
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ရိုးမားအသင်း နည်းပြသစ်အဖြစ် တာဝန်ယူတော့မယ့် မော်ရင်ဟိုဟာ အသင်းဟောင်း ယူနိုက်တက်အသင်းက ကစားသမား ၃ ဦးကို ခေါ်ယူဖို့ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ဒါဟာ မော်ရင်ဟိုအနေနဲ့ သူနဲ့ လက်တွဲခဲ့ဖူးတဲ့ ကစားသမားတွေကို အသင်းသစ်ရောက်တိုင်း ပြန်လည်ခေါ်ယူတတ်တဲ့ အကျင့်ကို အခုချိန်ထိ မစွန့်လွှတ်နိုင်သေးဘူးဆိုတာ ထင်ရှားစေခဲ့ပါတယ်။
ရိုးမားမှာ ယူနိုက်တက် ကစားသမားဟောင်းတွေဖြစ်တဲ့ စမောလင်းနဲ့ မစ်ခီတာယန်းတို့ ရှိနေနှင့်ပြီးသားဖြစ်လို့ ဒီကစားသမားတွေပါ ထပ်ရောက်ခဲ့မယ်ဆိုရင် ယူနိုက်တက် ကစားသမား ၅ ဦးအထိကို မြင်တွေ့ရဖို့ရှိနေပါတယ်။
မော်ရင်ဟိုဟာ ယူနိုက်တက်မှာ အနာဂတ်မရေမရာဖြစ်နေတဲ့ ဂိုးသမား ဒေးဗစ်ဒီဂီယာကို ပစ်မှတ်ထားနေပြီး ဒီဂီယာဟာ အသင်းဖော်ဂိုးသမား ဟန်ဒါဆန်လက်စွမ်းပြနေမှုကြောင့်
ယူနိုက်တက်မှာ အလှည့်ကျသာကစားနေရပြီး ဟန်ဒါဆန်က ၁၈ ပွဲကစား ၁၁ ပွဲအထိ ပေးဂိုးမရှိစံချိန်ကို ရယူနိုင်ခဲ့ပြီး ၂၉ ပွဲကစား ၁၀ ပွဲသာ ပေးဂိုးမရှိဖြစ်နေတဲ့ ဒီဂီယာထက် အသာစီးရရှိနေပါတယ်။
ယူနိုက်တက်ကလည်း ပေါ့ဂ်ဘာကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် အသင်းမှာ တပတ် ပေါင် ၃၅၀၀၀၀ နဲ့ လစာအများဆုံးပေးချေနေရတဲ့ ဒီဂီယာကို ရောင်းထုတ်ပြီး ငွေကြေးရှာဖွေဖို့ စီစဉ်နေတယ်လို့ သတင်းထွက်နေပါတယ်။
မော်ရင်ဟိုရဲ့ နောက်ထပ်ပစ်မှတ် ကစားသမားကတော့ သူနဲ့ ချယ်လ်ဆီးမှာ လက်တွဲခဲ့ပြီး ယူနိုက်တက်ကို သူခေါ်ယူခဲ့တဲ့ ကွင်းလယ်လူမာတစ်ဖြစ်ပါတယ်။
မာတစ်ကတော့ မော်ရင်ဟိုသွားလေရာနောက်ကို တကောက်ကောက်လိုက်သူအဖြစ် လူသိများပြီး မာတာကိုလည်း မော်ရင်ဟိုက စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။
သူတို့နှစ်ဦးစလုံးဟာ ချယ်လ်ဆီးမှာလည်း မော်ရင်ဟိုနဲ့ လက်တွဲခဲ့ဖူးပြီး လက်ရှိမှာလည်း ပုံမှန်ကစားခွင့်ပျောက်ဆုံးနေကြတာကြောင့် မော်ရင်ဟိုကသာ ခေါ်ယူမယ်ဆိုရင် ရိုးမားကို ရောက်ရှိဖွယ်ရှိနေပါတယ်။
