အင်္ဂလန်မြေအတွေ့အကြုံရှိတဲ့ ကွန်တီရဲ့ အီတလီအသင်း အောင်ပွဲရဖို့ အကြံပြုချက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီညကစားမယ့် ယူရို ၂၀၂၀ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို အိမ်ရှင်ဖြစ်တဲ့ အင်္ဂလန်နဲ့ ဘောလုံးအစဉ်အလာကြီးမားတဲ့ အီတလီအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး

ကမ္ဘာတစ်ဝန်းက နည်းပြတွေ ဘောလုံးသမားဟောင်းတွေ ဘောလုံးပွဲ ကျွမ်းကျင် ပညာရှင်တွေ၊ သုံးသပ်သူတွေနဲ့ ပရိသတ်တွေလည်း ဒီပွဲအပေါ် ကိုယ်ပိုင် ထင်မြင်ချက် အသီးသီး ပေးနေကြပြီး ကြိုတင်သုံးသပ်ချက်တွေလည်း အမျိုးမျိုး ပေးနေကြပါတယ်။

အီတလီ ကို ယူရို ၂၀၁၆ မှာ ကွာတားဖိုင်နယ်သို့ ပို့ဆောင်ပေးခဲ့ဖူးသလို အင်္ဂလန်မြေက ချဲလ်ဆီးအသင်းမှာလည်း အောင်မြင်အောင် လုပ်ပြနိုင်ခဲ့တဲ့ ကွန်တီ ကတော့

ဒီပွဲအပေါ် အများနဲ့ အမြင်မတူခဲ့ပဲ၊ အီတလီ အနေနဲ့ အင်္ဂလန်ကို အနိုင်ယူချင်ရင် ပွဲတိုင်း ပွဲထွက်ခွင့်ရထားတဲ့ ကွင်းလယ် ခံစစ် ကစားသမား ၂ဦး ဖြစ်တဲ့ ကယ်လ်ဗင်ဖီးလစ်နဲ့ ဒီကလန်ရိုက်စ်တို့ကို ဖိအားပေး ထိုးနှက်ရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။

ကွန်တီ က ” ဘောလုံး ပိုင်ဆိုင်မှု အသားပေး ပုံစံနဲ့ အနောက်ပဲ ပေးတတ်တာများတဲ့ စပိန်အသင်းနဲ့ မတူညီတဲ့အချက် က အင်္ဂလန်ဟာ ပြိုင်ဖက်အသင်းတွေအပေါ် တဦးချင်း အနေအထားတွေမှာ အမြဲတမ်း ထိုးနှက် အနိုင်ယူဖို့ ကြိုးစားတတ်တာပါ။

အများစုကတော့ ဟယ်ရီကိန်း ကို ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် ဘောလုံးကို အတတ်နိုင်ဆုံး ထိန်းယူနိုင်တာနဲ့ ပတ်သက်ပြီး ချီးကျူးကြပါတယ်။

နောက်ပြီး သူ့ရဲ့ အသင်းလိုက် လိုက်ပါ ကစားနိုင်စွမ်းဖြစ်ပြီး၊ ဒိန်းမတ်နဲ့ ပွဲက အင်္ဂလန်ရဲ့ ချေပဂိုးကို ကြည့်ရင် ဒီ အရည်အသွေးတွေကို အတိုင်းသား မြင်တွေ့ရမှာပါ။

သူဟာ ဒီလို နေရာမျိုးတွေမှာလည်း တော်ပါတယ်။ ဒါပေမယ့် ပြိုင်ဖက် ပင်နယ်တီ ဧရိယာထဲမှာ သူ့ရဲ့ ပြတ်သားတဲ့ အရည်အချင်းတွေကို ပိုတွေ့နိုင်ပြီး ၊ နည်းပြတယောက် အနေနဲ့ ကျွန်တော်ဟာ သူ့ကို အချိန်တိုင်း အဲ့ဒီမှာပဲ ရှိနေစေချင်ပါတယ်။

ဘာလို့လဲဆိုတော့ သူဟာ တိုက်စစ် အဆုံးသတ်မှာ အရမ်း ကြောက်စရာကောင်းလို့ပါ။

နောက်ပြီး လက်ရှိ အင်္ဂလန် အသင်းမှာ ကြံ့ခိုင်မှု အသားပေး ကစားနိုင်တဲ့ ဒီကလန်ရိုက်စ်နဲ့ ကယ်လ်ဗင် ဖီးလစ် တို့လို ကွင်းလယ်လူတွေ ရှိနေပါတယ်။

