အင်္ဂလန်နဲ့ ယူကရိန်းတို့ရဲ့ ဒီညပွဲမှာ ဆန်ချို ပါဝင်လာမှာလား….

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်အသင်းဟာ ယူကရိန်းအသင်းနဲ့ ယူရို ( ၂၀၂၀ ) ကွာတားဖိုင်နယ် ပွဲစဉ်ကစားဖို့ ရောမမြို့ကို ရောက်ရှိနေပါပြီ။

ပြီးခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ပွဲစဉ်တွေမှာ ဆန်ချိုဟာပွဲထွက်ကစားခွင့်မရရှိခဲ့သလို အရေးကြီ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ပါဝင်ထားခြင်းမရှိသေးပါဘူး။

ဒေါ့မွန်အသင်းမှာ ခြေစွမ်းတွေပြသနေခဲ့တာကြောင့် အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာပါဝင်ခဲ့ပေမယ့် ွှင်္ဂလန်အသင်းမှာ ပွဲထွက်ကစားခွင့်မရခဲ့တာဟာ ကစားသမားအပြောင်းအရွှေ့ ကိစ္စတွေကြောင့်လည်း တစ်စိတ်တစ်ပိုင်းပတ်သက်မှုရှိနေနိုင်ပါတယ်။

အခုအချိန်မှာတော့ ဆန်ချိုရဲ့ အပြောင်းအ‌ရွေ့ ဒရမ်မာတွေ ရပ်တန့်သွားပြီဖြစ်တာကြောင့် ဂါရတ် ဆောက်ဂိတ်အနေနဲ့ သူ့ကို လွတ်လပ်စွာ ရွေးချယ်နိုင်ပြီဖြစ်ပါတယ်။

ကြာသပတေးနေ့က ပြုလုပ်တဲ့ အင်္ဂလန်အသင်းရဲ့ လေ့ကျင့်‌ရေးအစီအစဉ်မှာ ဓာတ်ပုံရိုက်ကူးမှုတွေပြုလုပ်ချိန်မှာလည်း ဆန်ချိုက လုံဝ ကြည်နူး ပျော်ရွှင်နေတာတွေ့ရပါတယ်။

အပြောင်းအရွှေ့ အတည်ဖြစ်သွားချိန်မှာ သူ့ရဲ့ စိတ်ခံစားချက်တွေဟာ သူ့ရဲ့ မျက်နှာမှာ ကျေနပ်နေမှုတွေကို ဖော်ပြနေပါတယ်။

အင်္ဂလန်အသင်း ဓာတ်ပုံဆရာကလည်း ဒီပုံရိပ်ကိုအမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းကလည်း ကာလရှည် စောင့်ဆိုင်းနေခဲ့ရတဲ့ ဆန်ချိုရဲ့ အပြောင်းအရွေ့သဘောတူညီမှု ကို တရားဝင် ကြေညာသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းက အင်္ဂလန်အသင်းရဲ့ ယူရို ( ၂၀၂၀ ) ပွဲစဉ်တွေ ပြီးဆုံးချိန်မှာ ဆန်ချိုရဲ့ ဆေးစစ်ချက်ကို ရယူသွားမယ်လို့ အတည်ပြုပြောကြားထားပါတယ်။

လက်ရှိမှာတော့ အပြောင်းအရွေ့ ညှိနှိုင်းမှုတွေ အဆုံးသတ်နိုင်ခဲ့ပြီဖြစ်တာကြောင့် ဆန်ချိုအနေနဲ့ သူပြောင်းရွှေ့ကစားချင်တဲ့အသင်းဆီကိုရောက်ရှိလာပြီဖြစ်တာကြောင့် စိတ်သက်သာရာရနေမှာပါ။

ဆောက်ဂိတ်အနေနဲ့ ဒီညမှာ ဆန်ချိုသာပါဝင်လာခဲ့မယ်ဆိုရင် သူ့ရဲ့ လူရွေးချယ်မှုဟာ မပြီးပြတ်နိုင်တဲ့ ဒေါ့မွန်အသင်းရဲ့ ဈေးကစားနေမှုကို သဘောမကျတာကြောင့် ကစားသမားကိုအနားခေါ်ပြီး အရံခုံမှာထိုင်ခိုင်းထားတယ်လို့ ပဲ သုံးသပ်ရတော့မှာပါပဲ။

ယူနိုက်တက် အသင်းမှာ အသင်းဖော်ဖြစ်လာတော့မယ့် မက်ဂွိုင်းယားကလည်း ” ဆန်ချို က ခြွင်းချက်မရှိတဲ့အရည်အချင်းရှိကစားသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။

အသက်ငယ်ရွယ်ပေမယ့်လည်း ပွဲပေါင်းများစွာကို သူကစားထားသလို ခြေစွမ်းထက်တဲ့လူငယ်တစ်ယောက်ဖြစ်တာကြောင့် အနာဂတ်မှာ မန်ချက်စတာယူနိုက်တက်နဲ့အတူ အောင်မြင်တဲ့အနာဂတ်တစ်ခုကို သူရရှိလာမှာပါ။ ” ဆိုပြီး ဆန်ချိုနဲ့ ပတ်သက်လို့ ပြောကြားထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အဂၤလန္နဲ႔ ယူကရိန္းတို႔ရဲ႕ ဒီညပြဲမွာ ဆန္ခ်ိဳ ပါဝင္လာမွာလား….

