အင်္ဂလန်ပွဲက ပင်နယ်တီကိစ္စက ဒိုင်လူကြီးကို အိပ်ပျော်စေနိုင်မှာမဟုတ်ဘူးဆိုတဲ့ မော်ရင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန် ၂-၁ ဒိန်းမတ်ပွဲစဉ်က ပင်နယ်တီအဖြစ်အပျက်ဟာ လူပြောများနေပြီး ရိုးမားနည်းပြသစ် မော်ရင်ဟိုကလည်း ပင်နယ်တီဖြစ်ရပ်နဲ့ ပတ်သက်လို့ ဝေဖန်သုံးသပ်ထားပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ဒိန်းမတ်အသင်းနဲ့ ယူရိုဆီမီးဖိုင်နယ်မှာ အင်္ဂလန်အသင်းဟာ နိုင်ပွဲနဲ့ ထိုက်တန်ပေမယ့် ပင်နယ်တီဖြစ်ရပ်ကတော့ လုံးဝ မဖြစ်သင့်ကြောင်း ရိုးမားနည်းပြသစ်မော်ရင်ဟိုက ပြောကြားခဲ့ပြီး

အဲဒီပွဲစဉ်မှာ တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင် ဒန်နီမက်ခ်ကီလီအနေနဲ့ ကောင်းကောင်း အိပ်ပျော်နိုင်မှာမဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နည်းပြမော်ရင်ဟိုက” ကျွန်တော် မြင်တဲ့အတိုင်းပဲ ပြောပါမယ်။

ဒီတစ်ကြိမ်တော့ ခင်ဗျားတို့ ကျွန်တော်ပြောတာကို ကြိုက်မှာ မဟုတ်ပါဘူး။

အင်္ဂလန် က နိုင်ဖို့ ထိုက်တန် ပါတယ် ။ “

” အင်္ဂလန် ကစားသွားတာလည်း ကောင်းပါတယ်။

ဒါပေမယ့် ပေးသင့် ပေးထိုက်တဲ့ ပင်နယ်တီ လုံးဝ မဟုတ်ပါဘူး။

အင်္ဂလန် က ဒိန်းမတ် ထက် ပိုကောင်းခဲ့ပါတယ်။

ဒိန်းမတ် ကလည်း ကျွန်တော်မျှော်လင့်ထားတဲ့ ပုံစံ အတိုင်း ကစားပြနိုင်ခဲ့ပါတယ်။ “

”ပြိုင်ပွဲကြီးတစ်ခုရဲ့ဆီမီးဖိုင်နယ် အဆင့်မှာ ဒိုင်လူကြီး အခုလို ဆုံးဖြတ်ချက် ချတဲ့အပေါ် နားမလည် နိုင်ပါဘူး။

ကွင်းလယ်ဒိုင်လူကြီးကတော့ ကောင်းကောင်း အိပ်ပျော်မယ်မထင်ပါဘူး“လို့ ပြောဆိုပါတယ်။

၂ သင်းစလုံးအတွက် အရေးပါတဲ့ အခြေအနေမှာ ဒိုင်လူကြီး ဒန်နီမက်ခ်ကီလီရဲ့ ဆုံးဖြတ်ချက်ဟာ အင်္ဂလန်အသင်းဘက်ကို မျက်နှာပိုလိုက်ခဲ့ကြောင်း ဘောလုံး သုံးသပ်သူအချို့နဲ့ သတင်းဌာနအချို့က ဖော်ပြခဲ့ပါတယ်။

ပင်နယ်တီဆုံးဖြတ်ချက်အတွက် ကွင်းလယ်ဒိုင်လူကြီး ဒန်နီမက်ခ်ကီလီဟာ VAR ကို ပြန်မကြည့်ဘဲ အင်္ဂလန်အသင်း ပင်နယ်တီကန်ခွင့်အတွက် ချက်ချင်းဆုံးဖြတ်ချက် ချခဲ့တာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အဂၤလန္ပြဲက ပင္နယ္တီကိစၥက ဒိုင္လူႀကီးကို အိပ္ေပ်ာ္ေစႏိုင္မွာမဟုတ္ဘူးဆိုတဲ့ ေမာ္ရင္ဟို

