အင်္ဂလန်နည်းပြဆောက်ဂိတ် ကိုရိုနာဗိုင်းရပ်စ် Positive ဖြစ်ပြီးမှ ပြန်ကောင်း လာတာ ဘယ်ကစားသမားမှမသိရှိခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကမ္ဘာတစ်ဝန်းမှာ ကပ်ရောဂါဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဂယက်ဟာ ဒီတစ်ပတ် နိုင်ငံတကာပွဲစဉ်တွေမှာ ဘောလုံးသမားတွေအတွက် ပိုပြီးစိုးရိမ်စရာကိစ္စဖြစ်လာ ပါတယ်။ ဒီကြားထဲမှာ ဒိန်းမတ်နိုင်ငံမှာဖြစ်ပွားတဲ့ ကိုရိုနာမျိုးရိုးဗီဇပြောင်း ဗိုင်းရပ်စ်သစ်တစ်မျိုးကြောင့် အနောက်ဥရောပမှာ စိုးရိမ်ပူပန်မှုတွေ ထပ်ဖြစ်လာရ ပါသေးတယ်။

အထူးသဖြင့် ဗြိတိန်အစိုးရရဲ့ ကိုဗစ်ဗိုင်းရပ်စ်စည်းမျဉ်းစည်းကမ်းသစ် တွေအရ နိုင်ငံတကာပွဲစဉ်တွေကစားပြီး ပြန်လာတဲ့ ဘောလုံးသမားတွေကို တင်း ကျပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် ဆောက်ဂိတ်တစ်ယောက် ကိုရိုနာ ဗိုင်းရပ်စ် Positive ဖြစ်ပွားသွားခဲ့တဲ့ကိစ္စကိုတော့ အဖွကောင်းတဲ့ အင်္ဂလိပ်မီဒီယာ တွေအပြင် ကစားသမားတွေတစ်ယောက်မှမသိခဲ့ဘူးလို့ ဆိုပါတယ်။

ဆောက်ဂိတ် ဟာ အောက်တိုဘာလကုန်ပိုင်းမှာ ကိုဗစ်ဗိုင်းရပ်စ်ပိုး Positive ဖြစ်ခဲ့ပြီး ၁၀ ရက် ကြာ သီးခြားနေထိုင်ကုသမှုခံယူခဲ့ရတာပါ။ ဒီကာလအတွင်းမှာ သူဟာ အဖျားဝေဒနာလည်းရှိခဲ့ပေမယ့် အင်္ဂလန်ကစားသမားတစ်ယောက်မှမသိရှိခဲ့ပါဘူး။

အသက် ၅၀ ရှိပြီဖြစ်တဲ့ ဆောက်ဂိတ်ဟာ သီးခြားခွဲနေထိုင်ပြီး ကုသမှုခံယူခဲ့တဲ့နောက်ပိုင်း Negative ပြန်ဖြစ်သွားပြီး သူ့ရဲ့လုပ်ငန်းတာဝန်တွေကို ဆက်လက်ထမ်းဆောင်ခဲ့ ပါတယ်။

နေးရှင်းလိဂ်ပြိုင်ပွဲနီးကပ်လာတဲ့အချိန်မှာ ခါတိုင်းလို ပရီးမီးယားလိဂ်ပွဲစဉ် တွေကို လိုက်လံကြည့်ရှုပြီး အင်္ဂလန်လက်ရွေးစင်ကစားသမားတွေရဲ့ခြေစွမ်းကို ဆောက်ဂိတ်တစ်ယောက် လိုက်ကြည့်တာမျိုးမလုပ်ခဲ့ဘဲ နော့ယော့ခ်ရှိုင်းယားက သူ့ရဲ့နေအိမ်မှာ သီးခြားကုသမှုခံယူနေခဲ့တာပါ။

