အင်္ဂလန်က အီတလီကို ပွဲချိန် မိနစ် (၉၀) မှာ (၁-၀) နဲ့ အနိုင်ယူပြီး ယူရိုဖလား ရရှိလိမ့်မယ်လို့ ခန့်မှန်းတဲ့ ဘာဘာတော့ဗ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တိုက်စစ်မှုးဟောင်း ဘာဘာတော့ဗ်က လာမယ့် တနင်္ဂနွေနေ့ည၊ ဝင်ဘာလေကွင်းမှာ ကစားမယ့် (၂၀၂၀) ယူရို ဗိုလ်လုပွဲစဥ်မှာ အင်္ဂလန်အသင်းက အီတလီအသင်းကို သာမန်ပွဲကစားချိန် မိနစ် (၉၀) မှာ (၁-၀) နဲ့ အနိုင်ရမယ်လို့ ခန့်မှန်းသွားပါတယ်။

ခြင်္သေ့သုံးကောင် အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ဒိန်းမတ်အသင်းကို (၂-၁) ရလဒ်နဲ့ အနိုင်ကစားခဲ့တာကြောင့် နှစ်ပေါင်း (၅၅) နှစ်အတွင်းမှာ ပထမဆုံး အကြိမ် အဖြစ် အဓိက နိုင်ငံ့ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ရောက်ရှိသွားခဲ့ပါတယ်။

နည်းပြ မန်စီနီရဲ့ အီတလီအသင်းဟာ ရှုံးထွက် အဆင့်ပွဲစဥ်တွေမှာ ဘယ်လ်ဂျီယံအသင်း နဲ့ စပိန်အသင်းတို့ကို အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲကို ရောက်ရှိလာခဲ့ပြီး အီတလီ သမိုင်း တစ်လျှောက် လက်ရွေးစင် ပွဲစဥ် (၃၃) ပွဲဆက် ရှုံးပွဲ မရှိသေးပါ။

အီတလီအသင်းဟာ ရလဒ်ကောင်းတွေ ရရှိခဲ့ပေမယ့်လည်း ဘာဘာတော့ဗ်က တနင်္ဂနွေနေ့ညမှာ ကစားမယ့် ယူရို ဗိုလ်လုပွဲစဥ်မှာ အင်္ဂလန်ကသာ အနိုင်ရမှာ ဖြစ်ပြီး ဒီနှစ်က အင်္ဂလန်ရဲ့ နှစ်ဖြစ်မယ်လို့ အာရုံရနေတယ်လို့ ပြောသွားပါတယ်။

ဘာဘာတော့ဗ်က “ယူရို (၂၀၂၀) ရဲ့ ဗိုလ်လုပွဲကို ရောက်တာက အင်္ဂလန်အသင်းအတွက်ကတော့ ကြီးမားတဲ့ အောင်မြင်မှုပါ။

ဒီနှစ်က အင်္ဂလန်ရဲ့ နှစ် ဖြစ်မယ်လို့ ကျွန်တော် အာရုံတွေ ရမိတယ်။

ဒီအရာက သူတို့တွေနဲ့ လုံးဝ ထိုက်တန်ပါတယ်´´

“သူတို့ရဲ့ ပြိုင်ဘက် အီတလီအသင်းမှာ အလွန် ကောင်းမွန်တဲ့ ကစားသမားတွေ ရှိတယ်။

ဒီတော့ တနင်္ဂနွေနေ့ည ပွဲစဥ်က လွယ်ကူမှာ မဟုတ်ဘူး။

အင်္ဂလန်အသင်း သတိထားရမယ့် တစ်ခုတည်းသော အရာကတော့ စိတ်ဖိစီးမှုပဲ ဖြစ်ပါတယ်´´

“အီတလီအသင်းက (၃၃) ပွဲဆက် ရှုံးပွဲမရှိဘူး။ ပြိုင်ပွဲမှာ ပျော်ရွှင်နေတယ်။

သူတို့က စိတ်ပြင်းပြတယ်။ စုဖွဲ့မှုကောင်းတယ်။ တစ်ပွဲလုံး ပြေးကစားလိမ့်မယ်။

ဒါပေမယ့် ကျွန်တော်ကတော့ အင်္ဂလန်အသင်းကိုပဲ ယုံတယ်။ လုံးဝကို ယုံကြည်တယ်´´

“ကျွန်တော် သွင်းဂိုးတွေကို မြင်ချင်မိပါတယ်။

ဒါပေမယ့် နှစ်သင်းစလုံးက သတိထားကြလိမ့်မယ်။

အင်္ဂလန်က သာမန် ပွဲကစားချိန်မှာ (၁-၀) ရလဒ်နဲ့ အနိုင်ရမယ်။

အင်္ဂလန်က ဒီဖလားကို အိမ်ယူလာနိုင်ပါတယ်။ ကံကောင်းပါစေ´´လို့ ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အဂၤလန္က အီတလီကို ပြဲခ်ိန္ မိနစ္ (၉၀) မွာ (၁-၀) နဲ႔ အႏိုင္ယူၿပီး ယူ႐ိုဖလား ရရွိလိမ့္မယ္လို႔ ခန္႔မွန္းတဲ့ ဘာဘာေတာ့ဗ္

