
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အင်္ဂလန်
======
ဘောလုံးပရီသတ်တွေအကြားမှာ လူသိအများဆုံး ကစားသမားတွေ ပါဝင်နေတဲ့ အင်္ဂလန်အသင်းဟာ ပြိုင်ပွဲတိုင်းမှာ ရေပန်းစားတဲ့ အသင်းအဖြစ် ရှိနေခဲ့ပါတယ်။
ဒါပေမယ့် ယူရိုပြိုင်ပွဲမှာ တစ်ခါမှ ဗိုလ်မစွဲဖူးပါဘူး။
အိမ်ရှင် လုပ်ခဲ့တဲ့ ၁၉၉၆ နောက်ပိုင်း ကစားခဲ့တဲ့ ယူရို ပြိုင်ပွဲတွေမှာလည်း ဘာမှ လုပ်မပြနိုင်ခဲ့တာပါ။
ယူရို ၂၀၀၀ တုန်းက အုပ်စုပြုတ်ခဲ့ပြီး ၂၀၀၈ မှာတုန်းကဆိုရင် ခြေစစ်ပွဲတောင် မအောင်ခဲ့တဲ့ အထိ ဆိုးရွားခဲ့တာပါ။
ဒါပေမယ့် ဆောက်ဂိတ် ရဲ့ လက်အောက်မှာတော့ အင်္ဂလန်အသင်းဟာ တိုးတက်လာခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ ဥရောပ နေးရှင်းလိဂ်တွေမှာ ဆီမီးဖိုင်နယ် အဆင့်တွေကို တက်ရောက်နိုင်ခဲ့ပါတယ်။
ဒီတစ်ကြိမ်မှာလည်း လူစာရင်း တောင့်တင်းတဲ့အတွက် အင်္ဂလန်တို့ ခပ်မြင့်မြင့် နေရာတစ်ခုထိ မျှော်မှန်းထားကြမှာပါ။
၂၀၁၈ ကစပြီး ခနခန တွေ့နေတဲ့ ခရိုအေးရှားဟာ အင်္ဂလန်အသင်းအတွက် အကြီးမားဆုံး စမ်းသပ်မှုပါပဲ။
ဝင်ဘာလေမှာ ကစားမယ့် ဒီအဖွင့်ပွဲကိုသာ အနိုင်ရမယ်ဆိုရင် အုပ်စု ပထမ နေရာဟာ အင်္ဂလန် အတွက် ဖြစ်လာမှာပါ။
အုပ်စု ဗိုလ်ပဲ ဖြစ်ဖြစ် ၊ ဒုတိယပဲ ဖြစ်ဖြစ် နောက်တစ်ဆင့်မှာ အုပ်စု F က အသင်းတွေနဲ့ ဆုံရမှာဖြစ်လို့ အင်္ဂလန်အတွက် ခက်ခဲမှာ သေချာပါတယ်။
အဲ့ဒီ့အဆင့်ကို ကျော်ခဲ့ရင်လည်း ကွာတားမှာ စပိန်နဲ့ ဆုံနိုင်ချေ ရှိပါတယ်။
လက်ရှိလူစာရင်းက ပြင်သစ် ၊ ဘယ်လ်ဂျီယံ တို့ပြီးရင် အတောင့်ဆုံး ဖြစ်တာကြောင့် အမြင့်ဆုံးထိ ရောက်သွားနိုင်သလို ၁၆ သင်းအဆင့်မှာပဲ ပြီးသွားနိုင်ချေလည်းရှိပါတယ်။
ခရိုအေးရှား
=======
၂၀၁၈ ကမ္ဘာ့ ဖလား အပြီးမှာ ခရိုအေးရှားအသင်းရဲ့ ခြေစွမ်းက နည်းနည်း ကျဆင်းသွားခဲ့ပါတယ်။
ရှေ့တန်းမှာ အဓိကတိုက်စစ်မှုးဖြစ်တဲ့ မန်ဇူကစ် အနားယူသွားခဲ့သလို ကွင်းလယ်က အားထားရတဲ့ မိုဒရစ် နဲ့ ပါရီဆစ် တို့ကလည်း အသက်ကြီးလာခဲ့ပါပြီ။
