အင်တာအတွက် ပွဲဦးထွက်မှာပဲ Perfect Cross နဲ့ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့တဲ့ အက်ရှ်လေယန်း

Photo Credit

Photo Credit

အင်တာမီလန်နောက်ခံလူ အက်ရှ်လေယန်းဟာ အသင်းသစ်အတွက် ပထမဆုံးပွဲဦးထွက်မှာပဲ တိကျသေသပ်တဲ့ထောင့်ဖြတ်ဘောနဲ့အတူ တိုက်စစ်မှူး မာတီနက်ဇ်အတွက် အကောင်းဆုံးဖန်တီးမှုပြုလုပ်ရင်း ယူနိုက်တက်မှာ နောက်ပိုင်းရင်ဆိုင်ခဲ့ရတဲ့ခါးသီးနေ့ရက်တွေကို အဆုံးသတ်လိုက်ပါတယ်။

Photo Credit

ချဲလ်ဆီးအသင်းနည်းပြဟောင်းဖြစ်တဲ့ လက်ရှိအင်တာမီလန်နည်းပြ ကွန်တီဟာ ယူနိုက်တက်မှာ အခြေမလှဖြစ်တဲ့ ကစားသမားအများစုကို ခေါ်ယူခဲ့ပြီး ဆန်းချက်ဇ်ကလွဲလို့ ကျန်ကစားသမားတွေက ခြေစွမ်းပြနေလို့ ယူနိုက်တက်အတွက်တော့ လွတ်တဲ့ငါး ကြီး ဆိုသလိုဖြစ်နေပါတယ်။

Photo Credit

အထူးသဖြင့် ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်ကနေ ရောက်လာတဲ့ တိုက်စစ်မှူး လူကာကူဆိုရင် အင်တာရောက်မှ ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးပုံစံရရှိနေပြီး စီးရီးအေမှာ ဂိုးတွေတောက်လျှောက် မြူးနေပါတယ်။

https://twitter.com/Zwodde15/status/1221404633593151489

Video Credit

အသက် ၃၄နှစ်အရွယ်ရှိ အက်ရှ်လေယန်းဟာ လွန်ခဲ့တဲ့ ၉ရက်ကမှ ယူနိုက်တက်ကနေ ရောက်လာသူဖြစ်ပြီး ယခုရာသီ အသင်းဟောင်းအတွက် ဂိုးဖန်တီးမှု တစ်ကြိမ်မှမပြုလုပ်နိုင်ခဲ့ပေမယ့် အင်တာမီလန်အတွက် ဂိုးဖန်တီးမှု ပြုလုပ်ဖို့ ၂၉ မိနစ်ပဲ အချိန်ယူခဲ့ရပါတယ်။

Photo Credit

အက်ရှ်လေယန်းဟာ ယခုရာသီမှာ ယူနိုက်တက်အတွက် လိဂ် ၁၂ပွဲသာကစားခဲ့ရပြီး ၂၀၂၀ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ အင်တာမီလန်က ဇန်နဝါရီလမှာပဲ ပေါင် ၁.၂၈ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

Photo Credit

အက်စ်တွန်ဗီလာအသင်းမှာ ကစားခဲ့စဉ်က တောင်ပံကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့တဲ့ အက်ရှ်လေယန်းဟာ အင်တာနည်းပြ ကွန်တီရဲ့ ၃-၅-၂ ပုံမှာ Wing back အဖြစ် ကစားခွင့်ရခဲ့လို့ တိုက်စစ်ကို ပိုမိုလိုက်ပါကူညီနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုပါ ပြုလုပ်ပေးနိုင်ခဲ့တာပါ။

Photo Credit

သူဟာ ပွဲချိန် ၂၉ မိနစ်မှာ တိုက်စစ်မှူး မာတီနက်ဇ် လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရရှိအောင် ညာတောင်ပံကနေ တိကျတဲ့ထောင့်ဖြတ်ဘော ပေးပို့ခဲ့တာဖြစ်ပါတယ်။

Photo Credit

တိုက်စစ်မှူး လူကာကူကလည်း ကက်ဂလီယာရီနဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် စီးရီးအေမှာ ၁၄ဂိုးအထိ သွင်းယူထားပြီး အင်တာမီလန်အသင်းရဲ့ ချန်ပီယံဖြစ်ရေးအိပ်မက်ကို အဓိကနေရာကနေ ပုံဖော်နေပါတယ်။

Photo Credit

Zawgyi

အင္တာအတြက္ ပြဲဦးထြက္မွာပဲ Perfect Cross နဲ႔ ဂိုးဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့တဲ့ အက္ရွ္ေလယန္း