အဂၤလန္ ၂-၁ ဒိန္းမတ္ပြဲစဥ္က ပင္နယ္တီအျဖစ္အပ်က္ဟာ လူေျပာမ်ားေနၿပီး ႐ိုးမားနည္းျပသစ္ ေမာ္ရင္ဟိုကလည္း ပင္နယ္တီျဖစ္ရပ္နဲ႔ ပတ္သက္လို႔ ေဝဖန္သုံးသပ္ထားပါတယ္။

မေန႔ညက ကစားခဲ့တဲ့ ဒိန္းမတ္အသင္းနဲ႔ ယူ႐ိုဆီမီးဖိုင္နယ္မွာ အဂၤလန္အသင္းဟာ ႏိုင္ပြဲနဲ႔ ထိုက္တန္ေပမယ့္ ပင္နယ္တီျဖစ္ရပ္ကေတာ့ လုံးဝ မျဖစ္သင့္ေၾကာင္း ႐ိုးမားနည္းျပသစ္ေမာ္ရင္ဟိုက ေျပာၾကားခဲ့ၿပီး အဲဒီပြဲစဥ္မွာ တာဝန္ယူကိုင္တြယ္ခဲ့တဲ့ ကြင္းလယ္ဒိုင္ ဒန္နီမက္ခ္ကီလီအေနနဲ႔ ေကာင္းေကာင္း အိပ္ေပ်ာ္ႏိုင္မွာမဟုတ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

နည္းျပေမာ္ရင္ဟိုက” ကြၽန္ေတာ္ ျမင္တဲ့အတိုင္းပဲ ေျပာပါမယ္။ ဒီတစ္ႀကိမ္ေတာ့ ခင္ဗ်ားတို႔ ကြၽန္ေတာ္ေျပာတာကို ႀကိဳက္မွာ မဟုတ္ပါဘူး ။ အဂၤလန္ က ႏိုင္ဖို႔ ထိုက္တန္ ပါတယ္ ။ “

” အဂၤလန္ ကစားသြားတာလည္း ေကာင္းပါတယ္။ ဒါေပမယ့္ ေပးသင့္ ေပးထိုက္တဲ့ ပင္နယ္တီ လုံးဝ မဟုတ္ပါဘူး။ အဂၤလန္ က ဒိန္းမတ္ ထက္ ပိုေကာင္းခဲ့ပါတယ္။ ဒိန္းမတ္ ကလည္း ကြၽန္ေတာ္ေမွ်ာ္လင့္ထားတဲ့ ပုံစံ အတိုင္း ကစားျပႏိုင္ခဲ့ပါတယ္ ။ “

”ၿပိဳင္ပြဲႀကီးတစ္ခုရဲ႕ဆီမီးဖိုင္နယ္ အဆင့္မွာ ဒိုင္လူႀကီး အခုလို ဆုံးျဖတ္ခ်က္ ခ်တဲ့အေပၚ နားမလည္ ႏိုင္ပါဘူး ။ ကြင္းလယ္ဒိုင္လူႀကီးကေတာ့ ေကာင္းေကာင္း အိပ္ေပ်ာ္မယ္မထင္ပါဘူး“လို႔ ​ေျပာဆိုပါတယ္။

၂ သင္းစလုံးအတြက္ အေရးပါတဲ့ အေျခအေနမွာ ဒိုင္လူႀကီး ဒန္နီမက္ခ္ကီလီရဲ႕ ဆုံးျဖတ္ခ်က္ဟာ အဂၤလန္အသင္းဘက္ကို မ်က္ႏွာပိုလိုက္ခဲ့ေၾကာင္း ေဘာလုံး သုံးသပ္သူအခ်ိဳ႕နဲ႔ သတင္းဌာနအခ်ိဳ႕က ေဖာ္ျပခဲ့ပါတယ္။ ပင္နယ္တီဆုံးျဖတ္ခ်က္အတြက္ ကြင္းလယ္ဒိုင္လူႀကီး ဒန္နီမက္ခ္ကီလီဟာ VAR ကို ျပန္မၾကည့္ဘဲ အဂၤလန္အသင္း ပင္နယ္တီကန္ခြင့္အတြက္ ခ်က္ခ်င္းဆုံးျဖတ္ခ်က္ ခ်ခဲ့တာပဲျဖစ္ပါတယ္။