အင်္ဂလန်အသင်းပွဲကို,ကိုင်တွယ်ခွင့်ရမယ့် ပထမဆုံးအမျိုးသမီးဒိုင်လူကြီးအဖြစ် ကက်တရီနာမန်ဇူမှတ်တမ်းဝင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အခုလာမယ့်စနေနေ့မှာ အန်ဒိုရာအသင်းနဲ့အဝေးကွင်းပွဲအဖြစ်ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး အဲဒီပွဲကို အမျိုးသမီးဒိုင်လူကြီးကက်တရီနာမန်ဇူက ကွင်းလယ်ဒိုင်အဖြစ်ဆောင်ရွက်သွားမှာဖြစ်တာကြောင့်

အင်္ဂလန်အမျိုးသားအသင်းပွဲမှာ ကိုင်တွယ်ခွင့်ရမယ့် ပထမဆုံးအမျိုးသမီးဒိုင်လူကြီးအဖြစ်မှတ်တမ်းဝင်မှာဖြစ်ပါတယ်။

အသက်(၄၀)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယူကရိန်းလူမျိုးကက်တရီနာမန်ဇူဟာ ၂၀၀၅၊ စက်တင်ဘာလတုန်းက သူမအတွက်ပထမဆုံးနိုင်ငံတကာပွဲကို စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ယူကရိန်းအဆင့်မြင့်တန်းပွဲစဉ်တွေကို,ကိုင်တွယ်ခွင့်ရခဲ့တဲ့ ပထမဆုံးအမျိုးသမီးဒိုင်လူကြီးအဖြစ် သတ်မှတ်ခံခဲ့ရသူပါ။

၂၀၂၀၊ နိုဝင်ဘာလတုန်းကလည်း UEFA Nations League ပွဲဖြစ်တဲ့ ဆန်မာရီနို-ဂျီဘရော်လ်တာပွဲမှာလည်း ကွင်းလယ်ဒိုင်အဖြစ်ဆောင်ရွက်ခဲ့ဖူးပါတယ်။

လာမယ့် အန်ဒိုရာ-အင်္ဂလန်ပွဲမှာ ကက်တရီနာမန်ဇူအပါအဝင် ဒိုင်အဖွဲ့ဝင်တွေအဖြစ် ယူကရိန်းလူမျိုးတွေဖြစ်တဲ့ Maryna Striletska နဲ့ Svitlana Grushko တို့က ဆောင်ရွက်သွားမှာဖြစ်ပြီး VAR ဒိုင်လူကြီးကတော့ ပြင်သစ်နိုင်ငံက Stephanie Frappart က တာဝန်ယူမှာလည်းဖြစ်ပါတယ်။

အန်ဒိုရာ-အင်္ဂလန်ပွဲအတွက် ဒိုင်လူကြီးအဖြစ်သတ်မှတ်ခံထားရသူ အားလုံးကအမျိုးသမီးတွေဖြစ်တာကြောင့် ဆန်မာရီနို-ဂျီဘရော်လ်တာပွဲနောက်ပိုင်း အမျိုးသားအသင်းရဲ့အဓိကနိုင်ငံတကာပွဲစဉ်တစ်ခုမှာ ဒုတိယအကြိမ်မြောက်အဖြစ် အမျိုးသမီးဒိုင်လူကြီးတွေတာဝန်ယူမယ့်ပွဲအဖြစ်မှတ်တမ်းဝင်မှာဖြစ်ပါတယ်။

အင်္ဂလိပ်ဘာသာစကားကို ရေရေလည်လည်ပြောတတ်သူ ကက်တရီနာမန်ဇူဟာ ၂၀၁၉-၂၀ ရာသီမှာ ယူကရိန်းလိဂ်ပြိုင်ပွဲရဲ့အထူးချွန်ဆုံးဒိုင်လူကြီးအဖြစ် သတ်မှတ်ခံခဲ့ရပြီး ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၅၊ ၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာလည်း ဒိုင်လူကြီးအဖြစ်ဆောင်ရွက်ခဲ့ဖူးပါတယ်။

အင်္ဂလန်အမျိုးသားလက်ရွေးစင်အသင်းကစားခဲ့တဲ့ပွဲတွေမှာ အမျိုးသမီးကွင်းလယ်ဒိုင်တစ်ဦးကိုင်တွယ်တာ တစ်ခါမှမရှိခဲ့ဖူးဘဲ အခု ကက်တရီနာမန်ဇူက ပထမဆုံးအကြိမ်ကိုင်တွယ်ခွင့်ရမှာဖြစ်ပါတယ်။

အင်္ဂလန်ပရီးမီးယားလိဂ်မှာတောင် အမျိုးသမီးကွင်းလယ်ဒိုင်တွေကို တာဝန်ပေးတာမျိုးမရှိသေးဘဲ အရင်က မက်ဆေအဲလစ်တစ်ယောက်သာ စည်းကြပ်ဒိုင်အဖြစ်ဆောင်ရွက်ခဲ့ဖူးတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အဂၤလန္အသင္းပြဲကို,ကိုင္တြယ္ခြင့္ရမယ့္ ပထမဆုံးအမ်ိဳးသမီးဒိုင္လူႀကီးအျဖစ္ ကက္တရီနာမန္ဇူမွတ္တမ္းဝင္

အဂၤလန္အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ အခုလာမယ့္စေနေန႔မွာ အန္ဒိုရာအသင္းနဲ႔အေဝးကြင္းပြဲအျဖစ္ယွဥ္ၿပိဳင္ကစားမွာျဖစ္ၿပီး အဲဒီပြဲကို အမ်ိဳးသမီးဒိုင္လူႀကီးကက္တရီနာမန္ဇူက ကြင္းလယ္ဒိုင္အျဖစ္ေဆာင္႐ြက္သြားမွာျဖစ္တာေၾကာင့္ အဂၤလန္အမ်ိဳးသားအသင္းပြဲမွာ ကိုင္တြယ္ခြင့္ရမယ့္ ပထမဆုံးအမ်ိဳးသမီးဒိုင္လူႀကီးအျဖစ္မွတ္တမ္းဝင္မွာျဖစ္ပါတယ္။

အသက္(၄၀)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ယူကရိန္းလူမ်ိဳးကက္တရီနာမန္ဇူဟာ ၂၀၀၅၊ စက္တင္ဘာလတုန္းက သူမအတြက္ပထမဆုံးႏိုင္ငံတကာပြဲကို စတင္ကိုင္တြယ္ခဲ့ၿပီး ၂၀၁၆ ခုႏွစ္မွာ ယူကရိန္းအဆင့္ျမင့္တန္းပြဲစဥ္ေတြကို,ကိုင္တြယ္ခြင့္ရခဲ့တဲ့ ပထမဆုံးအမ်ိဳးသမီးဒိုင္လူႀကီးအျဖစ္ သတ္မွတ္ခံခဲ့ရသူပါ။ ၂၀၂၀၊ ႏိုဝင္ဘာလတုန္းကလည္း UEFA Nations League ပြဲျဖစ္တဲ့ ဆန္မာရီႏို-ဂ်ီဘေရာ္လ္တာပြဲမွာလည္း ကြင္းလယ္ဒိုင္အျဖစ္ေဆာင္႐ြက္ခဲ့ဖူးပါတယ္။ လာမယ့္ အန္ဒိုရာ-အဂၤလန္ပြဲမွာ ကက္တရီနာမန္ဇူအပါအဝင္ ဒိုင္အဖြဲ႕ဝင္ေတြအျဖစ္ ယူကရိန္းလူမ်ိဳးေတြျဖစ္တဲ့ Maryna Striletska နဲ႔ Svitlana Grushko တို႔က ေဆာင္႐ြက္သြားမွာျဖစ္ၿပီး VAR ဒိုင္လူႀကီးကေတာ့ ျပင္သစ္ႏိုင္ငံက Stephanie Frappart က တာဝန္ယူမွာလည္းျဖစ္ပါတယ္။

အန္ဒိုရာ-အဂၤလန္ပြဲအတြက္ ဒိုင္လူႀကီးအျဖစ္သတ္မွတ္ခံထားရသူ အားလုံးကအမ်ိဳးသမီးေတြျဖစ္တာေၾကာင့္ ဆန္မာရီႏို-ဂ်ီဘေရာ္လ္တာပြဲေနာက္ပိုင္း အမ်ိဳးသားအသင္းရဲ႕အဓိကႏိုင္ငံတကာပြဲစဥ္တစ္ခုမွာ ဒုတိယအႀကိမ္ေျမာက္အျဖစ္ အမ်ိဳးသမီးဒိုင္လူႀကီးေတြတာဝန္ယူမယ့္ပြဲအျဖစ္မွတ္တမ္းဝင္မွာျဖစ္ပါတယ္။ အဂၤလိပ္ဘာသာစကားကို ေရေရလည္လည္ေျပာတတ္သူ ကက္တရီနာမန္ဇူဟာ ၂၀၁၉-၂၀ ရာသီမွာ ယူကရိန္းလိဂ္ၿပိဳင္ပြဲရဲ႕အထူးခြၽန္ဆုံးဒိုင္လူႀကီးအျဖစ္ သတ္မွတ္ခံခဲ့ရၿပီး ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၅၊ ၂၀၁၉ အမ်ိဳးသမီးကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာလည္း ဒိုင္လူႀကီးအျဖစ္ေဆာင္႐ြက္ခဲ့ဖူးပါတယ္။

အဂၤလန္အမ်ိဳးသားလက္ေ႐ြးစင္အသင္းကစားခဲ့တဲ့ပြဲေတြမွာ အမ်ိဳးသမီးကြင္းလယ္ဒိုင္တစ္ဦးကိုင္တြယ္တာ တစ္ခါမွမရွိခဲ့ဖူးဘဲ အခု ကက္တရီနာမန္ဇူက ပထမဆုံးအႀကိမ္ကိုင္တြယ္ခြင့္ရမွာျဖစ္ပါတယ္။ အဂၤလန္ပရီးမီးယားလိဂ္မွာေတာင္ အမ်ိဳးသမီးကြင္းလယ္ဒိုင္ေတြကို တာဝန္ေပးတာမ်ိဳးမရွိေသးဘဲ အရင္က မက္ေဆအဲလစ္တစ္ေယာက္သာ စည္းၾကပ္ဒိုင္အျဖစ္ေဆာင္႐ြက္ခဲ့ဖူးတာျဖစ္ပါတယ္။