အင်္ဂလန်မြေမှာ ရိုမန်အင်ပါယာတစ်ခု ထူထောင်ခဲ့တာ ၁၇ နှစ် ကြာခဲ့ပြီး စပါးနဲ့ပွဲက ပိုင်ရှင်မိုဗစ်လက်ထက် ပွဲထောင်ပြည့်ပွဲ ဖြစ်ခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးအသင်းကို အင်္ဂလိပ်ဘောလုံးလောကမှာ အောင်မြင်မှုတွေရရှိတဲ့ အသင်းတစ်သင်းအဖြစ် ခေတ်တစ်ခေတ်တည်ဆောက်ပေးခဲ့တဲ့ ရုရှားသူဌေး အေဗရာမိုဗစ်ဟာ အခုဆိုရင် အသင်းကိုဝယ်ယူခဲ့တာ ၁၇ နှစ် ရှိလာခဲ့ပြီဖြစ်ပါ တယ်။

ပြီးခဲ့တဲ့စပါးအသင်းနဲ့ပွဲစဉ်ဟာ မိုဗစ် ပိုင်ဆိုင်ပြီးနောက်ပိုင်း ချဲလ်ဆီးအသင်းရဲ့ ပွဲ ၁၀၀၀ ပြည့်ခဲ့တဲ့ပွဲလည်းဖြစ်နေပြီး ဒီပွဲမှာတော့ တိုက်တိုက် ဆိုင်ဆိုင် ချဲလ်ဆီးအသင်းရဲ့ပြိုင်ဘက်နည်းပြ ချဲလ်ဆီး ခေတ်တစ်ခေတ် တည် ဆောက်ပေးခဲ့တဲ့ မော်ရင်ဟိုဖြစ်နေတာပါပဲ။

မိုဗစ်ဟာ ချဲလ်ဆီးကို ၂၀၀၃ ခုနှစ် တုန်းက ပေါင်သန်း ၁၄၀(ဒေါ်လာ ၂၂၃ သန်း)နဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး မော်ရင်ဟို ကို ၂၀၀၄ နွေရာသီမှာ နည်းပြအဖြစ်ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။ မော်ရင်ဟို လက်ထက်မှာ ချဲလ်ဆီးဟာ ၁၉၅၅ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ရရှိခဲ့ပြီး ချဲလ်ဆီးခေတ်တစ်ခေတ်ရဲ့အစလို့ ပြောနိုင်ခဲ့ပါတယ်။

အဲဒီတုန်းက ချဲလ်ဆီးအသင်းဟာ ပိုင်ရှင်ဖြစ်တဲ့ ကင်ဘီးစ်က အသင်းမှာ ပေါင်သန်း ၈၀ အကြွေးရှိနေတဲ့အတွက် အသင်းကိုအပြတ်ရောင်းချင် ပြီး တစ်စိတ်တစ်ပိုင်းရောင်းချတာမျိုးမလုပ်ချင်ခဲ့ပါဘူး။ အေဗရာမိုဗစ်အနေနဲ့ ချဲလ်ဆီးကိုမဝယ်ယူခင် စပါးအသင်းရဲ့ဂုရုဖြစ်တဲ့ ဥက္ကဋ္ဌလီဗိုင်းနဲ့လည်း ချိတ်ဆက်မှုရှိခဲ့ပြီး ဝယ်ယူဖို့အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။

မိုဗစ်ဟာ ချဲလ်ဆီးကိုဝယ်ယူခဲ့ပြီး နောက်ပိုင်း အသင်းရဲ့ကြွေးမြီကိစ္စတွေကို ရှင်းပေးခဲ့တဲ့ အပြင် ထိပ်တန်းကစားသမားတွေကို ငွေသုံးပြီးအားဖြည့်မှုတွေပြုလုပ်ခဲ့တဲ့ အတွက် အသင်းပရိသတ်တွေက အရမ်းအကြိုက်တွေ့ခဲ့ကြပြီး ကစားသမားတွေ ကတောင် စိုးရိမ်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းတွေကို ချဲလ်ဆီး ကစားသမားဟောင်း ဂရွန်ဂျာက “ကျွန်တော်တို့ဟာ ငွေကြေးသုံးစွဲမှုပိုင်းမှာ မန်ယူနဲ့အာဆင်နယ်ကို ရုတ်တရက်ယှဉ်နိုင်သွားခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်အတွက်ပါ ပခုံးချင်းယှဉ်လာနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလောက်ထိ ပြောင်းလဲသွားလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ သတင်းစာတွေမှာ ချဲလ်ဆီးရဲ့ ပိုင်ရှင်သစ်နဲ့ ကစားသမားသစ်တွေခေါ်မယ့်အကြောင်းတွေချည်းပဲ ပါနေခဲ့ပါ တယ်။ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာ ပုံမှန်ပွဲထွက်ခွင့်မရမှာကို မစိုးရိမ်တဲ့ ကစားသမားတစ်ယောက်မှမရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

