အင်္ဂလန်ပွဲ မှ ပရိသတ်တွေရဲ့ ထူးခြားတဲ့ ပုံရိပ်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ အင်္ဂလန်နဲ့ ဂျာမနီပွဲစဉ်မှာ ကစားသမားတွေနဲ့ ပွဲစင် အကြောင်းအပြင်ပွဲကိုအားပေးတဲ့ ပရိသတ်တွေအကြောင်းကလည်း ပွဲဆူစေခဲ့ပါတယ်။

ဂျာမနီကို အနိုင်ယူပြီး သားဖြစ်သူနဲ့ အတူတူ အောင်ပွဲခံခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူး စတားလင်းရဲ့ ပုံရိပ်တွေကို ပရိသတ်တွေက သဘောကျကြပါတယ်။

အင်္ဂလန် နဲ့ ဂျာမနီပွဲကို အင်္ဂလန်ရဲ့ နာမည်ကျော်ကစားသမားဟောင်း ဒေးဗစ် ဘက်ခမ်း နှင့် နာမည်ကျော် အဆိုတော် အက်ရှီရန်လည်း လာရောက်ကြည့်ရှုခဲ့ပါတယ်။

TV ကတစ်ဆင့် အင်္ဂလန်အသင်းရဲ့ပွဲကို အားပေးနေတဲ့ ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ရဲ့ ဓါတ်ပုံကလည်း သတင်းဖြစ်စေပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း ရွန်းနီကတော့ အင်္ဂလန်အသင်းကိုအိမ်ကနေပဲအားပေးနေခဲ့ပါတယ်။

အင်္ဂလန် အသင်း ဟာအဲ ဒီပွဲမှာ ဂျာမနီ အသင်းကို (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

အင်္ဂလန် အတွက်ဂိုးတွေကို စတာလင်နဲ့ ဟာရီကိန်း တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

အင်္ဂလန် အသင်းဟာ ယူရိုပြိုင်ပွဲမှာ ပေးဂိုးမပေးရတဲ့ တစ်သင်းတည်းသော အသင်းအဖြစ်လည်း ရပ်တည်နေတာဖြစ်ပါတယ်။

အင်္ဂလန် အသင်းဟာ ယူရိုပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်မှာတော့ ယူကရိန်း အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် နည်းပြဟောင်း မော်ရင်ဟို အပါအဝင် နာမည်ကြီးတွေကတော့ အင်္ဂလန် အသင်းဟာ ယူရိုပြိုင်ပွဲရဲ့ဗိုလ်လုပွဲထိ ရောက်ရှိနိုင်တယ်လို့ သုံးသပ်ထားကြတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အဂၤလန္ပြဲ မွ ပရိသတ္ေတြရဲ႕ ထူးျခားတဲ့ ပုံရိပ္မ်ား

ၿပီးခဲ့တဲ့ အဂၤလန္နဲ႔ ဂ်ာမနီပြဲစဥ္မွာ ကစားသမားေတြနဲ႔ ပြဲစင္ အေၾကာင္းအျပင္ပြဲကိုအားေပးတဲ့ ပရိသတ္ေတြအေၾကာင္းကလည္း ပြဲဆူေစခဲ့ပါတယ္။ ဂ်ာမနီကို အႏိုင္ယူၿပီး သားျဖစ္သူနဲ႔ အတူတူ ေအာင္ပြဲခံခဲ့တဲ့ အဂၤလန္တိုက္စစ္မႉး စတားလင္းရဲ႕ ပုံရိပ္ေတြကို ပရိသတ္ေတြက သေဘာက်ၾကပါတယ္။ အဂၤလန္ နဲ႔ ဂ်ာမနီပြဲကို အဂၤလန္ရဲ႕ နာမည္ေက်ာ္ကစားသမားေဟာင္း ေဒးဗစ္ ဘက္ခမ္း ႏွင့္ နာမည္ေက်ာ္ အဆိုေတာ္ အက္ရွီရန္လည္း လာေရာက္ၾကည့္ရႈခဲ့ပါတယ္။

TV ကတစ္ဆင့္ အဂၤလန္အသင္းရဲ႕ပြဲကို အားေပးေနတဲ့ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေဘာရစ္ဂြၽန္ဆင္ရဲ႕ ဓါတ္ပုံကလည္း သတင္းျဖစ္ေစပါတယ္။ ယူႏိုက္တက္ ကစားသမားေဟာင္း ႐ြန္းနီကေတာ့ အဂၤလန္အသင္းကိုအိမ္ကေနပဲအားေပးေနခဲ့ပါတယ္။ အဂၤလန္ အသင္း ဟာအဲ ဒီပြဲမွာ ဂ်ာမနီ အသင္းကို (၂)ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။အဂၤလန္ အတြက္ဂိုးေတြကို စတာလင္နဲ႔ ဟာရီကိန္း တို႔က သြင္းယူခဲ့တာျဖစ္ပါတယ္။

အဂၤလန္ အသင္းဟာ ယူ႐ိုၿပိဳင္ပြဲမွာ ေပးဂိုးမေပးရတဲ့ တစ္သင္းတည္းေသာ အသင္းအျဖစ္လည္း ရပ္တည္ေနတာျဖစ္ပါတယ္။အဂၤလန္ အသင္းဟာ ယူ႐ိုၿပိဳင္ပြဲရဲ႕ကြာတားဖိုင္နယ္မွာေတာ့ ယူကရိန္း အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ နည္းျပေဟာင္း ေမာ္ရင္ဟို အပါအဝင္ နာမည္ႀကီးေတြကေတာ့ အဂၤလန္ အသင္းဟာ ယူရိုၿပိဳင္ပြဲရဲ့ဗိုလ္လုပြဲထိ ေရာက္ရွိနိုင္တယ္လို့ သုံးသပ္ထားၾကတာျဖစ္ပါတယ္။