အင်္ဂလန်လူစာရင်းက ထုတ်ပယ်ခံရပြီးနောက် သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်ကို ဖျက်လိုက်တဲ့ ဂရင်းဝုဒ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

အင်္ဂလန်လက်ရွေးစင်အသင်းကနေ ထုတ်ပယ်ခံရပြီးနောက်မှာတော့ မန်ယူတိုက်စစ်မှုးဂရင်းဝုဒ်ဟာ သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်ဖြစ်တဲ့ Twitter အကောင့်ကို ဖျက်လိုက်ကြောင်း သိရပါတယ်။ အဲဒီမန်ယူကြယ်ပွင့်နဲ့ မန်စီးတီးကွင်းလယ်လူဖိုဒန်တို့ဟာ လက်ရွေးစင်အသင်းနဲ့အတူ အိုက်စလန်မှာရှိနေစဉ်အတွင်း ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်မှုပြုလုပ်ခဲ့တာပါ။

ဂရင်းဝုဒ်နဲ့ဖိုဒန်တို့ဟာ အိုက်စလန်မိန်ကလေးနှစ်ယောက်ကို အသင်းဟိုတယ်ဆီ ခိုးသွင်းခဲ့ကြတာဖြစ်လို့ အိုက်စလန်ဥပဒေနဲ့ အက်ဖ်အေရဲ့social distaning စည်းကမ်းတွေကို ချိုးဖောက်ရာရောက်ခဲ့ပါတယ်။ ဒါကြောင့် နှစ်ယောက်စလုံးဟာ လက်ရွေးစင်အသင်းကနေ အိမ်ကိုပြန်ပို့ခံခဲ့ရပြီး ဒိန်းမတ်နဲ့ပွဲကို လွဲချော်ကြမှာပါ။

အခုနောက်ဆုံးသတင်းတွေအရ အက်ဖ်အေရဲ့စုံစမ်းစစ်ဆေးမှုကို ခံယူနေရတဲ့ ဂရင်းဝုဒ်နဲ့ဖိုဒန်တို့ဟာ အင်္ဂလန်ရဲ့လာမယ့် ၄ ပွဲကို လွဲချော်တော့မယ်လို့ သိရပါတယ်။ ဒါ့အပြင် အိုက်စလန်ရဲတပ်ဖွဲ့လည်း သူတို့နှစ်ယောက်ကို အိုက်စလန်ငွေ ၂၅၀၀၀၀ နဲ့ ညီမျှတဲ့ ပေါင် ၁၃၀၀ ဒဏ်တပ်ရိုက်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဖိုဒန်က ဆိုရှယ်မီဒီယာပေါ်မှာ တောင်းပန်မှုလုပ်ခဲ့ပေမယ့် ဂရင်းဝုဒ်ကတော့ သူ့ရဲ့ဆိုရှယ်မီဒီယာကိုဖျက်အပြီးမှာ ဆိတ်ဆိတ်နေနေဆဲပါပဲ။

လာမယ့်ရာသီမန်ယူမှာ နံပါတ် ၁၁ ပြောင်းလဲဝတ်ဆင်ကစားမယ့်ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့အပတ်အိုက်စလန်နဲ့ပွဲကမှ အင်္ဂလန်အတွက် စတင်ပွဲဦးထွက်ခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

အဂၤလန္လူစာရင္းက ထုတ္ပယ္ခံရၿပီးေနာက္ သူ႔ရဲ႕ဆုိရွယ္မီဒီယာအေကာင့္ကို ဖ်က္လိုက္တဲ့ ဂရင္း၀ုဒ္

အဂၤလန္လက္ေရြးစင္အသင္းကေန ထုတ္ပယ္ခံရၿပီးေနာက္မွာေတာ့ မန္ယူတုိက္စစ္မႈးဂရင္း၀ုဒ္ဟာ သူ႔ရဲ႕ဆုိရွယ္မီဒီယာအေကာင့္ျဖစ္တဲ့ Twitter အေကာင့္ကို ဖ်က္လိုက္ေၾကာင္း သိရပါတယ္။ အဲဒီမန္ယူၾကယ္ပြင့္နဲ႔ မန္စီးတီးကြင္းလယ္လူဖိုဒန္တို႔ဟာ လက္ေရြးစင္အသင္းနဲ႔အတူ အိုက္စလန္မွာရွိေနစဥ္အတြင္း ကိုဗစ္စည္းမ်ဥ္းစည္းကမ္းေတြကို ခ်ိဳးေဖာက္မႈျပဳလုပ္ခဲ့တာပါ။

ဂရင္း၀ုဒ္နဲ႔ဖိုဒန္တို႔ဟာ အိုက္စလန္မိန္ကေလးႏွစ္ေယာက္ကို အသင္းဟုိတယ္ဆီ ခိုးသြင္းခဲ့ၾကတာျဖစ္လုိ႔ အုိက္စလန္ဥပေဒနဲ႔ အက္ဖ္ေအရဲ႕social distaning စည္းကမ္းေတြကို ခ်ိဳးေဖာက္ရာေရာက္ခဲ့ပါတယ္။ ဒါေၾကာင့္ ႏွစ္ေယာက္စလုံးဟာ လက္ေရြးစင္အသင္းကေန အိမ္ကိုျပန္ပို႔ခံခဲ့ရၿပီး ဒိန္းမတ္နဲ႔ပြဲကို လြဲေခ်ာ္ၾကမွာပါ။

အခုေနာက္ဆုံးသတင္းေတြအရ အက္ဖ္ေအရဲ႕စုံစမ္းစစ္ေဆးမႈကို ခံယူေနရတဲ့ ဂရင္း၀ုဒ္နဲ႔ဖိုဒန္တို႔ဟာ အဂၤလန္ရဲ႕လာမယ့္ ၄ ပြဲကို လြဲေခ်ာ္ေတာ့မယ္လို႔ သိရပါတယ္။ ဒါ့အျပင္ အုိက္စလန္ရဲတပ္ဖြဲ႕လည္း သူတို႔ႏွစ္ေယာက္ကို အိုက္စလန္ေငြ ၂၅၀၀၀၀ နဲ႔ ညီမွ်တဲ့ ေပါင္ ၁၃၀၀ ဒဏ္တပ္ရိုက္ခဲ့ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္လုိ႔ ဖိုဒန္က ဆိုရွယ္မီဒီယာေပၚမွာ ေတာင္းပန္မႈလုပ္ခဲ့ေပမယ့္ ဂရင္း၀ုဒ္ကေတာ့ သူ႔ရဲ႕ဆုိရွယ္မီဒီယာကိုဖ်က္အၿပီးမွာ ဆိတ္ဆိတ္ေနေနဆဲပါပဲ။ လာမယ့္ရာသီမန္ယူမွာ နံပါတ္ ၁၁ ေျပာင္းလဲ၀တ္ဆင္ကစားမယ့္ဂရင္း၀ုဒ္ဟာ ၿပီးခဲ့တဲ့အပတ္အုိက္စလန္နဲ႔ပြဲကမွ အဂၤလန္အတြက္ စတင္ပြဲဦးထြက္ခဲ့တာပါ။