ဒါပေမယ့် ကိုဗာဆစ်၊ မိုဒရစ်၊ဘရိုဇိုဗစ်၊ ပါဆာလစ်၊ ပါရီဆစ် တို့ ရဲ့ ခရိုအေးရှား ကွင်းလယ်အစုအဖွဲ့ကတော့ အထင်ကြီးစရာ ကောင်းနေတုန်းပါပဲ။
ပြိုင်ပွဲလမ်းကြောင်းအရ အုပ်စု တက်တာနဲ့ ၁၆ သင်းအဆင့်မှာ အသင်းကြီး တစ်သင်းသင်း နဲ့ ကျိန်းသေတွေ့ရမှာပါ။
ဒါကြောင့် ခရိုအေးရှား အတွက် သိပ်ပြီး မထူးလှပါဘူး။
အင်္ဂလန် နဲ့ ကစားမယ့် အဖွင့်ပွဲထက် စကော့တလန် ၊ ချက် တို့နဲ့ ကစားမယ့် ပွဲတွေမှာ အမှတ်ပြည့်ရဖို့က ပိုပြီး အရေးကြီးမှာပါ။
၁၆ သင်းအဆင့်ဟာ ခရိုအေးရှားအတွက် လမ်းဆုံးဖို့ များနေပါတယ်။
စကော့တလန်
========
စကော့တလန်ကတော့ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အဆင့်မြင့်ပြိုင်ပွဲ တစ်ခုကို ပထမဆုံးအကြိမ် ပြန်လည်တက်ရောက်လာနိုင်ခဲ့တာပါ။
လီဗာပူး နောက်ခံလူ ရောဘတ်ဆန် ၊ ယူနိုက်တက်က တော်မီနေး ၊ ချဲလ်ဆီးလူငယ် ဘီလီဂေလ်မာတို့ ပါဝင်နေပေမယ့် စကော့တလန်ရဲ့ လူအင်အား ဟာ အုပ်စုတွင်းက ကျန် ၃ သင်းရဲ့ အနောက်မှာပဲ ရှိနေပါတယ်။
ဘောလုံးလောက သဘောတရားအရ မမျှော်လင့် ထားတာတွေကို လုပ်ပြနိုင်ရင်တောင် အုပ်စုအဆင့်ကနေ ကျော်ဖို့ မလွယ်ကူပါဘူး။
ချက်
===
ချက် ဟာ ယူရို ၂၀၀၄ အထိ ဘောလုံး လောကရဲ့ အကောင်းဆုံးတွေကို ပိုင်ဆိုင်ခဲ့ပါတယ်။
တစ်ချိန်က နက်ဗက်၊ ပိုဘော့စကီး ၊ ယန်ခိုလာ ၊ ရိုဆစ်စကီး ၊ ဘားရိုစ့် ၊ ဂျန်ကူလော့စကီး တို့ရဲ့ ရွှေရောင်မျိုးဆက်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခု လောက်တုန်းက ဒိတ်ဒိတ်ကြဲ ဖြစ်ခဲ့တာပါ။
အဲ့ဒိ နောက်မှာတော့ မျိုးဆက် ပြတ်သွားတာကို ရင်ဆိုင်ခဲ့ရပြီး ကမ္ဘာ့အဆင့် ၊ ဥရောပ အဆင့် ပြိုင်ပွဲတွေမှာ အောင်ပွဲတွေနဲ့ ဝေးခဲ့ရပါတယ်။
အခုအချိန်မှာ ချက် ဟာ အိမ်ဖြည့်အသင်းထက် နည်းနည်းပိုတဲ့ အဆင့်မှာသာ ရှိနေပါတယ်။
အင်္ဂလန်၊ ခရိုအေးရှား တို့ဆီက အမှတ်ခွဲယူနိုင်မယ် ဆိုရင်တောင် အုပ်စုကနေတက်ဖို့ မလွယ်ပါဘူး။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အဂၤလန္နဲ႔ ခ႐ိုေအးရွားအဖြင့္ပြဲက အုပ္စု D ရဲ႕ အသက္ပဲ