မော်ရင်ဟိုဟာ သူစိတ်ကြိုက်ဖြစ်တဲ့ ကစားသမားဆိုရင် သူသွားလေရာ အသင်းတိုင်းကို ခေါ်ယူတတ်တဲ့သူဖြစ်ပြီး နောက်ခံလူ ကာဗယ်ဟိုတူုန်းကဆိုရင် ပေါ်တို၊ ချဲလ်ဆီးနဲ့ ရီးရဲလ်တို့ဆီ ဆက်တိုက် ခေါ်ယူခဲ့ဖူးပါတယ်။
မော်ရင်ဟိုအနေနဲ့ ဒီရာသီမှာ စီးရီးအေဖလားကို ဆွတ်ခူးတဲ့ အင်တာရဲ့နည်းလမ်းကို ပုံစံတူ ကူးချချင်နေတာလာလို့ တွေးချင်စရာပါပဲ။
အင်တာနည်းပြ ကွန်တီဟာ ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ အက်ရှ်လေယန်း၊ ဆန်းချက်ဇ်၊ လူကာကူနဲ့ ဒါမီယန်တို့ကို ခေါ်ယူခဲ့ပြီး အမှတ်ပေးဖလားကို ဒီရာသီမှာ ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် မော်ရင်ဟိုကလည်း ဒီဂီယာ၊ မာတစ်၊ မာတာတို့ကို ခေါ်ယူဖို့ ကြံစည်နေတာ ဖြစ်နိုင်ပါတယ်။
လက်ရှရိုးမားအသင်း လူစာရင်းမှာ မစ်ခီတာယန်းနဲ့ စမောလင်းအပြင် ချဲလ်ဆီးမှာ လက်တွဲခဲ့တဲ့ တိုက်စစ်မှုး ပက်ဒရို၊ အင်တာမှာ ဆုံခဲ့တဲ့ နောက်ခံလူ ဆက်တန် တို့လည်း ရှိနေပြီး သူ့ရဲ့ တပည့်ဟောင်းတွေနဲ့ ရိုးမားအင်ပါယာကို အီတလီမှာ မော်ရင်ဟို တည်ဆောက်နိုင်မလား စောင့်ကြည့်ရမျာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အင္တာလို မန္ယူကစားသမားေဟာင္းနဲ႔ ေရာမအင္ပါယာ ျပန္တည္ေဆာက္မယ့္ ေမာ္ရင္ဟိုရဲ႕ Italian Job
႐ိုးမားအသင္း နည္းျပသစ္အျဖစ္ တာဝန္ယူေတာ့မယ့္ ေမာ္ရင္ဟိုဟာ အသင္းေဟာင္း ယူႏိုက္တက္အသင္းက ကစားသမား ၃ ဦးကို ေခၚယူဖို႔ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။ ဒါဟာ ေမာ္ရင္ဟိုအေနနဲ႔ သူနဲ႔ လက္တြဲခဲ့ဖူးတဲ့ ကစားသမားေတြကို အသင္းသစ္ေရာက္တိုင္း ျပန္လည္ေခၚယူတတ္တဲ့ အက်င့္ကို အခုခ်ိန္ထိ မစြန႔္လႊတ္ႏိုင္ေသးဘူးဆိုတာ ထင္ရွားေစခဲ့ပါတယ္။
႐ိုးမားမွာ ယူႏိုက္တက္ ကစားသမားေဟာင္းေတြျဖစ္တဲ့ စေမာလင္းနဲ႔ မစ္ခီတာယန္းတို႔ ရွိေနႏွင့္ၿပီးသားျဖစ္လို႔ ဒီကစားသမားေတြပါ ထပ္ေရာက္ခဲ့မယ္ဆိုရင္ ယူႏိုက္တက္ ကစားသမား ၅ ဦးအထိကို ျမင္ေတြ႕ရဖို႔ရွိေနပါတယ္။
