အင်္ဂလန်ရော ဟယ်ရီကိန်းပါမှတ်တမ်းကောင်းတွေရခဲ့တဲ့ဂိုးပြတ်နိုင်ပွဲ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အင်္ဂလန်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ်မနေ့ညက ဆမ်မာရီနိုအသင်းနဲ့အဝေးကွင်းကစားခဲ့ရာမှာ ၁၀ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။
ဒါဟာ ၁၉၆၄ နောက်ပိုင်းမှာပထမဆုံးအကြိမ်အဖြစ်ဂဏာန်း ၂ လုံးပမာဏနဲ့နိုင်ပွဲရခဲ့တာဖြစ်လို့ ၅၇ နှစ်ကြာမှဒီမှတ်တမ်းပြန်လည်ရရှိခဲ့ခြင်းလည်းဖြစ်ခဲ့ပါတယ်။
အင်္ဂလန်အသင်း ဂဏန်း ၂ လုံးနဲ့နောက်ဆုံးနိုင်ခဲ့တဲ့ပွဲက ၁၉၆၄ မေလကနယူးယော့ခ်မြို့မှာ အမေရိကန်အသင်းကို ၁၀-၀ နဲ့နိုင်ခဲ့တဲ့ပွဲဖြစ်ပါတယ်။
ဒါပေမယ့်အမေရိကန်ကိုနိုင်ခဲ့တာက ခြေစမ်းပွဲသာဖြစ်ပြီး ပြိုင်ပွဲတစ်ခုမှာအခုလိုအနိုင်ရတာမျိုးကတော့ အင်္ဂလန်အသင်းသမိုင်းမှာပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။
ဆမ်မာရီနိုအသင်းဟာ ဖီဖာရဲ့ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာအောက်ဆုံးရောက်နေတဲ့အသင်းဖြစ်ပြီး အသင်းပေါင်း ၂၁၀ မှာအဆင့် ၂၁၀ ရှိတဲ့အသင်းဖြစ်ပါတယ်။
အင်္ဂလန်အတွက်ဂိုးတွေကို မက်ဂွဲယား၊ ဟယ်ရီကိန်း၊ စမစ်ရိုဝီ၊ တိုင်ရွန်မင်း၊ တမ်မီအေဘရာဟမ်နဲ့ ဝမ်ဘစ်ဆာကာတို့ကသွင်းယူခဲ့ကြတာပါ။
ဟယ်ရီကိန်းကတစ်ဦးတည်း ၄ ဂိုးသွင်းခဲ့ပြီး ကျန်တဲ့သူတွေကတစ်ဂိုးစီနဲ့ ဆမ်မာရီနိုဘက်က ဖက်ဘရီ ကကိုယ့်ဂိုးကိုယ်သွင်းယူခဲ့ကြတာဖြစ်ပါတယ်။
ဟယ်ရီကိန်းဟာ ပထမပိုင်းမှာကတည်းက ၄ ဂိုးစလုံးသွင်းယူခဲ့တာဖြစ်ပြီး ၁၉၉၃ နောက်ပိုင်းအင်္ဂလန်အသင်းအတွက်ပထမဆုံး ၄ ဂိုးသွင်းယူတဲ့သူအဖြစ်ရော၊
ဘောလုံးပြက္ခဒိန်တစ်ခုအတွင်းအင်္ဂလန်အတွက်ဂိုးအများဆုံးသွင်းယူသူဆိုတဲ့ ၉၄ နှစ်ကြာမှတ်တမ်းကိုပါကျော်ဖြတ်နိုင်ခဲ့ပါတယ်။
အင်္ဂလန်အတွက်တစ်ဦးတည်း ၄ ဂိုးသွင်းတဲ့နောက်ဆုံးကစားသမားက အီယန်ရိုက်ဖြစ်ပြီး ၁၉၉၃ တုန်းက ဆမ်မာရီနိုင်ကိုဘဲ ၇-၁ နဲ့နိုင်ခဲ့တဲ့ပွဲမှာသွင်းယူခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင်ကိန်းဟာ ၂၀၂၁ အတွင်းအင်္ဂလန်အတွက် ၁၆ ဂိုးသွင်းယူပြီး ဘောလုံးပြက္ခဒိန်တစ်ခုအတွင်းမှာ ဂိုးအများဆုံးသွင်းသူအဖြစ် ၉၄ နှစ်ကြာမှတ်တမ်းဟောင်းကိုကျော်ဖြတ်ကာ မှတ်တမ်းသစ်ရရှိခဲ့ပါတယ်။
သူဟာ ဆမ်မာရီနိုနဲ့ပွဲမတိုင်ခင်မှာ ဂျော့ဟေးလ်စဒန်(၁၉၀၈)၊ ဒီဆီဒိန်း(၁၉၂၇) တို့နဲ့အတူ ၁၂ ဂိုးခြင်းတူညီခဲ့တာပါ။
ဒါပေမယ့် ၄ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် ၁၆ ဂိုးရရှိပြီး မှတ်တမ်းသစ်တင်ခဲ့တာဖြစ်ပါတယ်။
အခုဆိုရင်ကိန်းဟာ အင်္ဂလန်အတွက် ၄၈ ဂိုးရရှိပြီး ရူနီ(၅၃ ဂိုး)၊ ဘော်ဘီချာလ်တန်(၄၉ ဂိုး) တို့ရဲ့နောက်မှာ တတိယမြောက်ဂိုးအများဆုံးသွင်းသူအဖြစ်ရပ်တည်‌နေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi