အင်္ဂလန်မြေမှာ တူချယ်လ်ကို ပထမဆုံးအကြိမ်အလဲထိုးခဲ့တဲ့ ဂွါဒီယိုလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးနည်းပြဂွါဒီယိုလာဟာ ချယ်လ်ဆီးအသင်းကို တူချယ်လ်စတင်ကိုင်တွယ်ခဲ့ချိန်ကစလို့ ပြိုင်ပွဲစုံ(၃)ပွဲမှာ ပွဲတိုင်းရှုံးနိမ့်ခဲ့ပေမယ့် ဒီပွဲမှာတော့ သူ့တပည့်ဟောင်းကို ပထမဆုံးအကြိမ်အလဲထိုးနိုင်ခဲ့ပါပြီ။

ပြီးခဲ့တဲ့ပွဲတွေမှာ ချယ်လ်ဆီးရဲ့ကစားကွက်ကို ဘယ်လိုချေဖျက်ရမလဲဆိုတာ နည်းလမ်းရှာမတွေ့ခဲ့တဲ့ ဂွါဒီယိုလာတစ်ယောက် အခုပွဲမှာတော့ အကောင်းဆုံးပြင်ဆင်လာပြီး

ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက Holding Midfielder မပါဘဲကစားခဲ့လို့ မရှုမလှဖြစ်ခဲ့တာကို သင်ခန်းစာယူပြီးတော့ ရိုဒရီကို ကွင်းလယ်မှာ ဘာနာဒိုဆေးလ်ဗားနဲ့တွဲကစားစေခဲ့တယ်။

ဘာနာဒိုဆေးလ်ဗားက ဒီဘရိုင်းနားကို Support လုပ်ဖို့၊ ကွင်းလယ်နဲ့ခံစစ်ကို Link Up လုပ်ပေးဖို့တာဝန်ယူခဲ့ပြီး တိုက်စစ်မှာ ဖိုဒန်နဲ့ဂျေးဆုတို့က နေရာစုံကနေ ချယ်လ်ဆီးခံစစ်ကို ထိုးဖောက်ကစားခဲ့တယ်။

ဒီပွဲမှာ ချယ်လ်ဆီးကစားပုံကို အပြစ်တင်ရမှာက မလိုအပ်ဘဲ ခံစစ်စိတ်ယိုင်လွန်းနေပြီး တူချယ်လ်က အရင်ပွဲတွေကလို မန်စီးတီးတိုက်စစ်ကျွံနေချိန်မှာ ကွင်းလယ်က ကွန်တေရဲ့ရုန်းအားနဲ့ တန်ပြန်တိုက်စစ်ကစားဖို့ပြင်ဆင်ခဲ့ပေမယ့်

ဂွါဒီယိုလာက အဲဒီအကွက်ကို ကောင်းကောင်းမြင်နေလို့ Possession Game ကို တည်ပြီးတော့ အပိုင်အခွင့်အရေးစောင့်ကစားခဲ့တယ်။

အဲဒါကြောင့်ပဲ ပထမပိုင်းတစ်ပိုင်းလုံး မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု(၇၀%)အထိရှိခဲ့ပြီး ချယ်လ်ဆီးအသင်းဟာ ခံစစ်မှာပဲ အများစုအချိန်ကုန်နေခဲ့တယ်။ ဒါပေမဲ့ ပထမပိုင်းမှာ မန်စီးတီးအသင်း အခွင့်အရေးကြီးကြီးမားမားတော့ သိပ်မရခဲ့ဘူး။

ဒုတိယပိုင်းစလို့ (၈)မိနစ်လောက်အကြာမှာပဲ မန်စီးတီးဂိုးရခဲ့ပြီး ဂျေးဆုရဲ့ကန်ချက်က ချယ်လ်ဆီးကစားသမားတွေနဲ့ထိပြီးတော့ လမ်းကြောင်းပြောင်းဂိုးဝင်သွားလို့ တူချယ်လ်နဲ့ ချယ်လ်ဆီးအသင်းဖိအားဝင်ခဲ့တယ်။

သူ့အစီအစဉ်တွေ အလုပ်မဖြစ်တာကို ပထမပိုင်းကတည်းကမြင်ခဲ့တဲ့ တူချယ်လ်ဟာ ဦးဆောင်ဂိုးပေးလိုက်ရချိန်မှာ ဗျာများသွားသလိုဖြစ်ပြီး ချေပဂိုးရဖို့ တိုက်စစ်ဖွင့်ကစားရမလား၊

တိုက်စစ်ဖွင့်ရင်လည်း မန်စီးတီးတန်ပြန်တိုက်စစ်တွေက ကြောက်စရာကောင်းတဲ့အပြင် အသင်းရဲ့တိုက်စစ်ကစားဟန်ကလည်း အခုပွဲမှာ အားနည်းနေလို့ တူချယ်လ်တစ်ယောက် စဉ်းစားရကျပ်သွားပုံပါပဲ။

မန်စီးတီးအသင်းကတော့ ဂိုးရသွားလို့ ပိုပြီး Stable ဖြစ်သွားသလို ယုံကြည်မှုလည်း ပိုအားကောင်းလာတယ်။ ဂိုးပေးလိုက်ရပြီး (၁၀)မိနစ်လောက်အကြာမှာ လူကာကူ ချေပဂိုးသွင်းခဲ့ပေမယ့်

အဲဒီမတိုင်ခင် ဟာဗတ်စ်လူကျွံနေတာကြောင့် ဂိုးမရခဲ့ပြန်ဘူး။

(၈၂)မိနစ်မှာ ဂရီးလစ်ရှ်ရဲ့ကန်ချက် ကောင်းခဲ့ပေမယ့် မန်ဒီ လက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် ချယ်လ်ဆီးကံကောင်းခဲ့တယ်လို့ပြောရမယ်။

လက်ကျန်မိနစ်မှာ ချယ်လ်ဆီးချေပဂိုးမရခဲ့တာကြောင့် ဂွါဒီယိုလာဟာ သူတပည့်ဟောင်းတူချယ်လ်ကို ပြိုင်ပွဲစုံ(၄)ပွဲမြောက်မှာ ပထမဆုံးအနိုင်ရခဲ့ပြီး မန်စီးတီးနည်းပြဘဝတစ်လျှောက် (၂၂၁)ပွဲမြောက်နိုင်ပွဲရယူခဲ့တဲ့အတွက်

အသင်းသမိုင်းတစ်လျှောက်နိုင်ပွဲအများဆုံးရယူနိုင်ခဲ့တဲ့ မက်ဒိုဝဲလ်ကို ကျော်ဖြတ်ပြီးတော့ နိုင်ပွဲအများဆုံးနည်းပြအဖြစ် စံချိန်တင်နိုင်ခဲ့ပါပြီ။

ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှာ ဂိုးပေါက်တည့်မှုတစ်ကြိမ်မှမရှိတာကတော့ ဆိုးရွားလွန်းပြီး တူချယ်လ်လက်ထက်မှာ အဆိုးရွားဆုံးစွမ်းဆောင်ရည်လို့ သတ်မှတ်ရမှာပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အဂၤလန္ေျမမွာ တူခ်ယ္လ္ကို ပထမဆုံးအႀကိမ္အလဲထိုးခဲ့တဲ့ ဂြါဒီယိုလာ

မန္စီးတီးနည္းျပဂြါဒီယိုလာဟာ ခ်ယ္လ္ဆီးအသင္းကို တူခ်ယ္လ္စတင္ကိုင္တြယ္ခဲ့ခ်ိန္ကစလို႔ ၿပိဳင္ပြဲစုံ(၃)ပြဲမွာ ပြဲတိုင္းရႈံးနိမ့္ခဲ့ေပမယ့္ ဒီပြဲမွာေတာ့ သူ႔တပည့္ေဟာင္းကို ပထမဆုံးအႀကိမ္အလဲထိုးႏိုင္ခဲ့ပါၿပီ။ ၿပီးခဲ့တဲ့ပြဲေတြမွာ ခ်ယ္လ္ဆီးရဲ႕ကစားကြက္ကို ဘယ္လိုေခ်ဖ်က္ရမလဲဆိုတာ နည္းလမ္းရွာမေတြ႕ခဲ့တဲ့ ဂြါဒီယိုလာတစ္ေယာက္ အခုပြဲမွာေတာ့ အေကာင္းဆုံးျပင္ဆင္လာၿပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတုန္းက Holding Midfielder မပါဘဲကစားခဲ့လို႔ မရႈမလွျဖစ္ခဲ့တာကို သင္ခန္းစာယူၿပီးေတာ့ ႐ိုဒရီကို ကြင္းလယ္မွာ ဘာနာဒိုေဆးလ္ဗားနဲ႔တြဲကစားေစခဲ့တယ္။

ဘာနာဒိုေဆးလ္ဗားက ဒီဘ႐ိုင္းနားကို Support လုပ္ဖို႔၊ ကြင္းလယ္နဲ႔ခံစစ္ကို Link Up လုပ္ေပးဖို႔တာဝန္ယူခဲ့ၿပီး တိုက္စစ္မွာ ဖိုဒန္နဲ႔ေဂ်းဆုတို႔က ေနရာစုံကေန ခ်ယ္လ္ဆီးခံစစ္ကို ထိုးေဖာက္ကစားခဲ့တယ္။ ဒီပြဲမွာ ခ်ယ္လ္ဆီးကစားပုံကို အျပစ္တင္ရမွာက မလိုအပ္ဘဲ ခံစစ္စိတ္ယိုင္လြန္းေနၿပီး တူခ်ယ္လ္က အရင္ပြဲေတြကလို မန္စီးတီးတိုက္စစ္ကြၽံေနခ်ိန္မွာ ကြင္းလယ္က ကြန္ေတရဲ႕႐ုန္းအားနဲ႔ တန္ျပန္တိုက္စစ္ကစားဖို႔ျပင္ဆင္ခဲ့ေပမယ့္ ဂြါဒီယိုလာက အဲဒီအကြက္ကို ေကာင္းေကာင္းျမင္ေနလို႔ Possession Game ကို တည္ၿပီးေတာ့ အပိုင္အခြင့္အေရးေစာင့္ကစားခဲ့တယ္။ အဲဒါေၾကာင့္ပဲ ပထမပိုင္းတစ္ပိုင္းလုံး မန္စီးတီးက ေဘာလုံးပိုင္ဆိုင္မႈ(၇၀%)အထိရွိခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းဟာ ခံစစ္မွာပဲ အမ်ားစုအခ်ိန္ကုန္ေနခဲ့တယ္။ ဒါေပမဲ့ ပထမပိုင္းမွာ မန္စီးတီးအသင္း အခြင့္အေရးႀကီးႀကီးမားမားေတာ့ သိပ္မရခဲ့ဘူး။

ဒုတိယပိုင္းစလို႔ (၈)မိနစ္ေလာက္အၾကာမွာပဲ မန္စီးတီးဂိုးရခဲ့ၿပီး ေဂ်းဆုရဲ႕ကန္ခ်က္က ခ်ယ္လ္ဆီးကစားသမားေတြနဲ႔ထိၿပီးေတာ့ လမ္းေၾကာင္းေျပာင္းဂိုးဝင္သြားလို႔ တူခ်ယ္လ္နဲ႔ ခ်ယ္လ္ဆီးအသင္းဖိအားဝင္ခဲ့တယ္။ သူ႔အစီအစဥ္ေတြ အလုပ္မျဖစ္တာကို ပထမပိုင္းကတည္းကျမင္ခဲ့တဲ့ တူခ်ယ္လ္ဟာ ဦးေဆာင္ဂိုးေပးလိုက္ရခ်ိန္မွာ ဗ်ာမ်ားသြားသလိုျဖစ္ၿပီး ေခ်ပဂိုးရဖို႔ တိုက္စစ္ဖြင့္ကစားရမလား၊ တိုက္စစ္ဖြင့္ရင္လည္း မန္စီးတီးတန္ျပန္တိုက္စစ္ေတြက ေၾကာက္စရာေကာင္းတဲ့အျပင္ အသင္းရဲ႕တိုက္စစ္ကစားဟန္ကလည္း အခုပြဲမွာ အားနည္းေနလို႔ တူခ်ယ္လ္တစ္ေယာက္ စဥ္းစားရက်ပ္သြားပုံပါပဲ။

မန္စီးတီးအသင္းကေတာ့ ဂိုးရသြားလို႔ ပိုၿပီး Stable ျဖစ္သြားသလို ယုံၾကည္မႈလည္း ပိုအားေကာင္းလာတယ္။ ဂိုးေပးလိုက္ရၿပီး (၁၀)မိနစ္ေလာက္အၾကာမွာ လူကာကူ ေခ်ပဂိုးသြင္းခဲ့ေပမယ့္ အဲဒီမတိုင္ခင္ ဟာဗတ္စ္လူကြၽံေနတာေၾကာင့္ ဂိုးမရခဲ့ျပန္ဘူး။ (၈၂)မိနစ္မွာ ဂရီးလစ္ရွ္ရဲ႕ကန္ခ်က္ ေကာင္းခဲ့ေပမယ့္ မန္ဒီ လက္စြမ္းျပကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ခ်ယ္လ္ဆီးကံေကာင္းခဲ့တယ္လို႔ေျပာရမယ္။ လက္က်န္မိနစ္မွာ ခ်ယ္လ္ဆီးေခ်ပဂိုးမရခဲ့တာေၾကာင့္ ဂြါဒီယိုလာဟာ သူတပည့္ေဟာင္းတူခ်ယ္လ္ကို ၿပိဳင္ပြဲစုံ(၄)ပြဲေျမာက္မွာ ပထမဆုံးအႏိုင္ရခဲ့ၿပီး မန္စီးတီးနည္းျပဘဝတစ္ေလွ်ာက္ (၂၂၁)ပြဲေျမာက္ႏိုင္ပြဲရယူခဲ့တဲ့အတြက္ အသင္းသမိုင္းတစ္ေလွ်ာက္ႏိုင္ပြဲအမ်ားဆုံးရယူႏိုင္ခဲ့တဲ့ မက္ဒိုဝဲလ္ကို ေက်ာ္ျဖတ္ၿပီးေတာ့ ႏိုင္ပြဲအမ်ားဆုံးနည္းျပအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါၿပီ။ ခ်ယ္လ္ဆီးအသင္းဟာ ဒီပြဲမွာ ဂိုးေပါက္တည့္မႈတစ္ႀကိမ္မွမရွိတာကေတာ့ ဆိုး႐ြားလြန္းၿပီး တူခ်ယ္လ္လက္ထက္မွာ အဆိုး႐ြားဆုံးစြမ္းေဆာင္ရည္လို႔ သတ္မွတ္ရမွာပါပဲ။