သူတို့ ၂ယောက် ဟာ အင်္ဂလန် အသင်းရဲ့ ဟန်ချက်ကို ထိန်းပေးပြီး၊ အနောက်ကနေ အရှေ့ကို တိုက်ရိုက် တန်းပေးတဲ့ ပေးပို့မှုတွေ လုပ်တာမျိုး နည်းပါတယ်။

ပွဲချိန် အများစုမှာ သူတို့ ၂ဦးဟာ ရိုးရှင်းတဲ့ ပေးပို့မှုတွေလောက်ပဲ လုပ်တတ်ပါတယ်။

အင်္ဂလန်ရဲ့ အားနည်းချက်က ပြိုင်ဖက် တသင်းသင်းက သူတို့ ခံစစ်ကို အချိန်ပြည့် ဖိအားပေးတဲ့အခါ ၊ နောက်တန်းကနေ တိုက်စစ်ဆီကို အသွင်ပြောင်းတဲ့ နေရာမှာ ဘယ်လို လွတ်မြောက်အောင် လုပ်ရမလဲ ဆိုတာကို စပိန်လောက် သူတို့ မကျွမ်းကျင်တဲ့ အချက်ပါ။

ဒါပေမယ့် ခင်ဗျားဟာ တိုက်စစ်ကနေ အလွန်အကျွံ ဖိအားပေးတာမျိုး လုပ်ရင်တော့ သူတို့ ဒါကို ရှောင်ထွက်ပြနိုင်ပါတယ်။

နောက်ပြီး သူတို့ရဲ့ လျင်မြန်တဲ့ တိုက်စစ် ကစားသမားတွေကို သတိထားဖို့ လိုပါတယ်။

ထပ်ပြောရရင် ဒီပွဲဟာ အီတလီ အနေနဲ့ ပွဲတပွဲရဲ့ မတူညီတဲ့ အခိုက်အတန့်တွေကို အတိအကျ ဖတ်တဲ့နေရာမှာ အတွေ့အကြုံ ရှိကြောင်း ပြသရမယ့် ပွဲမျိုး ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အဂၤလန္ေျမအေတြ႕အႀကဳံရွိတဲ့ ကြန္တီရဲ႕ အီတလီအသင္း ေအာင္ပြဲရဖို႔ အႀကံျပဳခ်က္

ဒီညကစားမယ့္ ယူ႐ို ၂၀၂၀ၿပိဳင္ပြဲရဲ႕ ဗိုလ္လုပြဲကို အိမ္ရွင္ျဖစ္တဲ့ အဂၤလန္နဲ႔ ေဘာလုံးအစဥ္အလာႀကီးမားတဲ့ အီတလီအသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ၿပီး ကမာၻတစ္ဝန္းက နည္းျပေတြ ေဘာလုံးသမားေဟာင္းေတြ ေဘာလုံးပြဲ ကြၽမ္းက်င္ ပညာရွင္ေတြ၊ သုံးသပ္သူေတြနဲ႔ ပရိသတ္ေတြလည္း ဒီပြဲအေပၚ ကိုယ္ပိုင္ ထင္ျမင္ခ်က္ အသီးသီး ေပးေနၾကၿပီး ႀကိဳတင္သုံးသပ္ခ်က္ေတြလည္း အမ်ိဳးမ်ိဳး ေပးေနၾကပါတယ္။

အီတလီ ကို ယူ႐ို ၂၀၁၆ မွာ ကြာတားဖိုင္နယ္သို႔ ပို႔ေဆာင္ေပးခဲ့ဖူးသလို အဂၤလန္ေျမက ခ်ဲလ္ဆီးအသင္းမွာလည္း ေအာင္ျမင္ေအာင္ လုပ္ျပႏိုင္ခဲ့တဲ့ ကြန္တီ ကေတာ့ ဒီပြဲအေပၚ အမ်ားနဲ႔ အျမင္မတူခဲ့ပဲ၊ အီတလီ အေနနဲ႔ အဂၤလန္ကို အႏိုင္ယူခ်င္ရင္ ပြဲတိုင္း ပြဲထြက္ခြင့္ရထားတဲ့ ကြင္းလယ္ ခံစစ္ ကစားသမား ၂ဦး ျဖစ္တဲ့ ကယ္လ္ဗင္ဖီးလစ္နဲ႔ ဒီကလန္႐ိုက္စ္တို႔ကို ဖိအားေပး ထိုးႏွက္ရမယ္လို႔ တိုက္တြန္းခဲ့ပါတယ္။