==============================
အဂၤလန္
======
ေဘာလုံးပရီသတ္ေတြအၾကားမွာ လူသိအမ်ားဆုံး ကစားသမားေတြ ပါဝင္ေနတဲ့ အဂၤလန္အသင္းဟာ ၿပိဳင္ပြဲတိုင္းမွာ ေရပန္းစားတဲ့ အသင္းအျဖစ္ ရွိေနခဲ့ပါတယ္။ ဒါေပမယ့္ ယူ႐ိုၿပိဳင္ပြဲမွာ တစ္ခါမွ ဗိုလ္မစြဲဖူးပါဘူး။ အိမ္ရွင္ လုပ္ခဲ့တဲ့ ၁၉၉၆ ေနာက္ပိုင္း ကစားခဲ့တဲ့ ယူ႐ို ၿပိဳင္ပြဲေတြမွာလည္း ဘာမွ လုပ္မျပႏိုင္ခဲ့တာပါ။ ယူ႐ို ၂၀၀၀ တုန္းက အုပ္စုျပဳတ္ခဲ့ၿပီး ၂၀၀၈ မွာတုန္းကဆိုရင္ ေျခစစ္ပြဲေတာင္ မေအာင္ခဲ့တဲ့ အထိ ဆိုး႐ြားခဲ့တာပါ။
ဒါေပမယ့္ ေဆာက္ဂိတ္ ရဲ႕ လက္ေအာက္မွာေတာ့ အဂၤလန္အသင္းဟာ တိုးတက္လာခဲ့ၿပီး ၂၀၁၈ ကမာၻ႔ဖလား ၿပိဳင္ပြဲနဲ႔ ဥေရာပ ေနးရွင္းလိဂ္ေတြမွာ ဆီမီးဖိုင္နယ္ အဆင့္ေတြကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။ ဒီတစ္ႀကိမ္မွာလည္း လူစာရင္း ေတာင့္တင္းတဲ့အတြက္ အဂၤလန္တို႔ ခပ္ျမင့္ျမင့္ ေနရာတစ္ခုထိ ေမွ်ာ္မွန္းထားၾကမွာပါ ။၂၀၁၈ ကစၿပီး ခနခန ေတြ႕ေနတဲ့ ခ႐ိုေအးရွားဟာ အဂၤလန္အသင္းအတြက္ အႀကီးမားဆုံး စမ္းသပ္မႈပါပဲ။
ဝင္ဘာေလမွာ ကစားမယ့္ ဒီအဖြင့္ပြဲကိုသာ အႏိုင္ရမယ္ဆိုရင္ အုပ္စု ပထမ ေနရာဟာ အဂၤလန္ အတြက္ ျဖစ္လာမွာပါ ။ အုပ္စု ဗိုလ္ပဲ ျဖစ္ျဖစ္ ၊ ဒုတိယပဲ ျဖစ္ျဖစ္ ေနာက္တစ္ဆင့္မွာ အုပ္စု F က အသင္းေတြနဲ႔ ဆုံရမွာျဖစ္လို႔ အဂၤလန္အတြက္ ခက္ခဲမွာ ေသခ်ာပါတယ္။ အဲ့ဒီ့အဆင့္ကို ေက်ာ္ခဲ့ရင္လည္း ကြာတားမွာ စပိန္နဲ႔ ဆုံႏိုင္ေခ် ရွိပါတယ္။ လက္ရွိလူစာရင္းက ျပင္သစ္ ၊ ဘယ္လ္ဂ်ီယံ တို႔ၿပီးရင္ အေတာင့္ဆုံး ျဖစ္တာေၾကာင့္ အျမင့္ဆုံးထိ ေရာက္သြားႏိုင္သလို ၁၆ သင္းအဆင့္မွာပဲ ၿပီးသြားႏိုင္ေခ်လည္းရွိပါတယ္။
ခ႐ိုေအးရွား
=======