မိုဗစ်ရဲ့ အသင်းကိုဦးဆောင်နိုင်တဲ့ပုံစံကို ရီးရဲလ်ဥက္ကဋ္ဌဟောင်း ကယ်လ်ဒါရွန်ကလည်း ချီးကျူးသွားခဲ့ပြီး သူတို့ ၂ ဦးဟာ ၂၀၀၇ ခုနှစ်တုန်းက ရော်ဘင်ရဲ့အပြောင်းအရွှေ့ အတွက် ညှိနှိုင်းမှုတွေလုပ်ခဲ့ကြဖူးပါတယ်။

၂၀၁၈ အထိ တွက်ကြည့်မယ်ဆိုရင် မိုဗစ်ဝယ်ယူပြီးနောက်ပိုင်း ၁၅ နှစ်အတွင်းမှာ ချဲလ်ဆီးဟာ ဆုဖလား ၁၅ လုံး ရရှိခဲ့ တာဖြစ်ပြီး အခုနောက်ပိုင်းနှစ်တွေမှာ ဗြိတိန်အစိုးရရဲ့ဗီဇာကန့်သတ်ချက်စည်း မျဉ်းတွေကြောင့် မိုဗစ်တစ်ယောက် အင်္ဂလန်မြေကို ခြေမချဖြစ်တော့ပေမယ့် အသင်းအတွက် လိုအပ်တဲ့ကစားသမားခေါ်ယူဖြည့်တင်းမှုတွေကိုတော့ လက်မ တွန့်ဘဲ သုံးစွဲနေဆဲဆိုတာ ပြီးခဲ့တဲ့နွေရာသီမှာ ပေါင်သန်း ၂၀၀ ကျော် ကစားသမားဝယ်ယူမှုအတွက် သုံးပေးခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အဂၤလန္ေျမမွာ ရိုမန္အင္ပါယာတစ္ခု ထူေထာင္ခဲ့တာ ၁၇ ႏွစ္ ၾကာခဲ့ၿပီး စပါးနဲ႔ပြဲက ပိုင္ရွင္မိုဗစ္လက္ထက္ ပြဲေထာင္ျပည့္ပြဲ ျဖစ္ခဲ့

ခ်ဲလ္ဆီးအသင္းကို အဂၤလိပ္ေဘာလံုးေလာကမွာ ေအာင္ျမင္မႈေတြရရွိတဲ့ အသင္းတစ္သင္းအျဖစ္ ေခတ္တစ္ေခတ္တည္ေဆာက္ေပးခဲ့တဲ့ ရုရွားသူေဌး ေအဗရာမိုဗစ္ဟာ အခုဆိုရင္ အသင္းကို၀ယ္ယူခဲ့တာ ၁၇ ႏွစ္ ရွိလာခ့ဲၿပီျဖစ္ပါ တယ္။ ၿပီးခဲ့တဲ့စပါးအသင္းနဲ႔ပြဲစဥ္ဟာ မိုဗစ္ ပိုင္ဆိုင္ၿပီးေနာက္ပိုင္း ခ်ဲလ္ဆီးအသင္းရဲ႕ ပြဲ ၁၀၀၀ ျပည့္ခဲ့တဲ့ပြဲလည္းျဖစ္ေနၿပီး ဒီပြဲမွာေတာ့ တိုက္တုိက္ ဆိုင္ဆိုင္ ခ်ဲလ္ဆီးအသင္းရဲ႕ၿပိဳင္ဘက္နည္းျပ ခ်ဲလ္ဆီး ေခတ္တစ္ေခတ္ တည္ ေဆာက္ေပးခဲ့တဲ့ ေမာ္ရင္ဟိုျဖစ္ေနတာပါပဲ။

မုိဗစ္ဟာ ခ်ဲလ္ဆီးကို ၂၀၀၃ ခုႏွစ္ တုန္းက ေပါင္သန္း ၁၄၀(ေဒၚလာ ၂၂၃ သန္း)နဲ႔ ၀ယ္ယူခဲ့တာျဖစ္ၿပီး ေမာ္ရင္ဟို ကို ၂၀၀၄ ေႏြရာသီမွာ နည္းျပအျဖစ္ခန္႔အပ္ခဲ့တာလည္း ျဖစ္ပါတယ္။ ေမာ္ရင္ဟို လက္ထက္မွာ ခ်ဲလ္ဆီးဟာ ၁၉၅၅ ေနာက္ပိုင္း ပထမဆံုးအႀကိမ္အျဖစ္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုဖလားကို ရရွိခဲ့ၿပီး ခ်ဲလ္ဆီးေခတ္တစ္ေခတ္ရဲ႕အစလို႔ ေျပာႏိုင္ခဲ့ပါတယ္။

