
Photo Credit
Photo Credit
အင်တာမီလန်အသင်းနည်းပြ အန်တိုနီယိုကွန်တီဟာ တိုက်စစ်မှူး လူကာကူနဲ့ပတ်သက်လို့ ဝေဖန်မှုတွေအပေါ် စိတ်ပျက်မိတယ်လို့ ယခုတစ်ပတ်အစောပိုင်းက ပြောကြားခဲ့ပြီး သူဘာဖြစ်လို့ စိတ်ပျက်ရတာလဲဆိုတဲ့မေးခွန်းအတွက်လည်း အဖြေက အလွယ်တကူရှိနေပါတယ်။ လူကာကူဟာ အင်တာမီလန်ကစားသမားဘ၀ သူ့ရဲ့ပထမဆုံးရာသီမှာ စီးရီးအေ ၁၈ပွဲကစား ၁၄ ဂိုးအထိ သွင်းယူထားနိုင်ပြီး ဂိုးသွင်းဘုရင်စာရင်းမှာ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုကို ကျော်ဖြတ်ထားပါတယ်။ အင်တာမီလန်ကလည်း ပွဲစဉ် ၁၈ ပြီးချိန်မှာ ဂျူဗင်တပ်နဲ့ အမှတ်တူအနေအထားမှာ ရပ်တည်နေပြီး စီးရီးအေမှာ ဂျူဗင်တပ်ရဲ့ ၈နှစ်ကြာ လွှမ်းမိုးလာမှုကို အဆုံသတ်ဖို့လည်း အားကောင်းနေပါတယ်။
Photo Credit
ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်ကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း ၈၀ နဲ့ ရောက်လာပြီးနောက် လူကာကူအနေနဲ့ အင်တာမီလန်အသင်းမှာ ခြေစွမ်းပြနိုင်မှာမဟုတ်ဘူးလို့ အများစုက သံသယဝင်ခဲ့ပေမယ့် သူကတော့ ကစားသမားဘဝတစ်လျှောက် သူ့ရဲ့အကောင်းဆုံးကာလကို ဖြတ်သန်းနေပါတယ်။ ဒီတော့ အသက် ၂၆နှစ်အရွယ်ရှိ လူကာကူတစ်ယောက် ကစားပုံကောင်းမွန်နေရခြင်းရဲ့အဓိကအချက်က စိတ်ဝင်စားစရာကောင်းလာပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ဘီဘီစီသတင်းဌာနရဲ့ ဆွေးနွေးခန်းမှာ ဘီဘီစီအခြေစိုက် ဥရောပဘောလုံးဂျာယ်နယ်လစ် တာရီယာနဲ့ နယူးယောက်တိုင်းမ်သတင်းစာက ဘောလုံးရေးရာအကြီးအကဲ ရိုရီစမစ်တို့က လူကာကူအကြောင်း ဆွေးနွေးခဲ့ပါတယ်။
ကွန်တီ+လူကာကူ = ကောင်းကင်ဘုံတစ်ခု တည်ဆောက်နေခြင်းလား
နယ်မြေသစ် အီတလီမှာ လူကာကူ အထူးခြေစွမ်းပြနေရခြင်းရဲ့အသိသာဆုံးအချက်ကတော့ နည်းပြကွန်တီနဲ့ သူ့ရဲ့ဆက်ဆံရေးဖြစ်ပါတယ်။ သူတို့နှစ်ယောက် အတူတူလက်တွဲတာ အခုက ပထမဆုံးအကြိမ်ဖြစ်ပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက တစ်ယောက်ကိုတစ်ယောက် လေးစားခဲ့ကြတာပါ။ ကွန်တီဟာ ၂၀၁၁ ကနေ ၂၀၁၄ ခုနှစ်အထိ ဂျူဗင်တပ်အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့စဉ်မှာ လူကာကူကို ပထမဆုံးအကြိမ် သတိပြုမိခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ချဲလ်ဆီးနည်းပြဖြစ်လာပြီးနောက် လူကာကူကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ယူနိုက်တက်က အဲဗာတန်ကနေ လူကာကူကို ခေါ်ယူခဲ့တာပါ။
Photo Credit
”ဂျူဗင်တပ်မှာကတည်းက လူကာကူကို ခေါ်ယူချင်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးရောက်လာတော့ ခေါ်ယူဖို့ အသည်းအသန်ကြိုးစားခဲ့ပါတယ်။ လူကာကူဟာ စိန်ရိုင်းတစ်ပွင့်ဖြစ်ပြီး တန်ဖိုးကြီးစိန်ဖြစ်လာဖို့ လိုတယ်လို့ အမြဲပြောခဲ့ပါတယ်။ အခုတော့ ကျွန်တော်ကိုယ်တိုင် စိန်ရိုင်းကို ပေါလစ်တင်ဖို့ လုပ်ဆောင်နေပါပြီ”လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။ ကွန်တီရဲ့နည်းပြအရည်အသွေးကို လူကာကူ စတင်သဘောကျသွားချိန်ကတော့ ကွန်တီကိုင်တွယ်နေခဲ့တဲ့ အီတလီနဲ့ လူကာကူရဲ့ဘယ်လ်ဂျီယံအသင်းတို့ ကစားခဲ့တဲ့ပွဲပါ။ နိုဝင်ဘာလအတွင်း လူကာကူနဲ့ အထူးအင်တာဗျူးပြုလုပ်ခဲ့တဲ့ စမစ်က ”ဘယ်လ်ဂျီယံအသင်းဟာ ယူရို ၂၀၁၆ ပြိုင်ပွဲမတိုင်ခင် အီတလီနဲ့ ခြေစမ်းပွဲကစားခဲ့ပါတယ်။ အဲဒီပွဲမှာ အီတလီအသင်းက ၃-၁ ဂိုးနဲ့အနိုင်ရခဲ့ပြီး ပွဲအပြီးမှာ ကွန်တီအတွက် ကစားပေးချင်တာ သူ့ကိုယ်သူ သိသွားပြီလို့ ကျွန်တော့်ကို ပြောပါတယ်”လို့ စမစ်က ပြောကြားခဲ့ပါတယ်။
Photo Credit
လူကာကူဟာ ပါဝါနဲ့ အမြန်နှုန်းကို အမြဲတမ်းအားကိုးကစားလေ့ရှိပေမယ့် ကွန်တီနဲ့ သူ့နည်းပြအဖွဲ့ဝင်တွေကတော့ ပွဲတစ်ပွဲအပေါ် နည်းဗျူဟာပိုင်းအရ ကျွမ်းကျင်စွာဖတ်ရှုနိုင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ”အီတလီမှာ ဘောလုံးရှိတဲ့နေရာနဲ့ ကိုယ့်နေရာ အကွာအဝေးကို အဓိကထားကစားနေတာဖြစ်ပြီး ကစားသမားအများစုက သိပ်မကြိုက်ပေမယ့် လူကာကူနဲ့တော့ ကွက်တိပါပဲ။ လူကာကူဟာ နည်းဗျူဟာတွေကို လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးသင်ကြားလေ့လာခဲ့ပြီး ပြိုင်ဘက်ခံစစ်ရဲ့အားနည်းချက်တွေကိုလည်း အချိန်တိုအတွင်း ရှာဖွေနိုင်ပါတယ်။ အင်္ဂလိပ်ဘောလုံးလောကက ပြိုင်ဆိုင်မှုပြင်းထန်ပြီး ပွဲကြည့်ပရိသတ်တွေအတွက် ပိုကောင်းပေမယ့် ကစားသမားတွေအတွက်တော့ မလွယ်ပါဘူး”လို့ စမစ်က ပြောပါတယ်။
