမှာပါ၊ ဒါပေမဲ့ ချဲလ်ဆီးမှာ လမ်းပတ်က သူ့ကို အခွင့်အရေးပေးထားသလိုပဲ ကျွန်တော်တို့လည်း သူ့ကို ခေါ်ယူဖို့လိုအပ်ပါတယ်။ ဒါကအေဘရာဟမ်အတွက် ကြီးမားတဲ့အခွင့်အရေးပါ”

Photo Credit ; Getty Images

”လူငယ်အသင်းမှာ၊ ချန်ပီယံရှစ်မှာ သူအမြဲဂိုးတွေသွင်းသလို ဒီအခွင့်အရေးက ရာသီအစမှာပဲ လက်ထဲရောက်လာတဲ့ဆုလာဘ်ကြီးတစ်ခုပါ”လို့ ပြောသွားခဲ့ပါတယ်။

Photo Credit ; PA

အင်္ဂလန်အသင်းလူစာရင်း
ဂိုး – ဟီတန်၊ ပစ်ဖို့ဒ်၊ နစ်ပုပ်။
နောက် – အာနိုးလ်၊ ချီဝဲလ်၊ ဂိုမက်ဇ်၊ မိုက်ကယ်ကိန်း၊ မက်ဂွိုင်းယား၊ တိုင်ရုန်းမင်းစ်၊ ဒန်နီရို့စ်၊ တိုမိုရီ၊ ထရစ်ပီယာ။
လယ် – ဘာကလေ၊ ဖေဘီယန်ဒဲလ်၊ ဟန်ဒါဆန်၊ မက်ဒီဆင်၊ မေဆင်မောင့်၊ ဒီကလန်ရိုက်စ်၊ ဟယ်ရီဝင့်ခ်။
ရှေ့ – အေဘရာဟမ်၊ ဟယ်ရီကိန်း၊ ရက်ရှ်ဖို့ဒ်၊ ဆန်ချို၊ စတာလင်း၊ ဝီလ်ဆင်

Zawgyi

အဂၤလန္အသင္းမွာ ခ်ဲလ္ဆီးလူငယ္ၾကယ္ပြင့္ေတြ ပါ၀င္လာခ်ိန္ အယ္လီ၊ ေ၀ၚလ္ကာနဲ႔ လင္ဂတ္တို႔ ခ်န္လွပ္ခံရ

