အင်္ဂလန်က ဘယ်လ်ဂျီယံ၊ ပေါ်တူဂီက ပြင်သစ်နဲ့တွေ့နေတဲ့ နေးရှင်းလိဂ်အုပ်စုတွေထွက်ပေါ်

photo-goal

photo-gettyimages

ဒုတိယအကြိမ်မြောက်ဖြစ်တဲ့ ၂၀၂၀-၂၁ ရာသီအတွက် နေးရှင်းလိဂ်ပြိုင်ပွဲအုပ်စုမဲခွဲပွဲကို မနေ့ညက နယ်သာလန်နိုင်ငံ၊ မြို့တော်အမ်စတာဒမ်မှာ ကျင်းပခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့အုပ်စုတွေအရ လက်ရှိချန်ပီယံပေါ်တူဂီဟာ ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်နဲ့ တစ်အုပ်စုတည်းကျနေပါတယ်။ ပေါ်တူဂီနဲ့ ပြင်သစ်တို့ရဲ့အဲဒီအုပ်စုမှာ ခရိုအေးရှားလည်း ပါဝင်နေတာကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့မကျေပွဲကို ပြန်လည်မြင်တွေ့ရမှာပါ။

photo-gettyimages

အခြားတစ်ဖက်မှာတော့ အင်္ဂလန်ဟာ လက်ရှိဖီဖာကမ္ဘာ့အဆင့်-၁ ဘယ်လ်ဂျီယံနဲ့တစ်အုပ်စုတည်းကျနေကာ အဲဒီအုပ်စုမှာ ဒိန်းမတ်နဲ့အိုက်စလန်တို့လည်း ပါဝင်နေကြတာပါ။ စပိန်ကတော့ အုပ်စု A4 မှာ ဂျာမနီနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အုပ်စု A1 မှာတော့ နယ်သာလန်နဲ့အီတလီတို့ထိပ်တိုက်တွေ့နေကြပါတယ်။ အသင်းကြီးတွေပါတဲ့ လိဂ် A အပြင် လိဂ် B ၊ လိဂ် C နဲ့ လိဂ် D တို့အတွက်လည်း အုပ်စုတွေထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ အုပ်စုအဆင့်ပွဲစဉ်တွေကိုတော့ လာမယ့် စက်တင်ဘာကနေ နိုဝင်ဘာအထိ ကျင်းပသွားမှာဖြစ်ပြီး လိဂ် A ရဲ့အုပ်စုဗိုလ် ၄ သင်းဟာ ၂၀၂၁ နွေရာသီရောက်မှ နောက်ဆုံးအဆင့်အဖြစ် ဆီမီးပွဲတွေကစားရမှာပါ။

photo-UEFA

လိဂ် A အုပ်စုများ

အုပ်စု A1 – နယ်သာလန်၊ အီတလီ၊ ဘော့စနီးယား၊ ပိုလန်

အုပ်စု A2 – အင်္ဂလန်၊ဘယ်လ်ဂျီယံ၊ဒိန်းမတ်၊အိုက်စလန်

အုပ်စု A3 – ပေါ်တူဂီ၊ ပြင်သစ်၊ ခရိုအေးရှား၊ ဆွီဒင်

အုပ်စု A4 – စပိန်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ယူကရိန်း

[Zawgyi]

အဂၤလန္က ဘယ္လ္ဂ်ီယံ၊ ေပၚတူဂီက ျပင္သစ္နဲ႔ေတြ႔ေနတဲ့ ေနးရွင္းလိဂ္အုပ္စုေတြထြက္ေပၚ

ဒုတိယအႀကိမ္ေျမာက္ျဖစ္တဲ့ ၂၀၂၀-၂၁ ရာသီအတြက္ ေနးရွင္းလိဂ္ၿပိဳင္ပြဲအုပ္စုမဲခြဲပြဲကို မေန႔ညက နယ္သာလန္ႏိုင္ငံ၊ ၿမိဳ႕ေတာ္အမ္စတာဒမ္မွာ က်င္းပခဲ့ပါတယ္။ ထြက္ေပၚလာတဲ့အုပ္စုေတြအရ လက္ရွိခ်န္ပီယံေပၚတူဂီဟာ ကမာၻ႔ဖလားခ်န္ပီယံျပင္သစ္နဲ႔ တစ္အုပ္စုတည္းက်ေနပါတယ္။ ေပၚတူဂီနဲ႔ ျပင္သစ္တုိ႔ရဲ႕အဲဒီအုပ္စုမွာ ခရိုေအးရွားလည္း ပါ၀င္ေနတာေၾကာင့္ ၂၀၁၈ ကမာၻ႔ဖလားဗုိလ္လုပြဲရဲ႕မေက်ပြဲကုိ ျပန္လည္ျမင္ေတြ႕ရမွာပါ။

အျခားတစ္ဖက္မွာေတာ့ အဂၤလန္ဟာ လက္ရွိဖီဖာကမာၻ႔အဆင့္-၁ ဘယ္လ္ဂ်ီယံနဲ႔တစ္အုပ္စုတည္းက်ေနကာ အဲဒီအုပ္စုမွာ ဒိန္းမတ္နဲ႔အုိက္စလန္တုိ႔လည္း ပါ၀င္ေနၾကတာပါ။ စပိန္ကေတာ့ အုပ္စုု A4 မွာ ဂ်ာမနီနဲ႔ရင္ဆိုင္ရမွာျဖစ္ၿပီး အုပ္စု A1 မွာေတာ့ နယ္သာလန္နဲ႔အီတလီတို႔ထိပ္တိုက္ေတြ႕ေနၾကပါတယ္။ အသင္းႀကီးေတြပါတဲ့ လိဂ္ A အျပင္ လိဂ္ B ၊ လိဂ္ C နဲ႔ လိဂ္ D တို႔အတြက္လည္း အုပ္စုေတြထြက္ေပၚလာၿပီ ျဖစ္ပါတယ္။ အုပ္စုအဆင့္ပြဲစဥ္ေတြကိုေတာ့ လာမယ့္ စက္တင္ဘာကေန ႏုိ၀င္ဘာအထိ က်င္းပသြားမွာျဖစ္ၿပီး လိဂ္ A ရဲ႕အုပ္စုဗုိလ္ ၄ သငး္ဟာ ၂၀၂၁ ေႏြရာသီေရာက္မွ ေနာက္ဆုံးအဆင့္အျဖစ္ ဆီမီးပြဲေတြကစားရမွာပါ။

လိဂ္ A အုပ္စုမ်ား

အုပ္စု A1 – နယ္သာလန္၊ အီတလီ၊ ေဘာ့စနီးယား၊ ပိုလန္

အုပ္စု A2 – အဂၤလန္၊ဘယ္လ္ဂ်ီယံ၊ဒိန္းမတ္၊အိုက္စလန္

အုပ္စု A3 – ေပၚတူဂီ၊ ျပင္သစ္၊ ခရိုေအးရွား၊ ဆြီဒင္

အုပ္စု A4 – စပိန္၊ ဂ်ာမနီ၊ ဆြစ္ဇာလန္၊ ယူကရိန္း