Photo Credit
ယူနိုက်တက်မှာ ဘာတွေဖြစ်ခဲ့လဲ
အချက်အလက်တွေအရကြည့်မယ်ဆိုရင်လည်း လူကာကူဟာ ကမ္ဘာ့ဘောလုံးလောကရဲ့အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဆိုတာ ငြင်းဆန်ဖို့ ခက်ပါလိမ့်မယ်။ ယခုရာသီ ဥရောပထိပ်တန်းလိဂ် ၅ခုမှာ ၁၄ ဂိုးသွင်းယူထားတဲ့ လူကာကူထက် လိဂ်သွင်းဂိုးပိုများတဲ့ကစားသမားတွေဆိုလို့ လီဝန်ဒေါစကီး(၁၉ဂိုး)၊ အီမိုဘီလီ(၁၉ဂိုး)၊ တီမိုဝါနာ(၁၈ဂိုး)နဲ့ ဗာဒီ(၁၇ဂိုး)တို့ပဲ ရှိပြီး သူကိုယ်တိုင်ကလည်း ကစားသမားဘဝတစ်လျှောက် သွင်းဂိုးအများဆုံးအဖြစ် ၂၅ဂိုးနဲ့ စံချိန်တင်ထားမှုကို ချိုးဖျက်နိုင်ဖို့လည်း အခြေအနေကောင်းနေပါတယ်။ သူဟာ ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးရာသီမှာပဲ ၁၉၉၂-၉၃ ရာသီနောက်ပိုင်း ယူနိုက်တက်အသင်းအတွက် တစ်ရာသီအတွင်း အနည်းဆုံး ၂၅ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ကစားသမားစာရင်းမှာ အဆင့် ၁၁ နေရာ ရပ်တည်နိုင်ခဲ့ပါတယ်။ အသင်းခေါင်းဆောင်ဟောင်း ကန်တိုနာ၊ ဂန္ထဝင်တိုက်စစ်မှူး အန်ဒီကိုးလ်နဲ့ လက်ရှိနည်းပြ ဆိုးလ်ရှားတို့ဟာ တစ်ရာသီအတွင်း အများဆုံး ၂၅ဂိုးပဲ သွင်းယူနိုင်ခဲ့ပြီး လူကာကူကတော့ တစ်ရာသီအတွင်း ၂၇ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
Photo Credit
အဲဒီစာရင်းမှာတော့ နစ္စတယ်ရွိုင်းက ၄၄ဂိုးနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး ရော်နယ်ဒိုက ၄၂ဂိုးနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ”အင်္ဂလန်မှာ သူ့အပေါ် အမြင်တွေက သိပ်မကောင်းဘဲ အများစုက ရယ်စရာအဖြစ် ပေါ့ပေါ့လေးသတ်မှတ်ကြပါတယ်။ သူဟာ အခုမှ အသက် ၂၆နှစ်ပဲရှိသေးပေမယ့် ဥရောပရဲ့ထိပ်တန်းတိုက်စစ်မှူးတစ်ဦးအဖြစ် ၈နှစ်လောက် ရပ်တည်လာသူပါ။ ယူနိုက်တက်မှာတောင် သူဟာ ပွဲ ၉၀၀န်းကျင်မှာ ၄၂ဂိုးသွင်းယူနိုင်ခဲ့ပြီး ၂ပွဲ ၁ဂိုးနှုန်းရှိလို့ တိုက်စစ်မှူးတစ်ဦးအတွက် မဆိုးတဲ့မှတ်တမ်းဖြစ်ပါတယ်”လို့ စမစ်က ပြောပါတယ်။ အဲဒီဂိုးသွင်းနှုန်းက ယူနိုက်တက်မှာ သူဟာ မှန်ကန်တဲ့နည်းလမ်းနဲ့ ကစားခွင့်မရခဲ့ဘူးဆိုတာ သိခဲ့ရင် ပိုလို့တောင် သဘောကျဦးမှာပါ။