ခ်ဲလ္ဆီးအသင္းမွာေျခစြမ္းျပေနၾကတဲ့ တိုက္စစ္မွဴး ေအဘရာဟမ္နဲ႕ ေနာက္ခံလူတိုမိုရီတို႔ဟာ လာမယ့္ ယူ႐ို ၂၀၂၀ ေျခစစ္ပြဲ၀င္ အဂၤလန္အသင္းလူစာရင္းမွာ ေရြးခ်ယ္ေခၚယူျခင္းခံရပါတယ္။ နည္းျပေဆာက္ဂိတ္ရဲ႕ အဂၤလန္အသင္းဟာေအာက္တိုဘာ ၁၁ ရက္ေန႔မွာ ခ်က္အသင္းနဲ႔ရင္ဆိုင္ ကစားရမွာျဖစ္ၿပီး ၃ ရက္အၾကာမွာေတာ့ ဘူလ္ေဂးရီးယားကို ဆက္လက္ခရီးဆက္ရမွာ ျဖစ္ပါတယ္။
အဂၤလန္ရဲ႕ကမၻာ႔ဖလားသူရဲေကာင္းေတြျဖစ္တဲ့ ဒယ္လီအယ္လီ၊ ကိုင္လီေဝၚလ္ကာနဲ႔ ဂ်က္ဆီလင္ဂတ္တို႔ကေတာ့ ေနာက္ဆံုး လူစာရင္းမွာ ခ်န္လွပ္ခံခဲ့ရပါတယ္။ တိုမိုရီနဲ႔ ေအဘရာဟမ္တို႔ဟာ ဒီရာသီနည္းျပလမ္းပတ္ရဲ႕ခ်ဲလ္ဆီးအသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ရရွိေနၿပီး ေအဘရာဟမ္ကေတာ့ ၿပိဳင္ပြဲစံုသြင္းဂိုး ၈ ဂိုးအထိ သြင္းယူေပးထားခဲ့ၿပီးျဖစ္ပါတယ္။
တိုမိုရီဟာ ယခင္ ယူ-၁၉၊ ယူ-၂၀၊ ယူ-၂၁ တို႔မွာသာ ကစားခဲ့ရတာျဖစ္ၿပီး ဒီတစ္ၾကိမ္က စီနီယာအသင္းကစားသမားအျဖစ္ တိုမိုရီကို အဂၤလန္အသင္းက ပထမဆံုးေခၚယူျခင္းပါ။ ဒါ့အျပင္ ေအဘရာဟမ္ကလည္း ၂၀၁၇ ႏိုဝင္ဘာလက ဂ်ာမနီနဲ႔ဘရာဇီးအသင္းတို႔ပြဲစဥ္ေတြမွာ ပါဝင္ကစားခဲ့ၿပီးေနာက္ပိုင္း ပထမဆံုးအႀကိမ္အျဖစ္ အဂၤလန္အသင္းကေခၚယူျခင္း ျဖစ္ပါတယ္။
ေအဘရာဟမ္ကို ေခၚယူလိုက္တာကေတာ့ အလြယ္တကူပဲဆံုးျဖတ္လိုက္တာပါလို႔ နည္းျပေဆာက္ဂိတ္က ေျပာပါတယ္။ ေဆာက္ဂိတ္က “ဒါကတကယ္ကို အလြယ္တကူဆံုးျဖတ္လိုက္တာပါ။ သူက ပရီးမီးယားလိဂ္မွာ ဂိုးသြင္းအမ်ားဆံုးကစားသမားအျဖစ္ ဦးေဆာင္ေနတာေလ၊ ကၽြန္ေတာ္တို႔အသင္းလူစာရင္းကို လူငယ္ေတြနဲ႔ပဲဖြဲ႕စည္းမွာပါ”
”ကၽြန္ေတာ္တို႔လုပ္ႏိုင္သေလာက္ ကစားကြက္ကိုအေျပာင္းအလဲေတြ လုပ္ထားပါတယ္။ ေအဘရာဟမ္အတြက္ေတာ့ အရမ္းေစာေနေသးတယ္လို႔ ခံစားရမွာပါ၊ ဒါေပမဲ့ ခ်ဲလ္ဆီးမွာ လမ္းပတ္က သူ႕ကို အခြင့္အေရးေပးထားသလိုပဲ ကၽြန္ေတာ္တို႔လည္း သူ႕ကို ေခၚယူဖို႔လိုအပ္ပါတယ္။ ဒါကေအဘရာဟမ္အတြက္ ႀကီးမားတဲ့အခြင့္အေရးပါ”
”လူငယ္အသင္းမွာ၊ ခ်န္ပီယံရွစ္မွာ သူအၿမဲဂိုးေတြသြင္းသလို ဒီအခြင့္အေရးက ရာသီအစမွာပဲ လက္ထဲေရာက္လာတဲ့ဆုလာဘ္ႀကီးတစ္ခုပါ”လို႔ ေျပာသြားခဲ့ပါတယ္။
အဂၤလန္အသင္းလူစာရင္း
ဂိုး – ဟီတန္၊ ပစ္ဖို႔ဒ္၊ နစ္ပုပ္။
ေနာက္ – အာႏိုးလ္၊ ခ်ီ၀ဲလ္၊ ဂုိမက္ဇ္၊ မုိက္ကယ္ကိန္း၊ မက္ဂြိဳင္းယား၊ တုိင္႐ုန္းမင္းစ္၊ ဒန္နီ႐ုိ႕စ္၊ တိုမိုရီ၊ ထရစ္ပီယာ။
လယ္ – ဘာကေလ၊ ေဖဘီယန္ဒဲလ္၊ ဟန္ဒါဆန္၊ မက္ဒီဆင္၊ ေမဆင္ေမာင့္၊ ဒီကလန္႐ိုက္စ္၊ ဟယ္ရီ၀င့္ခ္။
ေရွ႕ – ေအဘရာဟမ္၊ ဟယ္ရီကိန္း၊ ရက္ရွ္ဖို႔ဒ္၊ ဆန္ခ်ိဳ၊ စတာလင္း၊ ၀ီလ္ဆင္