အဂၤလန္အသင္းဟာ ယူကရိန္းအသင္းနဲ႔ ယူ႐ို ( ၂၀၂၀ ) ကြာတားဖိုင္နယ္ ပြဲစဥ္ကစားဖို႔ ေရာမၿမိဳ႕ကို ေရာက္ရွိေနပါၿပီ။ ၿပီးခဲ့တဲ့ အဂၤလန္အသင္းရဲ႕ ပြဲစဥ္ေတြမွာ ဆန္ခ်ိဳဟာပြဲထြက္ကစားခြင့္မရရွိခဲ့သလို အေရးႀကီ အစိတ္အပိုင္းတစ္ရပ္အေနနဲ႔ပါဝင္ထားျခင္းမရွိေသးပါဘူး။ ေဒါ့မြန္အသင္းမွာ ေျခစြမ္းေတြျပသေနခဲ့တာေၾကာင့္ အဂၤလန္အသင္းရဲ႕ လူစာရင္းမွာပါဝင္ခဲ့ေပမယ့္ ႊဂၤလန္အသင္းမွာ ပြဲထြက္ကစားခြင့္မရခဲ့တာဟာ ကစားသမားအေျပာင္းအေ႐ႊ႕ ကိစၥေတြေၾကာင့္လည္း တစ္စိတ္တစ္ပိုင္းပတ္သက္မႈရွိေနႏိုင္ပါတယ္။ အခုအခ်ိန္မွာေတာ့ ဆန္ခ်ိဳရဲ႕ အေျပာင္းအ‌ေ႐ြ႕ ဒရမ္မာေတြ ရပ္တန႔္သြားၿပီျဖစ္တာေၾကာင့္ ဂါရတ္ ေဆာက္ဂိတ္အေနနဲ႔ သူ႔ကို လြတ္လပ္စြာ ေ႐ြးခ်ယ္ႏိုင္ၿပီျဖစ္ပါတယ္။

ၾကာသပေတးေန႔က ျပဳလုပ္တဲ့ အဂၤလန္အသင္းရဲ႕ ေလ့က်င့္‌ေရးအစီအစဥ္မွာ ဓာတ္ပုံ႐ိုက္ကူးမႈေတြျပဳလုပ္ခ်ိန္မွာလည္း ဆန္ခ်ိဳက လုံဝ ၾကည္ႏူး ေပ်ာ္႐ႊင္ေနတာေတြ႕ရပါတယ္။ အေျပာင္းအေ႐ႊ႕ အတည္ျဖစ္သြားခ်ိန္မွာ သူ႔ရဲ႕ စိတ္ခံစားခ်က္ေတြဟာ သူ႔ရဲ႕ မ်က္ႏွာမွာ ေက်နပ္ေနမႈေတြကို ေဖာ္ျပေနပါတယ္။ အဂၤလန္အသင္း ဓာတ္ပုံဆရာကလည္း ဒီပုံရိပ္ကိုအမိအရ ႐ိုက္ကူးႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္အသင္းကလည္း ကာလရွည္ ေစာင့္ဆိုင္းေနခဲ့ရတဲ့ ဆန္ခ်ိဳရဲ႕ အေျပာင္းအေ႐ြ႕သေဘာတူညီမႈ ကို တရားဝင္ ေၾကညာသြားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းက အဂၤလန္အသင္းရဲ႕ ယူ႐ို ( ၂၀၂၀ ) ပြဲစဥ္ေတြ ၿပီးဆုံးခ်ိန္မွာ ဆန္ခ်ိဳရဲ႕ ေဆးစစ္ခ်က္ကို ရယူသြားမယ္လို႔ အတည္ျပဳေျပာၾကားထားပါတယ္။ လက္ရွိမွာေတာ့ အေျပာင္းအေ႐ြ႕ ညႇိႏႈိင္းမႈေတြ အဆုံးသတ္ႏိုင္ခဲ့ၿပီျဖစ္တာေၾကာင့္ ဆန္ခ်ိဳအေနနဲ႔ သူေျပာင္းေ႐ႊ႕ကစားခ်င္တဲ့အသင္းဆီကိုေရာက္ရွိလာၿပီျဖစ္တာေၾကာင့္ စိတ္သက္သာရာရေနမွာပါ။ ေဆာက္ဂိတ္အေနနဲ႔ ဒီညမွာ ဆန္ခ်ိဳသာပါဝင္လာခဲ့မယ္ဆိုရင္ သူ႔ရဲ႕ လူေ႐ြးခ်ယ္မႈဟာ မၿပီးျပတ္ႏိုင္တဲ့ ေဒါ့မြန္အသင္းရဲ႕ ေဈးကစားေနမႈကို သေဘာမက်တာေၾကာင့္ ကစားသမားကိုအနားေခၚၿပီး အရံခုံမွာထိုင္ခိုင္းထားတယ္လို႔ ပဲ သုံးသပ္ရေတာ့မွာပါပဲ။

ယူႏိုက္တက္ အသင္းမွာ အသင္းေဖာ္ျဖစ္လာေတာ့မယ့္ မက္ဂြိဳင္းယားကလည္း ” ဆန္ခ်ိဳ က ႁခြင္းခ်က္မရွိတဲ့အရည္အခ်င္းရွိကစားသမားေကာင္းတစ္ေယာက္ျဖစ္ပါတယ္။အသက္ငယ္႐ြယ္ေပမယ့္လည္း ပြဲေပါင္းမ်ားစြာကို သူကစားထားသလို ေျခစြမ္းထက္တဲ့လူငယ္တစ္ေယာက္ျဖစ္တာေၾကာင့္ အနာဂတ္မွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔အတူ ေအာင္ျမင္တဲ့အနာဂတ္တစ္ခုကို သူရရွိလာမွာပါ။ ” ဆိုၿပီး ဆန္ခ်ိဳနဲ႔ ပတ္သက္လို႔ ေျပာၾကားထားပါတယ္။