Photo Credit
အင်တာမီလန်ကို လူကာကူ ပြောင်းရွှေ့သွားပြီးနောက် ဆိုးလ်ရှားက လူကာကူဟာ ကမ္ဘာ့အကောင်းဆုံး Target Man တိုက်စစ်မှူးဖြစ်ပေမယ့် သူတည်ဆောက်မယ့်အသင်းမှာ အဲဒီလိုကစားသမားမျိုးမလိုဘူးလို့ ပြောကြားခဲ့ပါတယ်။ လူကာကူကလည်း အဲဒီအဆိုကို ပယ်ချခဲ့ပြီး ဂိုးပေါက်ရှေ့မှာဆိုရင် ပိုကောင်းတဲ့ကစားသမားဖြစ်တယ်လို့ ဆိုခဲ့ပြီး သူဟာ အဲဒီလိုကစားသမားဆိုတာ ကွန်တီက သက်သေပြနေပါတယ်။ အင်တာမီလန်ဟာ လူကာကူနဲ့ လော်တာရိုမာတီနက်ဇ်တိုက်စစ်တွဲလုံးကို အကောင်းဆုံးဖန်တီးထားပြီး စီးရီးအေမှာ သူတို့နှစ်ယောက်ရဲ့စုစုပေါင်းသွင်းဂိုးက ၂၃ဂိုးအထိရှိပါတယ်။ ”ကွန်တီနဲ့ လူကာကူတို့ဟာ တစ်ယောက်ကိုတစ်ယောက် ကောင်းအောင် လုပ်ဆောင်ပေးနေတာပါ။ ကွန်တီက လူကာကူကို Target man ပုံစံထားမကစားဘဲ မာတီနက်ဇ်နဲ့ တွဲကစားစေခဲ့တာပါ”လို့ တာရီယာက ပြောပါတယ်။
Photo Credit
Zawgyi
အင္တာမီလန္ရဲ႕ခ်န္ပီယံခရီးအတြက္ ေရွ႕ဆုံးမွ ဦးေဆာင္လမ္းျပေနသူ
အင္တာမီလန္အသင္းနည္းျပ အန္တိုနီယုိကြန္တီဟာ တုိက္စစ္မွဴး လူကာကူနဲ႔ပတ္သက္လုိ႔ ေ၀ဖန္မႈေတြအေပၚ စိတ္ပ်က္မိတယ္လုိ႔ ယခုတစ္ပတ္အေစာပိုင္းက ေျပာၾကားခဲ့ၿပီး သူဘာျဖစ္လုိ႔ စိတ္ပ်က္ရတာလဲဆိုတဲ့ေမးခြန္းအတြက္လည္း အေျဖက အလြယ္တကူရွိေနပါတယ္။ လူကာကူဟာ အင္တာမီလန္ကစားသမားဘ၀ သူ႕ရဲ႕ပထမဆုံးရာသီမွာ စီးရီးေအ ၁၈ပြဲကစား ၁၄ ဂိုးအထိ သြင္းယူထားႏိုင္ၿပီး ဂိုးသြင္းဘုရင္စာရင္းမွာ ဂ်ဴဗင္တပ္တုိက္စစ္မွဴး ေရာ္နယ္ဒုိကို ေက်ာ္ျဖတ္ထားပါတယ္။ အင္တာမီလန္ကလည္း ပြဲစဥ္ ၁၈ ၿပီးခ်ိန္မွာ ဂ်ဴဗင္တပ္နဲ႔ အမွတ္တူအေနအထားမွာ ရပ္တည္ေနၿပီး စီးရီးေအမွာ ဂ်ဴဗင္တပ္ရဲ႕ ၈ႏွစ္ၾကာ လႊမ္းမုိးလာမႈကို အဆုံသတ္ဖုိ႔လည္း အားေကာင္းေနပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီက ယူႏိုက္တက္ကေန ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ယူ႐ိုသန္း ၈၀ နဲ႔ ေရာက္လာၿပီးေနာက္ လူကာကူအေနနဲ႔ အင္တာမီလန္အသင္းမွာ ေျခစြမ္းျပႏုိင္မွာမဟုတ္ဘူးလုိ႔ အမ်ားစုက သံသယ၀င္ခဲ့ေပမယ့္ သူကေတာ့ ကစားသမားဘ၀တစ္ေလွ်ာက္ သူ႕ရဲ႕အေကာင္းဆုံးကာလကို ျဖတ္သန္းေနပါတယ္။ ဒီေတာ့ အသက္ ၂၆ႏွစ္အရြယ္ရွိ လူကာကူတစ္ေယာက္ ကစားပုံေကာင္းမြန္ေနရျခင္းရဲ႕အဓိကအခ်က္က စိတ္၀င္စားစရာေကာင္းလာပါတယ္။ မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ ဘီဘီစီသတင္းဌာနရဲ႕ ေဆြးေႏြးခန္းမွာ ဘီဘီစီအေျခစိုက္ ဥေရာပေဘာလုံးဂ်ာယ္နယ္လစ္ တာရီယာနဲ႔ နယူးေယာက္တုိင္းမ္သတင္းစာက ေဘာလုံးေရးရာအႀကီးအကဲ ႐ိုရီစမစ္တုိ႔က လူကာကူအေၾကာင္း ေဆြးေႏြးခဲ့ပါတယ္။
ကြန္တီ+လူကာကူ = ေကာင္းကင္ဘုံတစ္ခု တည္ေဆာက္ေနျခင္းလား
နယ္ေျမသစ္ အီတလီမွာ လူကာကူ အထူးေျခစြမ္းျပေနရျခင္းရဲ႕အသိသာဆုံးအခ်က္ကေတာ့ နည္းျပကြန္တီနဲ႔ သူ႕ရဲ႕ဆက္ဆံေရးျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ အတူတူလက္တြဲတာ အခုက ပထမဆုံးအႀကိမ္ျဖစ္ေပမယ့္ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ကတည္းက တစ္ေယာက္ကိုတစ္ေယာက္ ေလးစားခဲ့ၾကတာပါ။ ကြန္တီဟာ ၂၀၁၁ ကေန ၂၀၁၄ ခုႏွစ္အထိ ဂ်ဴဗင္တပ္အသင္းနည္းျပအျဖစ္ တာ၀န္ယူခဲ့စဥ္မွာ လူကာကူကို ပထမဆုံးအႀကိမ္ သတိျပဳမိခဲ့တာျဖစ္ၿပီး ၂၀၁၆ ခုႏွစ္မွာ ခ်ဲလ္ဆီးနည္းျပျဖစ္လာၿပီးေနာက္ လူကာကူကို ေခၚယူဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ ယူႏုိက္တက္က အဲဗာတန္ကေန လူကာကူကို ေခၚယူခဲ့တာပါ။
”ဂ်ဴဗင္တပ္မွာကတည္းက လူကာကူကို ေခၚယူခ်င္ခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးေရာက္လာေတာ့ ေခၚယူဖို႔ အသည္းအသန္ႀကိဳးစားခဲ့ပါတယ္။ လူကာကူဟာ စိန္႐ိုင္းတစ္ပြင့္ျဖစ္ၿပီး တန္ဖိုးႀကီးစိန္ျဖစ္လာဖို႔ လိုတယ္လုိ႔ အၿမဲေျပာခဲ့ပါတယ္။ အခုေတာ့ ကၽြန္ေတာ္ကုိယ္တုိင္ စိန္႐ိုင္းကို ေပါလစ္တင္ဖို႔ လုပ္ေဆာင္ေနပါၿပီ”လုိ႔ ကြန္တီက ေျပာၾကားခဲ့ပါတယ္။ ကြန္တီရဲ႕နည္းျပအရည္အေသြးကို လူကာကူ စတင္သေဘာက်သြားခ်ိန္ကေတာ့ ကြန္တီကုိင္တြယ္ေနခဲ့တဲ့ အီတလီနဲ႔ လူကာကူရဲ႕ဘယ္လ္ဂ်ီယံအသင္းတုိ႔ ကစားခဲ့တဲ့ပြဲပါ။ ႏို၀င္ဘာလအတြင္း လူကာကူနဲ႔ အထူးအင္တာဗ်ဴးျပဳလုပ္ခဲ့တဲ့ စမစ္က ”ဘယ္လ္ဂ်ီယံအသင္းဟာ ယူ႐ို ၂၀၁၆ ၿပိဳင္ပြဲမတုိင္ခင္ အီတလီနဲ႔ ေျခစမ္းပြဲကစားခဲ့ပါတယ္။ အဲဒီပဲြမွာ အီတလီအသင္းက ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး ပဲြအၿပီးမွာ ကြန္တီအတြက္ ကစားေပးခ်င္တာ သူ႕ကိုယ္သူ သိသြားၿပီလုိ႔ ကၽြန္ေတာ့္ကို ေျပာပါတယ္”လုိ႔ စမစ္က ေျပာၾကားခဲ့ပါတယ္။
လူကာကူဟာ ပါ၀ါနဲ႔ အျမန္ႏႈန္းကို အၿမဲတမ္းအားကိုးကစားေလ့ရွိေပမယ့္ ကြန္တီနဲ႔ သူ႕နည္းျပအဖြဲ႕၀င္ေတြကေတာ့ ပြဲတစ္ပြဲအေပၚ နည္းဗ်ဴဟာပုိင္းအရ ကၽြမ္းက်င္စြာဖတ္႐ႈႏုိင္ဖုိ႔ လုပ္ေဆာင္ခဲ့ပါတယ္။ ”အီတလီမွာ ေဘာလုံးရွိတဲ့ေနရာနဲ႔ ကိုယ့္ေနရာ အကြာအေ၀းကို အဓိကထားကစားေနတာျဖစ္ၿပီး ကစားသမားအမ်ားစုက သိပ္မႀကိဳက္ေပမယ့္ လူကာကူနဲ႔ေတာ့ ကြက္တိပါပဲ။ လူကာကူဟာ နည္းဗ်ဴဟာေတြကို ေလ့က်င့္ေရးကြင္းမွာ အေကာင္းဆုံးသင္ၾကားေလ့လာခဲ့ၿပီး ၿပိဳင္ဘက္ခံစစ္ရဲ႕အားနည္းခ်က္ေတြကိုလည္း အခ်ိန္တိုအတြင္း ရွာေဖြႏိုင္ပါတယ္။ အဂၤလိပ္ေဘာလုံးေလာကက ၿပိဳင္ဆုိင္မႈျပင္းထန္ၿပီး ပြဲၾကည့္ပရိသတ္ေတြအတြက္ ပိုေကာင္းေပမယ့္ ကစားသမားေတြအတြက္ေတာ့ မလြယ္ပါဘူး”လုိ႔ စမစ္က ေျပာပါတယ္။
ယူႏိုက္တက္မွာ ဘာေတြျဖစ္ခဲ့လဲ
အခ်က္အလက္ေတြအရၾကည့္မယ္ဆုိရင္လည္း လူကာကူဟာ ကမၻာ့ေဘာလုံးေလာကရဲ႕အေကာင္းဆုံးတုိက္စစ္မွဴးတစ္ဦးဆုိတာ ျငင္းဆန္ဖုိ႔ ခက္ပါလိမ့္မယ္။ ယခုရာသီ ဥေရာပထိပ္တန္းလိဂ္ ၅ခုမွာ ၁၄ ဂိုးသြင္းယူထားတဲ့ လူကာကူထက္ လိဂ္သြင္းဂိုးပိုမ်ားတဲ့ကစားသမားေတြဆုိလုိ႔ လီ၀န္ေဒါစကီး(၁၉ဂိုး)၊ အီမုိဘီလီ(၁၉ဂိုး)၊ တီမို၀ါနာ(၁၈ဂုိး)နဲ႔ ဗာဒီ(၁၇ဂိုး)တို႔ပဲ ရွိၿပီး သူကုိယ္တုိင္ကလည္း ကစားသမားဘ၀တစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးအျဖစ္ ၂၅ဂိုးနဲ႔ စံခ်ိန္တင္ထားမႈကို ခ်ိဳးဖ်က္ႏုိင္ဖို႔လည္း အေျခအေနေကာင္းေနပါတယ္။ သူဟာ ယူႏုိက္တက္ကစားသမားဘ၀ ပထမဆုံးရာသီမွာပဲ ၁၉၉၂-၉၃ ရာသီေနာက္ပိုင္း ယူႏုိက္တက္အသင္းအတြက္ တစ္ရာသီအတြင္း အနည္းဆုံး ၂၅ဂိုးနဲ႔အထက္ သြင္းယူႏိုင္တဲ့ကစားသမားစာရင္းမွာ အဆင့္ ၁၁ ေနရာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ အသင္းေခါင္းေဆာင္ေဟာင္း ကန္တုိနာ၊ ဂႏၳ၀င္တုိက္စစ္မွဴး အန္ဒီကိုးလ္နဲ႔ လက္ရွိနည္းျပ ဆုိးလ္ရွားတုိ႔ဟာ တစ္ရာသီအတြင္း အမ်ားဆုံး ၂၅ဂိုးပဲ သြင္းယူႏုိင္ခဲ့ၿပီး လူကာကူကေတာ့ တစ္ရာသီအတြင္း ၂၇ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။
အဲဒီစာရင္းမွာေတာ့ နစၥတယ္႐ြိဳင္းက ၄၄ဂိုးနဲ႔ ထိပ္ဆုံးမွာ ရပ္တည္ေနၿပီး ေရာ္နယ္ဒိုက ၄၂ဂိုးနဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။ ”အဂၤလန္မွာ သူ႕အေပၚ အျမင္ေတြက သိပ္မေကာင္းဘဲ အမ်ားစုက ရယ္စရာအျဖစ္ ေပါ့ေပါ့ေလးသတ္မွတ္ၾကပါတယ္။ သူဟာ အခုမွ အသက္ ၂၆ႏွစ္ပဲရိွေသးေပမယ့္ ဥေရာပရဲ႕ထိပ္တန္းတုိက္စစ္မွဴးတစ္ဦးအျဖစ္ ၈ႏွစ္ေလာက္ ရပ္တည္လာသူပါ။ ယူႏုိက္တက္မွာေတာင္ သူဟာ ပြဲ ၉၀၀န္းက်င္မွာ ၄၂ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ၂ပြဲ ၁ဂိုးႏႈန္းရွိလုိ႔ တုိက္စစ္မွဴးတစ္ဦးအတြက္ မဆုိးတဲ့မွတ္တမ္းျဖစ္ပါတယ္”လုိ႔ စမစ္က ေျပာပါတယ္။ အဲဒီဂိုးသြင္းႏႈန္းက ယူႏုိက္တက္မွာ သူဟာ မွန္ကန္တဲ့နည္းလမ္းနဲ႔ ကစားခြင့္မရခဲ့ဘူးဆုိတာ သိခဲ့ရင္ ပိုလုိ႔ေတာင္ သေဘာက်ဦးမွာပါ။
အင္တာမီလန္ကို လူကာကူ ေျပာင္းေရႊ႕သြားၿပီးေနာက္ ဆုိးလ္ရွားက လူကာကူဟာ ကမၻာ့အေကာင္းဆုံး Target Man တုိက္စစ္မွဴးျဖစ္ေပမယ့္ သူတည္ေဆာက္မယ့္အသင္းမွာ အဲဒီလုိကစားသမားမ်ိဳးမလုိဘူးလုိ႔ ေျပာၾကားခဲ့ပါတယ္။ လူကာကူကလည္း အဲဒီအဆိုကို ပယ္ခ်ခဲ့ၿပီး ဂိုးေပါက္ေရွ႕မွာဆုိရင္ ပိုေကာင္းတဲ့ကစားသမားျဖစ္တယ္လုိ႔ ဆုိခဲ့ၿပီး သူဟာ အဲဒီလုိကစားသမားဆုိတာ ကြန္တီက သက္ေသျပေနပါတယ္။ အင္တာမီလန္ဟာ လူကာကူနဲ႔ ေလာ္တာ႐ိုမာတီနက္ဇ္တုိက္စစ္တြဲလုံးကို အေကာင္းဆုံးဖန္တီးထားၿပီး စီးရီးေအမွာ သူတို႔ႏွစ္ေယာက္ရဲ႕စုစုေပါင္းသြင္းဂုိးက ၂၃ဂိုးအထိရွိပါတယ္။ ”ကြန္တီနဲ႔ လူကာကူတို႔ဟာ တစ္ေယာက္ကိုတစ္ေယာက္ ေကာင္းေအာင္ လုပ္ေဆာင္ေပးေနတာပါ။ ကြန္တီက လူကာကူကို Target man ပုံစံထားမကစားဘဲ မာတီနက္ဇ္နဲ႔ တြဲကစားေစခဲ့တာပါ”လုိ႔ တာရီယာက ေျပာပါတယ္။