၂၀၁၈ ကမာၻ႔ ဖလား အၿပီးမွာ ခ႐ိုေအးရွားအသင္းရဲ႕ ေျခစြမ္းက နည္းနည္း က်ဆင္းသြားခဲ့ပါတယ္ ။ ေရွ႕တန္းမွာ အဓိကတိုက္စစ္မႈးျဖစ္တဲ့ မန္ဇူကစ္ အနားယူသြားခဲ့သလို ကြင္းလယ္က အားထားရတဲ့ မိုဒရစ္ နဲ႔ ပါရီဆစ္ တို႔ကလည္း အသက္ႀကီးလာခဲ့ပါၿပီ။ ဒါေပမယ့္ ကိုဗာဆစ္၊ မိုဒရစ္၊ဘ႐ိုဇိုဗစ္၊ ပါဆာလစ္၊ ပါရီဆစ္ တို႔ ရဲ႕ ခ႐ိုေအးရွား ကြင္းလယ္အစုအဖြဲ႕ကေတာ့ အထင္ႀကီးစရာ ေကာင္းေနတုန္းပါပဲ။
ၿပိဳင္ပြဲလမ္းေၾကာင္းအရ အုပ္စု တက္တာနဲ႔ ၁၆ သင္းအဆင့္မွာ အသင္းႀကီး တစ္သင္းသင္း နဲ႔ က်ိန္းေသေတြ႕ရမွာပါ။ ဒါေၾကာင့္ ခ႐ိုေအးရွား အတြက္ သိပ္ၿပီး မထူးလွပါဘူး ။ အဂၤလန္ နဲ႔ ကစားမယ့္ အဖြင့္ပြဲထက္ စေကာ့တလန္ ၊ ခ်က္ တို႔နဲ႔ ကစားမယ့္ ပြဲေတြမွာ အမွတ္ျပည့္ရဖို႔က ပိုၿပီး အေရးႀကီးမွာပါ။ ၁၆ သင္းအဆင့္ဟာ ခ႐ိုေအးရွားအတြက္ လမ္းဆုံးဖို႔ မ်ားေနပါတယ္။
စေကာ့တလန္
========
စေကာ့တလန္ကေတာ့ ႏွစ္ေပါင္းမ်ားစြာ ေဝးကြာေနတဲ့ အဆင့္ျမင့္ၿပိဳင္ပြဲ တစ္ခုကို ပထမဆုံးအႀကိမ္ ျပန္လည္တက္ေရာက္လာႏိုင္ခဲ့တာပါ။ လီဗာပူး ေနာက္ခံလူ ေရာဘတ္ဆန္ ၊ ယူႏိုက္တက္က ေတာ္မီေနး ၊ ခ်ဲလ္ဆီးလူငယ္ ဘီလီေဂလ္မာတို႔ ပါဝင္ေနေပမယ့္ စေကာ့တလန္ရဲ႕ လူအင္အား ဟာ အုပ္စုတြင္းက က်န္ ၃ သင္းရဲ႕ အေနာက္မွာပဲ ရွိေနပါတယ္။ ေဘာလုံးေလာက သေဘာတရားအရ မေမွ်ာ္လင့္ ထားတာေတြကို လုပ္ျပႏိုင္ရင္ေတာင္ အုပ္စုအဆင့္ကေန ေက်ာ္ဖို႔ မလြယ္ကူပါဘူး။
ခ်က္
===
ခ်က္ ဟာ ယူ႐ို ၂၀၀၄ အထိ ေဘာလုံး ေလာကရဲ႕ အေကာင္းဆုံးေတြကို ပိုင္ဆိုင္ခဲ့ပါတယ္။ တစ္ခ်ိန္က နက္ဗက္၊ ပိုေဘာ့စကီး ၊ ယန္ခိုလာ ၊ ႐ိုဆစ္စကီး ၊ ဘား႐ိုစ့္ ၊ ဂ်န္ကူေလာ့စကီး တို႔ရဲ႕ ေ႐ႊေရာင္မ်ိဳးဆက္ဟာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ ၂ ခု ေလာက္တုန္းက ဒိတ္ဒိတ္ႀကဲ ျဖစ္ခဲ့တာပါ။ အဲ့ဒိ ေနာက္မွာေတာ့ မ်ိဳးဆက္ ျပတ္သြားတာကို ရင္ဆိုင္ခဲ့ရၿပီး ကမာၻ႔အဆင့္ ၊ ဥေရာပ အဆင့္ ၿပိဳင္ပြဲေတြမွာ ေအာင္ပြဲေတြနဲ႔ ေဝးခဲ့ရပါတယ္။ အခုအခ်ိန္မွာ ခ်က္ ဟာ အိမ္ျဖည့္အသင္းထက္ နည္းနည္းပိုတဲ့ အဆင့္မွာသာ ရွိေနပါတယ္။ အဂၤလန္၊ ခ႐ိုေအးရွား တို႔ဆီက အမွတ္ခြဲယူႏိုင္မယ္ ဆိုရင္ေတာင္ အုပ္စုကေနတက္ဖို႔ မလြယ္ပါဘူး။