တိုက္စစ္မႈးေဟာင္း ဘာဘာေတာ့ဗ္က လာမယ့္ တနဂၤေႏြေန႔ည၊ ဝင္ဘာေလကြင္းမွာ ကစားမယ့္ (၂၀၂၀) ယူ႐ို ဗိုလ္လုပြဲစဥ္မွာ အဂၤလန္အသင္းက အီတလီအသင္းကို သာမန္ပြဲကစားခ်ိန္ မိနစ္ (၉၀) မွာ (၁-၀) နဲ႔ အႏိုင္ရမယ္လို႔ ခန္႔မွန္းသြားပါတယ္။

ျခေသၤ့သုံးေကာင္ အဂၤလန္အသင္းဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ညက ဒိန္းမတ္အသင္းကို (၂-၁) ရလဒ္နဲ႔ အႏိုင္ကစားခဲ့တာေၾကာင့္ ႏွစ္ေပါင္း (၅၅) ႏွစ္အတြင္းမွာ ပထမဆုံး အႀကိမ္ အျဖစ္ အဓိက ႏိုင္ငံ့ ၿပိဳင္ပြဲရဲ႕ ဗိုလ္လုပြဲကို ေရာက္ရွိသြားခဲ့ပါတယ္။

နည္းျပ မန္စီနီရဲ႕ အီတလီအသင္းဟာ ရႈံးထြက္ အဆင့္ပြဲစဥ္ေတြမွာ ဘယ္လ္ဂ်ီယံအသင္း နဲ႔ စပိန္အသင္းတို႔ကို အႏိုင္ရခဲ့တာေၾကာင့္ ဗိုလ္လုပြဲကို ေရာက္ရွိလာခဲ့ၿပီး အီတလီ သမိုင္း တစ္ေလွ်ာက္ လက္ေ႐ြးစင္ ပြဲစဥ္ (၃၃) ပြဲဆက္ ရႈံးပြဲ မရွိေသးပါ။

အီတလီအသင္းဟာ ရလဒ္ေကာင္းေတြ ရရွိခဲ့ေပမယ့္လည္း ဘာဘာေတာ့ဗ္က တနဂၤေႏြေန႔ညမွာ ကစားမယ့္ ယူ႐ို ဗိုလ္လုပြဲစဥ္မွာ အဂၤလန္ကသာ အႏိုင္ရမွာ ျဖစ္ၿပီး ဒီႏွစ္က အဂၤလန္ရဲ႕ ႏွစ္ျဖစ္မယ္လို႔ အာ႐ုံရေနတယ္လို႔ ေျပာသြားပါတယ္။

ဘာဘာေတာ့ဗ္က “ယူ႐ို (၂၀၂၀) ရဲ႕ ဗိုလ္လုပြဲကို ေရာက္တာက အဂၤလန္အသင္းအတြက္ကေတာ့ ႀကီးမားတဲ့ ေအာင္ျမင္မႈပါ။ ဒီႏွစ္က အဂၤလန္ရဲ႕ ႏွစ္ ျဖစ္မယ္လို႔ ကြၽန္ေတာ္ အာ႐ုံေတြ ရမိတယ္။ ဒီအရာက သူတို႔ေတြနဲ႔ လုံးဝ ထိုက္တန္ပါတယ္´´

“သူတို႔ရဲ႕ ၿပိဳင္ဘက္ အီတလီအသင္းမွာ အလြန္ ေကာင္းမြန္တဲ့ ကစားသမားေတြ ရွိတယ္။ ဒီေတာ့ တနဂၤေႏြေန႔ည ပြဲစဥ္က လြယ္ကူမွာ မဟုတ္ဘူး။အဂၤလန္အသင္း သတိထားရမယ့္ တစ္ခုတည္းေသာ အရာကေတာ့ စိတ္ဖိစီးမႈပဲ ျဖစ္ပါတယ္´´

“အီတလီအသင္းက (၃၃) ပြဲဆက္ ရႈံးပြဲမရွိဘူး။ ၿပိဳင္ပြဲမွာ ေပ်ာ္႐ႊင္ေနတယ္။ သူတို႔က စိတ္ျပင္းျပတယ္။ စုဖြဲ႕မႈေကာင္းတယ္။ တစ္ပြဲလုံး ေျပးကစားလိမ့္မယ္။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ အဂၤလန္အသင္းကိုပဲ ယုံတယ္။ လုံးဝကို ယုံၾကည္တယ္´´

“ကြၽန္ေတာ္ သြင္းဂိုးေတြကို ျမင္ခ်င္မိပါတယ္။ ဒါေပမယ့္ ႏွစ္သင္းစလုံးက သတိထားၾကလိမ့္မယ္။ အဂၤလန္က သာမန္ ပြဲကစားခ်ိန္မွာ (၁-၀) ရလဒ္နဲ႔ အႏိုင္ရမယ္။ အဂၤလန္က ဒီဖလားကို အိမ္ယူလာႏိုင္ပါတယ္။ ကံေကာင္းပါေစ´´လို႔ ေျပာပါတယ္။