အင္တာမီလန္ေနာက္ခံလူ အက္ရွ္ေလယန္းဟာ အသင္းသစ္အတြက္ ပထမဆုံးပဲြဦးထြက္မွာပဲ တိက်ေသသပ္တဲ့ေထာင့္ျဖတ္ေဘာနဲ႔အတူ တုိက္စစ္မွဴး မာတီနက္ဇ္အတြက္ အေကာင္းဆုံးဖန္တီးမႈျပဳလုပ္ရင္း ယူႏုိက္တက္မွာ ေနာက္ပိုင္းရင္ဆုိင္ခဲ့ရတဲ့ခါးသီးေန႔ရက္ေတြကို အဆုံးသတ္လုိက္ပါတယ္။
ခ်ဲလ္ဆီးအသင္းနည္းျပေဟာင္းျဖစ္တဲ့ လက္ရွိအင္တာမီလန္နည္းျပ ကြန္တီဟာ ယူႏုိက္တက္မွာ အေျခမလွျဖစ္တဲ့ ကစားသမားအမ်ားစုကုိ ေခၚယူခဲ့ၿပီး ဆန္းခ်က္ဇ္ကလြဲလုိ႔ က်န္ကစားသမားေတြက ေျခစြမ္းျပေနလုိ႔ ယူႏုိက္တက္အတြက္ေတာ့ လြတ္တဲ့ငါး ႀကီး ဆုိသလုိျဖစ္ေနပါတယ္။
အထူးသျဖင့္ ၿပီးခဲ့တဲ့ေႏြရာသီက ယူႏုိက္တက္ကေန ေရာက္လာတဲ့ တုိက္စစ္မွဴး လူကာကူဆိုရင္ အင္တာေရာက္မွ ကစားသမားဘ၀တစ္ေလွ်ာက္ အေကာင္းဆုံးပုံစံရရွိေနၿပီး စီးရီးေအမွာ ဂိုးေတြေတာက္ေလွ်ာက္ ျမဴးေနပါတယ္။
အသက္ ၃၄ႏွစ္အရြယ္ရွိ အက္ရွ္ေလယန္းဟာ လြန္ခဲ့တ့ဲ ၉ရက္ကမွ ယူႏုိက္တက္ကေန ေရာက္လာသူျဖစ္ၿပီး ယခုရာသီ အသင္းေဟာင္းအတြက္ ဂိုးဖန္တီးမႈ တစ္ႀကိမ္မွမျပဳလုပ္ႏိုင္ခဲ့ေပမယ့္ အင္တာမီလန္အတြက္ ဂိုးဖန္တီးမႈ ျပဳလုပ္ဖို႔ ၂၉ မိနစ္ပဲ အခ်ိန္ယူခဲ့ရပါတယ္။
အက္ရွ္ေလယန္းဟာ ယခုရာသီမွာ ယူႏုိက္တက္အတြက္ လိဂ္ ၁၂ပြဲသာကစားခဲ့ရၿပီး ၂၀၂၀ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္လုိ႔ အင္တာမီလန္က ဇန္န၀ါရီလမွာပဲ ေပါင္ ၁.၂၈ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။
အက္စ္တြန္ဗီလာအသင္းမွာ ကစားခဲ့စဥ္က ေတာင္ပံကစားသမားအျဖစ္ ေျခစြမ္းျပႏိုင္ခဲ့တဲ့ အက္ရွ္ေလယန္းဟာ အင္တာနည္းျပ ကြန္တီရဲ႕ ၃-၅-၂ ပုံမွာ Wing back အျဖစ္ ကစားခြင့္ရခဲ့လုိ႔ တုိက္စစ္ကို ပိုမိုလုိက္ပါကူညီႏိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈပါ ျပဳလုပ္ေပးႏိုင္ခဲ့တာပါ။
သူဟာ ပြဲခ်ိန္ ၂၉ မိနစ္မွာ တုိက္စစ္မွဴး မာတီနက္ဇ္ လြတ္လြတ္ကၽြတ္ကၽြတ္ ေခါင္းတုိက္ခြင့္ရရွိေအာင္ ညာေတာင္ပံကေန တိက်တဲ့ေထာင့္ျဖတ္ေဘာ ေပးပို႔ခဲ့တာျဖစ္ပါတယ္။
တုိက္စစ္မွဴး လူကာကူကလည္း ကက္ဂလီယာရီနဲ႔ ၁-၁ ဂိုးသေရက်ခဲ့တဲ့ပြဲမွာ ဂိုးမသြင္းႏုိင္ခဲ့ေပမယ့္ စီးရီးေအမွာ ၁၄ဂိုးအထိ သြင္းယူထားၿပီး အင္တာမီလန္အသင္းရဲ႕ ခ်န္ပီယံျဖစ္ေရးအိပ္မက္ကို အဓိကေနရာကေန ပုံေဖာ္ေနပါတယ္။