
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘောလုံးဘိုးအေ အင်္ဂလန် ကတော့ ဒိန်းမတ် ကို ၂-၁ နဲ့ အနိုင်ယူကာ ယူရိုပြိုင်ပွဲသမိုင်းတလျှောက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပါပြီ။
ဒါပေမဲ့ အချိန်ပိုမှာ အင်္ဂလန် ရခဲ့တဲ့ အနိုင်ဂိုး ပင်နယ်တီ နဲ့ပက်သက်ပြီး အငြင်းပွါးမှုတွေတော့ ဖြစ်ပေါ်နေပါတယ်။
ဒိန်းမတ် ပရိသတ်တွေအပြင် တခြားပရိသတ်တွေကပါ အင်္ဂလန် ဟာ ဒိုင်တွေရဲ့မျက်နှာသာပေးမှုကြောင့်သာ ဖိုင်နယ်အဆင့်ကို တက်နိုင်ခဲ့တာလို့ ဆိုရှယ်မီဒီယာပေါ်မှာ အခုလိုတွေ စွပ်စွဲရေးသားနေကြပါတယ်။
“ ဒါကို ပင်နယ်တီ အဖြစ်ခွင့်ပြုပေးလိုက်တာကို ငါမယုံနိုင်သေးဘူးကွာ။ တော်တော်ရယ်ရတဲ့ ပြတ်လုံးတခုပဲ “
“ ရုပ်သံမှာ ဘောလုံးဝေဖန်ရေးသမားတွေလုပ်နေတဲ့ အင်္ဂလန်လူမျိုးတွေတောင် ဒီပင်နယ်တီက မဖြစ်သင့်ဘူးဆိုပြီးပြောနေကြပြီ။
ဒါကိုကြည့်ရင် အင်္ဂလန်ရခဲ့တဲ့ ပင်နယ်တီ က ဘယ်လောက်အကျည်းတန်လဲဆိုတာကို တွေ့ကြမှာပါ “
“ အရင်တုန်းကတော့ အင်္ဂလန်က ဒိုင်တွေရဲ့ဆုံးဖြတ်ချက်တွေကြောင့် အမြဲနစ်နာရလေ့ရှိတဲ့အသင်းပါ။
ဒီတခေါက်တော့ သူတို့တွေ ကံကောင်းသွားခဲ့ပြီ “ စတဲ့ မှတ်ချက်တွေကို ရေးသားပြီး အငြင်းပွါးနေကြပါတယ်။
အဲ့ဒီဂိုးကိုပြန်ကြည့်ရင် တောင်ပံကနေ စတာလင် ဘောလုံးဆွဲယူလာချိန်မှာ နောက်ထပ်ဘောလုံးတလုံးဟာ အဲ့ဒီနားမှာရှိနေခဲ့ပေမဲ့ ဒိုင်လူကြီးက ပွဲကိုဆက်ကစားစေခဲ့ပါတယ်။
စတာလင် ကို ဒိန်းမတ် ကစားသမား ဖြတ်တားမှုကို ရုပ်သံအနှေးပြကွက်နဲ့ ပြန်ကြည့်ရာမှာလည်း အငြင်းပွါးဖွယ်အနေအထားမျိုးကို တွေ့ခဲ့ရပါတယ်။
ဒါပေမဲ့ ကွင်းလယ်ဒိုင်လူကြီးက သူကိုယ်တိုင် VAR ကိုကြည့်ဖို့ ပျက်ကွက်ခဲ့ပြီး VAR ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ကိုသာ အတည်အဖြစ်သတ်မှတ်ကာ ပင်နယ်တီ ပေးခဲ့ပါတယ်။
၂ သင်းလုံးအတွက် အသက်တမျှအရေးကြီးတဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ VAR ကို ကိုယ်တိုင်ကြည့်ဖို့ပျက်ကွက်ခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ လုပ်ရပ်ဟာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နည်းပြကြီး အာဆင်ဝင်းဂါး ကလည်း အင်္ဂလန်ရခဲ့တဲ့ ပင်နယ်တီဟာ လုံးဝမဖြစ်သင့်ပဲ
VAR ဒိုင်တွေအနေနဲ့ ကွင်းလယ်ဒိုင်ကို VAR ပြန်ကြည့်ခိုင်းခဲ့သင့်တယ်လို့ ရုပ်သံကနေ ဝေဖန်ခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