ေမာ္ရင္ဟိုဟာ ယူႏိုက္တက္မွာ အနာဂတ္မေရမရာျဖစ္ေနတဲ့ ဂိုးသမား ေဒးဗစ္ဒီဂီယာကို ပစ္မွတ္ထားေနၿပီး ဒီဂီယာဟာ အသင္းေဖာ္ဂိုးသမား ဟန္ဒါဆန္လက္စြမ္းျပေနမႈေၾကာင့္ ယူႏိုက္တက္မွာ အလွည့္က်သာကစားေနရၿပီး ဟန္ဒါဆန္က ၁၈ ပြဲကစား ၁၁ ပြဲအထိ ေပးဂိုးမရွိစံခ်ိန္ကို ရယူႏိုင္ခဲ့ၿပီး ၂၉ ပြဲကစား ၁၀ ပြဲသာ ေပးဂိုးမရွိျဖစ္ေနတဲ့ ဒီဂီယာထက္ အသာစီးရရွိေနပါတယ္။
ယူႏိုက္တက္ကလည္း ေပါ့ဂ္ဘာကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔အတြက္ အသင္းမွာ တပတ္ ေပါင္ ၃၅၀၀၀၀ နဲ႔ လစာအမ်ားဆုံးေပးေခ်ေနရတဲ့ ဒီဂီယာကို ေရာင္းထုတ္ၿပီး ေငြေၾကးရွာေဖြဖို႔ စီစဥ္ေနတယ္လို႔ သတင္းထြက္ေနပါတယ္။
ေမာ္ရင္ဟိုရဲ႕ ေနာက္ထပ္ပစ္မွတ္ ကစားသမားကေတာ့ သူနဲ႔ ခ်ယ္လ္ဆီးမွာ လက္တြဲခဲ့ၿပီး ယူႏိုက္တက္ကို သူေခၚယူခဲ့တဲ့ ကြင္းလယ္လူမာတစ္ျဖစ္ပါတယ္။ မာတစ္ကေတာ့ ေမာ္ရင္ဟိုသြားေလရာေနာက္ကို တေကာက္ေကာက္လိုက္သူအျဖစ္ လူသိမ်ားၿပီး မာတာကိုလည္း ေမာ္ရင္ဟိုက စိတ္ဝင္စားေနတယ္လို႔ ဆိုပါတယ္။
သူတို႔ႏွစ္ဦးစလုံးဟာ ခ်ယ္လ္ဆီးမွာလည္း ေမာ္ရင္ဟိုနဲ႔ လက္တြဲခဲ့ဖူးၿပီး လက္ရွိမွာလည္း ပုံမွန္ကစားခြင့္ေပ်ာက္ဆုံးေနၾကတာေၾကာင့္ ေမာ္ရင္ဟိုကသာ ေခၚယူမယ္ဆိုရင္ ႐ိုးမားကို ေရာက္ရွိဖြယ္ရွိေနပါတယ္။ ေမာ္ရင္ဟိုဟာ သူစိတ္ႀကိဳက္ျဖစ္တဲ့ ကစားသမားဆိုရင္ သူသြားေလရာ အသင္းတိုင္းကို ေခၚယူတတ္တဲ့သူျဖစ္ၿပီး ေနာက္ခံလူ ကာဗယ္ဟိုတူုန္းကဆိုရင္ ေပၚတို၊ ခ်ဲလ္ဆီးနဲ႔ ရီးရဲလ္တို႔ဆီ ဆက္တုိက္ ေခၚယူခဲ့ဖူးပါတယ္။
ေမာ္ရင္ဟိုအေနနဲ႔ ဒီရာသီမွာ စီးရီးေအဖလားကို ဆြတ္ခူးတဲ့ အင္တာရဲ႕နည္းလမ္းကို ပုံစံတူ ကူးခ်ခ်င္ေနတာလာလို႔ ေတြးခ်င္စရာပါပဲ။ အင္တာနည္းျပ ကြန္တီဟာ ယူႏိုက္တက္ကစားသမားေတြျဖစ္တဲ့ အက္ရွ္ေလယန္း၊ ဆန္းခ်က္ဇ္၊ လူကာကူနဲ႔ ဒါမီယန္တို႔ကို ေခၚယူခဲ့ၿပီး အမွတ္ေပးဖလားကို ဒီရာသီမွာ ဆြတ္ခူးႏိုင္ခဲ့တဲ့အတြက္ ေမာ္ရင္ဟိုကလည္း ဒီဂီယာ၊ မာတစ္၊ မာတာတို႔ကို ေခၚယူဖို႔ ႀကံစည္ေနတာ ျဖစ္ႏိုင္ပါတယ္။
လက္ရွ႐ိုးမားအသင္း လူစာရင္းမွာ မစ္ခီတာယန္းနဲ႔ စေမာလင္းအျပင္ ခ်ဲလ္ဆီးမွာ လက္တြဲခဲ့တဲ့ တိုက္စစ္မႈး ပက္ဒ႐ို၊ အင္တာမွာ ဆုံခဲ့တဲ့ ေနာက္ခံလူ ဆက္တန္ တို႔လည္း ရွိေနၿပီး သူ႔ရဲ႕ တပည့္ေဟာင္းေတြနဲ႔ ႐ိုးမားအင္ပါယာကို အီတလီမွာ ေမာ္ရင္ဟို တည္ေဆာက္ႏိုင္မလား ေစာင့္ၾကည့္ရမ်ာပါ။