အင်္ဂလန်အတွက်အသင်းခေါင်းဆောင်တာဝန်အပြင် ဂိုး ၁၀၀ ပြည့်သွင်းခဲ့သူရက်ရှ်ဖို့ဒ်ရဲ့ စကားသံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်လက်ရွေးစင်အသင်းနှင့် ရိုမေးနီးယားအသင်းတို့ရဲ့ ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းက တစ်ဂိုး-သုည ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲဒီသွင်းဂိုးကို တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပင်နယ်တီနဲ့ ရယူပေးခဲ့ပါတယ်။

ယူနိုက်တက်ကစားသမား ရက်ရှ်ဖို့ဒ်ဟာ မနေ့ပွဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် ကစားခဲ့ပါတယ်။

မနေ့က ယူနိုက်တက် ကစားသမား နှစ်ဦးအထိ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ လုခ်ရှောပဲဖြစ်ပါတယ်။

အင်္ဂလန်အသင်းသား ယူနိုက်တက်ကစားသမား လင်ဂတ်ကတော့ လူစားလဲပါဝင်ခဲ့ပါတယ်။

မနေ့က သွင်းဂိုးကြောင့် ရက်ရှ်ဖို့ဒ်ဟာ အသက် ၂၃ နှစ်အရွယ်မှာပဲ သွင်းဂိုး (၁၀၀) ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ပုံမှန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းက အရန်ခုံမှာ ရှိနေစဉ် ယူနိုက်တက် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က အသင်းခေါင်းဆောင်အဖြစ် ကစားရတာဟာ ဂုဏ်ယူစရာဖြစ်တယ်လို့ ပြောပါတယ်။

ရက်ရှ်ဖို့ဒ်က “ကွင်းထဲမှာ ခေါင်းဆောင်တစ်ဦး ဖြစ်နိုင်ဖို့ လက်ပတ်မလိုဘူးလို့ စိတ်ထဲ အမြဲမှတ်ထားပေမယ့် ခေါင်းဆောင် ဖြစ်ချိန်ခံစားချက်က ရှင်းပြလို့မရပါဘူး။

အဲဒီအတွက် အင်္ဂလန်ကို ကျေးဇူးတင်ပြီး ဒါကတကယ့်ကို ဂုဏ်ယူစရာပါ”လို့ မှတ်ချက်ပြုထားပါတယ်။

၂၀၁၆ခုနှစ်က ပွဲထွက်ခွင့်ရခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်အတွက် ၄၁ပွဲ ကစားကာ ၁၂ဂိုး သွင်းထားခဲ့ပါတယ်။

၇၅မိနစ်မှာ လူစားလဲခံခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်ဟာ လာမယ့် တနင်္ဂနွေနေ့ ခရိုအေးရှားနဲ့ပွဲမှာလည်း ပွဲထွက်လူစာရင်းမှာ ပါဝင်လာနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အဂၤလန္အတြက္အသင္းေခါင္းေဆာင္တာဝန္အျပင္ ဂိုး ၁၀၀ ျပည့္သြင္းခဲ့သူရက္ရွ္ဖို႔ဒ္ရဲ႕ စကားသံ

အဂၤလန္လက္ေ႐ြးစင္အသင္းႏွင့္ ႐ိုေမးနီးယားအသင္းတို႔ရဲ႕ ေျခစမ္းပြဲမွာ အဂၤလန္အသင္းက တစ္ဂိုး-သုည ဆိုတဲ့ရလဒ္နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ အဲဒီသြင္းဂိုးကို တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္က ပင္နယ္တီနဲ႔ ရယူေပးခဲ့ပါတယ္။

ယူႏိုက္တက္ကစားသမား ရက္ရွ္ဖို႔ဒ္ဟာ မေန႔ပြဲမွာ အဂၤလန္လက္ေ႐ြးစင္အသင္းရဲ႕ အသင္းေခါင္းေဆာင္ အျဖစ္ ကစားခဲ့ပါတယ္။ မေန႔က ယူႏိုက္တက္ ကစားသမား ႏွစ္ဦးအထိ ပြဲထြက္လူစာရင္းမွာ ပါဝင္ခဲ့ပါတယ္။ ေနာက္တစ္ေယာက္ကေတာ့ လုခ္ေရွာပဲျဖစ္ပါတယ္။ အဂၤလန္အသင္းသား ယူႏိုက္တက္ကစားသမား လင္ဂတ္ကေတာ့ လူစားလဲပါဝင္ခဲ့ပါတယ္။

မ​ေန႔က သြင္းဂိုးေၾကာင့္ ရက္ရွ္ဖို႔ဒ္ဟာ အသက္ ၂၃ ႏွစ္အ႐ြယ္မွာပဲ သြင္းဂိုး (၁၀၀) ျပည့္ေျမာက္သြားခဲ့ၿပီ ျဖစ္ပါတယ္။ ပုံမွန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းက အရန္ခုံမွာ ရွိေနစဥ္ ယူႏိုက္တက္ တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္က အသင္းေခါင္းေဆာင္အျဖစ္ ကစားရတာဟာ ဂုဏ္ယူစရာျဖစ္တယ္လို႔ ေျပာပါတယ္။

ရက္ရွ္ဖို႔ဒ္က “ကြင္းထဲမွာ ေခါင္းေဆာင္တစ္ဦး ျဖစ္ႏိုင္ဖို႔ လက္ပတ္မလိုဘူးလို႔ စိတ္ထဲ အၿမဲမွတ္ထားေပမယ့္ ​ေခါင္း​ေဆာင္ ျဖစ္ခ်ိန္ခံစားခ်က္က ရွင္းျပလို႔မရပါဘူး။အဲဒီအတြက္ အဂၤလန္ကို ေက်းဇူးတင္ၿပီး ဒါကတကယ့္ကို ဂုဏ္ယူစရာပါ”လို႔ မွတ္ခ်က္ျပဳထားပါတယ္။

၂၀၁၆ခုႏွစ္က ပြဲထြက္ခြင့္ရခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ဟာ အဂၤလန္အတြက္ ၄၁ပြဲ ကစားကာ ၁၂ဂိုး သြင္းထားခဲ့ပါတယ္။ ၇၅မိနစ္မွာ လူစားလဲခံခဲ့ရတဲ့ ရက္ရွ္ဖို႔ဒ္ဟာ လာမယ့္ တနဂၤေႏြ​ေန႔ ခ႐ိုေအးရွားနဲ႔ပြဲမွာလည္း ပြဲထြက္လူစာရင္းမွာ ပါဝင္လာႏိုင္ပါတယ္။