အဲဒီတုန္းက ခ်ဲလ္ဆီးအသင္းဟာ ပိုင္ရွင္ျဖစ္တဲ့ ကင္ဘီးစ္က အသင္းမွာ ေပါင္သန္း ၈၀ အေၾကြးရွိေနတဲ့အတြက္ အသင္းကိုအျပတ္ေရာင္းခ်င္ ၿပီး တစ္စိတ္တစ္ပိုင္းေရာင္းခ်တာမ်ဳိးမလုပ္ခ်င္ခဲ့ပါဘူး။ ေအဗရာမိုဗစ္အေနနဲ႔ ခ်ဲလ္ဆီးကိုမ၀ယ္ယူခင္ စပါးအသင္းရဲ႕ဂုရုျဖစ္တဲ့ ဥကၠ႒လီဗိုင္းနဲ႔လည္း ခ်ိတ္ဆက္မႈရွိခဲ့ၿပီး ၀ယ္ယူဖို႔အဆင္မေျပခဲ့ဘူးလို႔ သိရပါတယ္။ မိုဗစ္ဟာ ခ်ဲလ္ဆီးကို၀ယ္ယူခဲ့ၿပီး ေနာက္ပိုင္း အသင္းရဲ႕ေၾကြးၿမီကိစၥေတြကို ရွင္းေပးခဲ့တဲ့ အျပင္ ထိပ္တန္းကစားသမားေတြကို ေငြသံုးၿပီးအားျဖည့္မႈေတြျပဳလုပ္ခဲ့တဲ့ အတြက္ အသင္းပရိသတ္ေတြက အရမ္းအႀကိဳက္ေတြ႕ခဲ့ၾကၿပီး ကစားသမားေတြ ကေတာင္ စိုးရိမ္မႈေတြရွိခဲ့တယ္လုိ႔ သိရပါတယ္။

ဒီအေၾကာင္းေတြကို ခ်ဲလ္ဆီး ကစားသမားေဟာင္း ဂရြန္ဂ်ာက “ကၽြန္ေတာ္တို႔ဟာ ေငြေၾကးသံုးစြဲမႈပိုင္းမွာ မန္ယူနဲ႔အာဆင္နယ္ကို ရုတ္တရက္ယွဥ္ႏိုင္သြားခဲ့ၿပီး ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္အတြက္ပါ ပခံုးခ်င္းယွဥ္လာႏိုင္ပါတယ္။ ကၽြန္ေတာ့္အေနနဲ႔ ဒီေလာက္ထိ ေျပာင္းလဲသြားလိမ့္မယ္လို႔ မေမွ်ာ္လင့္ခဲ့ပါဘူး။ သတင္းစာေတြမွာ ခ်ဲလ္ဆီးရဲ႕ ပိုင္ရွင္သစ္နဲ႔ ကစားသမားသစ္ေတြေခၚမယ့္အေၾကာင္းေတြခ်ည္းပဲ ပါေနခဲ့ပါ တယ္။ အသင္းရဲ႕ေလ့က်င့္ေရးအစီအစဥ္မွာ ပံုမွန္ပြဲထြက္ခြင့္မရမွာကို မစိုးရိမ္တဲ့ ကစားသမားတစ္ေယာက္မွမရွိပါဘူး” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

မုိဗစ္ရဲ႕ အသင္းကိုဦးေဆာင္ႏိုင္တဲ့ပံုစံကို ရီးရဲလ္ဥကၠ႒ေဟာင္း ကယ္လ္ဒါရြန္ကလည္း ခ်ီးက်ဴးသြားခဲ့ၿပီး သူတို႔ ၂ ဦးဟာ ၂၀၀၇ ခုႏွစ္တုန္းက ေရာ္ဘင္ရဲ႕အေျပာင္းအေရႊ႕ အတြက္ ညွိႏႈိင္းမႈေတြလုပ္ခဲ့ၾကဖူးပါတယ္။

၂၀၁၈ အထိ တြက္ၾကည့္မယ္ဆိုရင္ မုိဗစ္၀ယ္ယူၿပီးေနာက္ပိုင္း ၁၅ ႏွစ္အတြင္းမွာ ခ်ဲလ္ဆီးဟာ ဆုဖလား ၁၅ လံုး ရရွိခဲ့ တာျဖစ္ၿပီး အခုေနာက္ပိုင္းႏွစ္ေတြမွာ ၿဗိတိန္အစိုးရရဲ႕ဗီဇာကန္႔သတ္ခ်က္စည္း မ်ဥ္းေတြေၾကာင့္ မုိဗစ္တစ္ေယာက္ အဂၤလန္ေျမကို ေျခမခ်ျဖစ္ေတာ့ေပမယ့္ အသင္းအတြက္ လိုအပ္တဲ့ကစားသမားေခၚယူျဖည့္တင္းမႈေတြကိုေတာ့ လက္မ တြန္႔ဘဲ သံုးစြဲေနဆဲဆုိတာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေပါင္သန္း ၂၀၀ ေက်ာ္ ကစားသမား၀ယ္ယူမႈအတြက္ သံုးေပးခဲ့တာကိုၾကည့္ရင္ သိႏိုင္ပါတယ္။