အင်တာ၊PSG နဲ့ အဲရစ်ဆင်၊မော့ဆက်၊ကာဗာနီ၊ဖာနန်ဒက်စ် တို့ရဲ့သတင်းအတိုအစများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

photo internet

အင်တာမီလန် အသင်းဟာ အဲရစ်ဆင် ကို ခေါ်ယူဖို့ အတွက် နောက်ထပ် ပြောင်းရွှေ့ကြေး ပေါင် 11 သန်း + စွမ်းဆောင်မှု ပိုင်းဆိုင်ရာ အချက်နှစ်ချက် နဲ့ ထပ်မံ ကမ်းလှမ်းလိုက်ပြန်ပါပြီ။ ကွန်တီဟာ သူ့ရဲ့ တစ်ချိန်က တပည့်ကျော် မော့ဆက်ကို အငှားနဲ့ ခေါ်ယူဖို့ အတွက် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီး ဘက်ကတော့ ကစားသမား ရဲ့ ဆန္ဒအတိုင်း ခွင့်ပြုဖို့ ဆုံးဖြတ်ထားပါတယ်။

photo internet

PSG အသင်းက ကာဗာနီ ဟာ ကလပ်ကို စွန့် ခွာ ဖို့ လုပ်ဆောင်နေတယ်လို့ကြားရပြီး၊ သူဟာအသက်လက်တီကို မက်ဒရစ် ဆီ ပြောင်းရွှေ့ ဖို့ ဆန္ဒရှိတယ်လို့ကြားရပါတယ်။ ဒါပေမယ့် ယူနိုက်တက် နဲ့ လည်း သတင်းထွက်နေ ပါတယ် ။

photo internet

ယူနိုက်တက် အသင်း နဲ့ ကြန့်ကြာ နေတဲ့ စပို့တင်း ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ကို မန်ချက်စတာ စီးတီး အသင်း က စိတ်ဝင်စား နေပြီ ဆိုတဲ့ သတင်း တစ်ပုဒ် လည်းထွက်ပေါ် လာခဲ့ ပါတယ် ။

photo internet

ရီးရဲမက်ဒရစ် အသင်းဟာ ဖလာမင်ဂို အသင်းရဲ့ အသက် 18 နှစ်အရွယ် လူငယ် ကွင်းလယ် ကစားသမားလေး ရိုင်နီယာ ကို ယူရို သန်း 30 နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပြီး 6 နှစ် စာချုပ် ချုပ်ဆိုသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)