အဂၤလန္ရခဲ့တဲ့ အႏိုင္ဂိုးပင္နယ္တီက လုံးဝမျဖစ္သင့္ဘူးဆိုၿပီး ေလွာင္ေျပာင္ေနၾကတဲ့ ပရိသတ္မ်ား
ေဘာလုံးဘိုးေအ အဂၤလန္ ကေတာ့ ဒိန္းမတ္ ကို ၂-၁ နဲ႔ အႏိုင္ယူကာ ယူ႐ိုၿပိဳင္ပြဲသမိုင္းတေလွ်ာက္ ပထမဆုံးအႀကိမ္ ဗိုလ္လုပြဲကို တက္လွမ္းသြားခဲ့ပါၿပီ။ ဒါေပမဲ့ အခ်ိန္ပိုမွာ အဂၤလန္ ရခဲ့တဲ့ အႏိုင္ဂိုး ပင္နယ္တီ နဲ႔ပက္သက္ၿပီး အျငင္းပြါးမႈေတြေတာ့ ျဖစ္ေပၚ ေနပါတယ္။
ဒိန္းမတ္ ပရိသတ္ေတြအျပင္ တျခားပရိသတ္ေတြကပါ အဂၤလန္ ဟာ ဒိုင္ေတြရဲ႕မ်က္ႏွာသာေပးမႈေၾကာင့္သာ ဖိုင္နယ္အဆင့္ကို တက္ႏိုင္ခဲ့တာလို႔ ဆိုရွယ္မီဒီယာေပၚမွာ အခုလိုေတြ စြပ္စြဲေရးသားေနၾကပါတယ္။
“ ဒါကို ပင္နယ္တီ အျဖစ္ခြင့္ျပဳေပးလိုက္တာကို ငါမယုံႏိုင္ေသးဘူးကြာ။ ေတာ္ေတာ္ရယ္ရတဲ့ ျပတ္လုံးတခုပဲ “
“ ႐ုပ္သံမွာ ေဘာလုံးေဝဖန္ေရးသမားေတြလုပ္ေနတဲ့ အဂၤလန္လူမ်ိဳးေတြေတာင္ ဒီပင္နယ္တီက မျဖစ္သင့္ဘူးဆိုၿပီးေျပာေနၾကၿပီ။ ဒါကိုၾကည့္ရင္ အဂၤလန္ရခဲ့တဲ့ ပင္နယ္တီ က ဘယ္ေလာက္အက်ည္းတန္လဲဆိုတာကို ေတြ႕ၾကမွာပါ “
“ အရင္တုန္းကေတာ့ အဂၤလန္က ဒိုင္ေတြရဲ႕ဆုံးျဖတ္ခ်က္ေတြေၾကာင့္ အၿမဲနစ္နာရေလ့ရွိတဲ့အသင္းပါ။ ဒီတေခါက္ေတာ့ သူတို႔ေတြ ကံေကာင္းသြားခဲ့ၿပီ “ စတဲ့ မွတ္ခ်က္ေတြကို ေရးသားၿပီး အျငင္းပြါးေနၾကပါတယ္။
အဲ့ဒီဂိုးကိုျပန္ၾကည့္ရင္ ေတာင္ပံကေန စတာလင္ ေဘာလုံးဆြဲယူလာခ်ိန္မွာ ေနာက္ထပ္ေဘာလုံးတလုံးဟာ အဲ့ဒီနားမွာရွိေနခဲ့ေပမဲ့ ဒိုင္လူႀကီးက ပြဲကိုဆက္ကစားေစခဲ့ပါတယ္။
စတာလင္ ကို ဒိန္းမတ္ ကစားသမား ျဖတ္တားမႈကို ႐ုပ္သံအေႏွးျပကြက္နဲ႔ ျပန္ၾကည့္ရာမွာလည္း အျငင္းပြါးဖြယ္အေနအထားမ်ိဳးကို ေတြ႕ခဲ့ရပါတယ္။
ဒါေပမဲ့ ကြင္းလယ္ဒိုင္လူႀကီးက သူကိုယ္တိုင္ VAR ကိုၾကည့္ဖို႔ ပ်က္ကြက္ခဲ့ၿပီး VAR ဒိုင္ေတြရဲ႕ ဆုံးျဖတ္ခ်က္ကိုသာ အတည္အျဖစ္သတ္မွတ္ကာ ပင္နယ္တီ ေပးခဲ့ပါတယ္။ ၂ သင္းလုံးအတြက္ အသက္တမွ်အေရးႀကီးတဲ့ ဆီမီးဖိုင္နယ္အဆင့္မွာ VAR ကို ကိုယ္တိုင္ၾကည့္ဖို႔ပ်က္ကြက္ခဲ့တဲ့ ကြင္းလယ္ဒိုင္ရဲ႕ လုပ္ရပ္ဟာ ေမးခြန္းထုတ္စရာျဖစ္ပါတယ္။
အာဆင္နယ္အသင္းရဲ႕ ဂႏၲဝင္နည္းျပႀကီး အာဆင္ဝင္းဂါး ကလည္း အဂၤလန္ရခဲ့တဲ့ ပင္နယ္တီဟာ လုံးဝမျဖစ္သင့္ပဲ VAR ဒိုင္ေတြအေနနဲ႔ ကြင္းလယ္ဒိုင္ကို VAR ျပန္ၾကည့္ခိုင္းခဲ့သင့္တယ္လို႔ ႐ုပ္သံကေန ေဝဖန္ခဲ့ပါတယ္။