ကြန္တီ က ” ေဘာလုံး ပိုင္ဆိုင္မႈ အသားေပး ပုံစံနဲ႔ အေနာက္ပဲ ေပးတတ္တာမ်ားတဲ့ စပိန္အသင္းနဲ႔ မတူညီတဲ့အခ်က္ က အဂၤလန္ဟာ ၿပိဳင္ဖက္အသင္းေတြအေပၚ တဦးခ်င္း အေနအထားေတြမွာ အၿမဲတမ္း ထိုးႏွက္ အႏိုင္ယူဖို႔ ႀကိဳးစားတတ္တာပါ။ အမ်ားစုကေတာ့ ဟယ္ရီကိန္း ကို ဘယ္လို အေျခအေနမွာပဲ ျဖစ္ျဖစ္ ေဘာလုံးကို အတတ္ႏိုင္ဆုံး ထိန္းယူႏိုင္တာနဲ႔ ပတ္သက္ၿပီး ခ်ီးက်ဴးၾကပါတယ္။

ေနာက္ၿပီး သူ႔ရဲ႕ အသင္းလိုက္ လိုက္ပါ ကစားႏိုင္စြမ္းျဖစ္ၿပီး၊ ဒိန္းမတ္နဲ႔ ပြဲက အဂၤလန္ရဲ႕ ေခ်ပဂိုးကို ၾကည့္ရင္ ဒီ အရည္အေသြးေတြကို အတိုင္းသား ျမင္ေတြ႕ရမွာပါ။ သူဟာ ဒီလို ေနရာမ်ိဳးေတြမွာလည္း ေတာ္ပါတယ္။ ဒါေပမယ့္ ၿပိဳင္ဖက္ ပင္နယ္တီ ဧရိယာထဲမွာ သူ႔ရဲ႕ ျပတ္သားတဲ့ အရည္အခ်င္းေတြကို ပိုေတြ႕ႏိုင္ၿပီး ၊ နည္းျပတေယာက္ အေနနဲ႔ ကြၽန္ေတာ္ဟာ သူ႔ကို အခ်ိန္တိုင္း အဲ့ဒီမွာပဲ ရွိေနေစခ်င္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူဟာ တိုက္စစ္ အဆုံးသတ္မွာ အရမ္း ေၾကာက္စရာေကာင္းလို႔ပါ။ ေနာက္ၿပီး လက္ရွိ အဂၤလန္ အသင္းမွာ ႀကံ့ခိုင္မႈ အသားေပး ကစားႏိုင္တဲ့ ဒီကလန္႐ိုက္စ္နဲ႔ ကယ္လ္ဗင္ ဖီးလစ္ တို႔လို ကြင္းလယ္လူေတြ ရွိေနပါတယ္။

သူတို႔ ၂ေယာက္ ဟာ အဂၤလန္ အသင္းရဲ႕ ဟန္ခ်က္ကို ထိန္းေပးၿပီး ၊ အေနာက္ကေန အေရွ႕ကို တိုက္႐ိုက္ တန္းေပးတဲ့ ေပးပို႔မႈေတြ လုပ္တာမ်ိဳး နည္းပါတယ္။ ပြဲခ်ိန္ အမ်ားစုမွာ သူတို႔ ၂ဦးဟာ ႐ိုးရွင္းတဲ့ ေပးပို႔မႈေတြေလာက္ပဲ လုပ္တတ္ပါတယ္။ အဂၤလန္ရဲ႕ အားနည္းခ်က္က ၿပိဳင္ဖက္ တသင္းသင္းက သူတို႔ ခံစစ္ကို အခ်ိန္ျပည့္ ဖိအားေပးတဲ့အခါ ၊ ေနာက္တန္းကေန တိုက္စစ္ဆီကို အသြင္ေျပာင္းတဲ့ ေနရာမွာ ဘယ္လို လြတ္ေျမာက္ေအာင္ လုပ္ရမလဲ ဆိုတာကို စပိန္ေလာက္ သူတို႔ မကြၽမ္းက်င္တဲ့ အခ်က္ပါ။ ဒါေပမယ့္ ခင္ဗ်ားဟာ တိုက္စစ္ကေန အလြန္အကြၽံ ဖိအားေပးတာမ်ိဳး လုပ္ရင္ေတာ့ သူတို႔ ဒါကို ေရွာင္ထြက္ျပႏိုင္ပါတယ္ ။ ေနာက္ၿပီး သူတို႔ရဲ႕ လ်င္ျမန္တဲ့ တိုက္စစ္ ကစားသမားေတြကို သတိထားဖို႔ လိုပါတယ္ ။ ထပ္ေျပာရရင္ ဒီပြဲဟာ အီတလီ အေနနဲ႔ ပြဲတပြဲရဲ႕ မတူညီတဲ့ အခိုက္အတန႔္ေတြကို အတိအက် ဖတ္တဲ့ေနရာမွာ အေတြ႕အႀကဳံ ရွိေၾကာင္း ျပသရမယ့္ ပြဲမ်ိဳး ျဖစ္ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။