အင်္ဂလန်လူငယ်ကြယ်ပွင့်ဘယ်လင်ဂမ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ လီဗာပူးလ်ပစ်မှတ်ထား
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လီဗာပူးလ်အသင်းဟာ ဒေ့ါမွန်အသင်းရဲ့အင်္ဂလန်လူငယ်ကြယ်ပွင့်ကွင်းလယ်လူဘယ်လင်ဂမ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း(၈၀)အထိ ပေးပြီးတော့ ကြိုးပမ်းသွားမယ်လို့ သတင်းထွက်နေပါတယ်။
အသက်(၁၈)နှစ်အရွယ်သာရှိသေးတဲ့ ဘယ်လင်ဂမ်ဟာ ဘာမင်ဂမ်အသင်းနဲ့လမ်းခွဲပြီး ဒေ့ါမွန်အသင်းကို ရောက်ရှိခဲ့ချိန်ကစလို့ အကောင်းဆုံးခြေစွမ်းပြကစားနေသလို လာမယ့်နှစ်၊နွေရာသီမှာ အင်္ဂလန်ကို ပြန်လည်ပြောင်းရွှေ့ဖို့ရှိနေပါပြီ။
Daily Star သတင်းစာက လီဗာပူးလ်အသင်းနည်းပြယာဂန်ကလော့ပ်ဟာ လာမယ့်နှစ်ကျရင် ကစားသမားသစ်ခေါ်ယူနိုင်ဖို့ဆန္ဒပြင်းပြနေပြီး ဘယ်လင်ဂမ်ကို မျက်စိကျနေတာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဘယ်လင်ဂမ်ကို ပရီးမီးယားလိဂ်ထိပ်သီးမန်ချက်စတာယူနိုက်တက်အသင်းကလည်း ပစ်မှတ်ထားနေတာကြောင့် လီဗာပူးလ်အသင်းအနေနဲ့ အပြိုင်ကြိုးပမ်းရမယ့်အနေအထားပါပဲ။
ယာဂန်ကလော့ပ်က ဘယ်လင်ဂမ်ရဲ့ကစားပုံအရ အသင်းကစားဟန်နဲ့ကိုက်ညီနိုင်မယ်လို့ ယူဆနေပေမယ့် ကစားသမားရဲ့မြင့်မားတဲ့ပြောင်းရွှေ့ကြေးကြောင့် ခေါ်ယူဖို့ အခက်အခဲဖြစ်နေတာပါ။
ဘာမင်ဂမ်အသင်းဆီကနေ ဘယ်လင်ဂမ်ကိုခေါ်ခဲ့တုန်းက ဒေ့ါမွန်အသင်း ပြောင်းရွှေ့ကြေးပေါင်(၂၅)သန်းသာပေးခဲ့ရပေမယ့် ကလပ်အသင်းမှာခြေစွမ်းပြခဲ့သလို အင်္ဂလန်အသင်းနဲ့လည်း ယူရို-၂၀၂ဝပြိုင်ပွဲဆင်နွှဲခဲ့ရတဲ့အချက်တွေကြောင့် သူ့ရဲ့စျေးကွက်တန်ဖိုးက နှစ်ပိုင်းအတွင်းမှာပဲ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ နောက်ခံလူဗန်ဒိုက်ကိုခေါ်ယူခဲ့တုန်းက အသုံးပြုခဲ့ရတဲ့ပေါင်(၇၅)သန်းပမာဏာထက် ပိုသုံးရမယ့်အနေအထားရှိနေပြီး ဒေ့ါမွန်အသင်းကလည်း သူတို့အသင်းမှာ အသားကျနေပြီဖြစ်တဲ့ ဘယ်လင်ဂမ်ကို အလွယ်တကူရောင်းချမှာတော့မဟုတ်ပါဘူး။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့စျေးကွက်တုန်းက ၀ါရင့်ကွင်းလယ်လူ ဝိုင်နယ်လ်ဒန်း PSG အသင်းဆီအလွတ်နဲ့ပြောင်းရွှေ့သွားတဲ့နောက် လီဗာပူးလ်အသင်းဟာ ကွင်းလယ်ကစားသမားတစ်ဦးခေါ်ယူအားဖြည့်ဖို့ လိုအပ်နေပြီး
နွေရာသီတုန်းက နောက်ခံလူကိုနာတီကလွဲလို့ ကွင်းလယ်ပိုင်းအတွက် ကစားသမားသစ်မခေါ်ခဲ့ပါဘူး။
လီဗာပူးလ်အသင်းခေါင်းဆောင်ဖြစ်သူ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူဟန်ဒါဆင်ကလည်း ဘယ်လင်ဂမ်ရဲ့ခြေစွမ်းကို ချီးကျူးစကားဆိုခဲ့ပြီး သူက “ဘယ်လင်ဂမ်ဟာ ထိပ်တန်းအဆင့်ကစားသမားတစ်ဦးပါ။
အသက်ငယ်ငယ်လေးရှိသေးပေမယ့် ကွင်းတွင်း၊ ကွင်းပြင်မှာ သူဟာ တည်ငြိမ်ရင့်ကျက်မှုအပြည့်ရှိပါသလို အချိန်တိုင်းမှာ သူ့ရဲ့စွမ်းဆောင်ရည်က ပိုကောင်းလာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
လီဗာပူးလ်အသင်းဟာ ဒေါ့မွန်အသင်းရဲ့အင်္ဂလန်လူငယ်ကြယ်ပွင့်ကွင်းလယ်လူဘယ်လင်ဂမ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း(၈၀)အထိ ပေးပြီးတော့ ကြိုးပမ်းသွားမယ်လို့ သတင်းထွက်နေပါတယ်။ အသက်(၁၈)နှစ်အရွယ်သာရှိသေးတဲ့ ဘယ်လင်ဂမ်ဟာ ဘာမင်ဂမ်အသင်းနဲ့လမ်းခွဲပြီး ဒေါ့မွန်အသင်းကို ရောက်ရှိခဲ့ချိန်ကစလို့ အကောင်းဆုံးခြေစွမ်းပြကစားနေသလို လာမယ့်နှစ်၊နွေရာသီမှာ အင်္ဂလန်ကို ပြန်လည်ပြောင်းရွှေ့ဖို့ရှိနေပါပြီ။
ဘာမင်ဂမ်အသင်းဆီကနေ ဘယ်လင်ဂမ်ကိုခေါ်ခဲ့တုန်းက ဒေါ့မွန်အသင်း ပြောင်းရွှေ့ကြေးပေါင်(၂၅)သန်းသာပေးခဲ့ရပေမယ့် ကလပ်အသင်းမှာခြေစွမ်းပြခဲ့သလို အင်္ဂလန်အသင်းနဲ့လည်း ယူရို-၂၀၂ဝပြိုင်ပွဲဆင်နွှဲခဲ့ရတဲ့အချက်တွေကြောင့် သူ့ရဲ့ဈေးကွက်တန်ဖိုးက နှစ်ပိုင်းအတွင်းမှာပဲ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ နောက်ခံလူဗန်ဒိုက်ကိုခေါ်ယူခဲ့တုန်းက အသုံးပြုခဲ့ရတဲ့ပေါင်(၇၅)သန်းပမာဏာထက် ပိုသုံးရမယ့်အနေအထားရှိနေပြီး ဒေါ့မွန်အသင်းကလည်း သူတို့အသင်းမှာ အသားကျနေပြီဖြစ်တဲ့ ဘယ်လင်ဂမ်ကို အလွယ်တကူရောင်းချမှာတော့မဟုတ်ပါဘူး။