The Sun ရဲ့ ဖော်ပြချက်အရ သူ့ရဲ့အသက်အရွယ်နဲ့ အခုလိုမျိုးအမြန်ဆုံးပြန်လည်ကျန်းမာလာတာ ချီးကျူးရ မှာဖြစ်ပြီး ကြံ့ခိုင်မှုကောင်းမွန်ခြင်းကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဆောက်ဂိတ် ဟာ အောက်တိုဘာ ၂၅ ရက်နေ့မှာ Positive စဖြစ်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၅ ရက် နေ့ စစ်ဆေးမှုမှာတော့ Negative ဖြစ်သွားခဲ့ပါတယ်။

အက်ဖ်အေက ထုတ်ပြန် ထားတဲ့ ကိုဗစ်စည်းမျဉ်းတွေအတိုင်း လိုက်နာခဲ့တဲ့ဆောက်ဂိတ်ဟာ သူ့ရဲ့လစာ တစ်နှစ်ပေါင် ၅ သန်းရဲ့ ၃၀ ရာခိုင်နှုန်း လျှော့ချဖြတ်တောက်မှုကိုလည်း လက်ခံခဲ့ တဲ့သူပါ။

ဆောက်ဂိတ်က “အခုချိန်မှာ နိုင်ငံအနေနဲ့ ပုံမှန်အတိုင်း လူမှုရေး၊ စီးပွား ရေးတွေ နလန်ထလည်ပတ်နိုင်ဖို့က အရေးကြီးဆုံးပါပဲ။အားကစားရပ်ဝန်းမှာရှိတဲ့ သူတွေအနေနဲ့လည်း ဘာကိုမှကြိုတင်မခန့်မှန်းနိုင်တဲ့ အခုလိုဘဝကြီးမှာ အားလုံး အတူတကွစုစည်းညီညွတ်ဖို့ အရေးကြီးပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အဂၤလန္နည္းျပေဆာက္ဂိတ္ ကုိရိုနာဗိုင္းရပ္စ္ Positive ျဖစ္ၿပီးမွ ျပန္ေကာင္း လာတာ ဘယ္ကစားသမားမွမသိရွိခဲ့

ကမာၻတစ္၀န္းမွာ ကပ္ေရာဂါျဖစ္ေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ဂယက္ဟာ ဒီတစ္ပတ္ ႏိုင္ငံတကာပြဲစဥ္ေတြမွာ ေဘာလံုးသမားေတြအတြက္ ပိုၿပီးစိုးရိမ္စရာကိစၥျဖစ္လာ ပါတယ္။ ဒီၾကားထဲမွာ ဒိန္းမတ္ႏိုင္ငံမွာျဖစ္ပြားတဲ့ ကိုရိုနာမ်ဳိးရိုးဗီဇေျပာင္း ဗိုင္းရပ္စ္သစ္တစ္မ်ဳိးေၾကာင့္ အေနာက္ဥေရာပမွာ စိုးရိမ္ပူပန္မႈေတြ ထပ္ျဖစ္လာရ ပါေသးတယ္။

အထူးသျဖင့္ ၿဗိတိန္အစိုးရရဲ႕ ကိုဗစ္ဗိုင္းရပ္စ္စည္းမ်ဥ္းစည္းကမ္းသစ္ ေတြအရ ႏိုင္ငံတကာပြဲစဥ္ေတြကစားၿပီး ျပန္လာတဲ့ ေဘာလံုးသမားေတြကို တင္း က်ပ္တဲ့စစ္ေဆးမႈေတြ ျပဳလုပ္သြားမယ္လုိ႔ ထုတ္ျပန္ထားပါတယ္။

ဒါေပမဲ့ အဂၤလန္လက္ေရြးစင္အသင္းရဲ႕ နည္းျပခ်ဳပ္ ေဆာက္ဂိတ္တစ္ေယာက္ ကိုရိုနာ ဗိုင္းရပ္စ္ Positive ျဖစ္ပြားသြားခဲ့တဲ့ကိစၥကိုေတာ့ အဖြေကာင္းတဲ့ အဂၤလိပ္မီဒီယာ ေတြအျပင္ ကစားသမားေတြတစ္ေယာက္မွမသိခဲ့ဘူးလို႔ ဆုိပါတယ္။

ေဆာက္ဂိတ္ ဟာ ေအာက္တိုဘာလကုန္ပိုင္းမွာ ကိုဗစ္ဗိုင္းရပ္စ္ပိုး Positive ျဖစ္ခဲ့ၿပီး ၁၀ ရက္ ၾကာ သီးျခားေနထိုင္ကုသမႈခံယူခဲ့ရတာပါ။ ဒီကာလအတြင္းမွာ သူဟာ အဖ်ားေ၀ဒနာလည္းရွိခဲ့ေပမယ့္ အဂၤလန္ကစားသမားတစ္ေယာက္မွမသိရွိခဲ့ပါဘူး။

အသက္ ၅၀ ရွိၿပီျဖစ္တဲ့ ေဆာက္ဂိတ္ဟာ သီးျခားခြဲေနထိုင္ၿပီး ကုသမႈခံယူခဲ့တဲ့ေနာက္ပိုင္း Negative ျပန္ျဖစ္သြားၿပီး သူ႕ရဲ႕လုပ္ငန္းတာ၀န္ေတြကို ဆက္လက္ထမ္းေဆာင္ခဲ့ ပါတယ္။ ေနးရွင္းလိဂ္ၿပိဳင္ပြဲနီးကပ္လာတဲ့အခ်ိန္မွာ ခါတိုင္းလို ပရီးမီးယားလိဂ္ပြဲစဥ္ ေတြကို လိုက္လံၾကည့္ရႈၿပီး အဂၤလန္လက္ေရြးစင္ကစားသမားေတြရဲ႕ေျခစြမ္းကို ေဆာက္ဂိတ္တစ္ေယာက္ လိုက္ၾကည့္တာမ်ဳိးမလုပ္ခဲ့ဘဲ ေနာ့ေယာ့ခ္ရိႈင္းယားက သူ႕ရဲ႕ေနအိမ္မွာ သီးျခားကုသမႈခံယူေနခဲ့တာပါ။

The Sun ရဲ႕ ေဖာ္ျပခ်က္အရ သူ႕ရဲ႕အသက္အရြယ္နဲ႔ အခုလိုမ်ဳိးအျမန္ဆံုးျပန္လည္က်န္းမာလာတာ ခ်ီးက်ဴးရ မွာျဖစ္ၿပီး ႀကံ့ခိုင္မႈေကာင္းမြန္ျခင္းေၾကာင့္ျဖစ္တယ္လို႔ သိရပါတယ္။ ေဆာက္ဂိတ္ ဟာ ေအာက္တိုဘာ ၂၅ ရက္ေန႔မွာ Positive စျဖစ္ခဲ့တာျဖစ္ၿပီး ႏုိ၀င္ဘာ ၅ ရက္ ေန႔ စစ္ေဆးမႈမွာေတာ့ Negative ျဖစ္သြားခဲ့ပါတယ္။

အက္ဖ္ေအက ထုတ္ျပန္ ထားတဲ့ ကိုဗစ္စည္းမ်ဥ္းေတြအတိုင္း လိုက္နာခဲ့တဲ့ေဆာက္ဂိတ္ဟာ သူ႕ရဲ႕လစာ တစ္ႏွစ္ေပါင္ ၅ သန္းရဲ႕ ၃၀ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ျဖတ္ေတာက္မႈကိုလည္း လက္ခံခဲ့ တဲ့သူပါ။

ေဆာက္ဂိတ္က “အခုခ်ိန္မွာ ႏိုင္ငံအေနနဲ႔ ပံုမွန္အတိုင္း လူမႈေရး၊ စီးပြား ေရးေတြ နလန္ထလည္ပတ္ႏိုင္ဖို႔က အေရးႀကီးဆံုးပါပဲ။အားကစားရပ္၀န္းမွာရွိတဲ့ သူေတြအေနနဲ႔လည္း ဘာကိုမွႀကိဳတင္မခန္႔မွန္းႏိုင္တဲ့ အခုလိုဘ၀ႀကီးမွာ အားလံုး အတူတကြစုစည္းညီညြတ္ဖို႔ အေရးႀကီးပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။