အင်တာမီလန်နဲ့သဘောတူညီလိုက်ပြီဖြစ်တဲ့ မန်ယူအသင်းခေါင်းဆောင်အက်ရှ်လေယန်း

photo-daily mail

photo-gettyimages

မန်ယူအသင်းခေါင်းဆောင်အက်ရှ်လေယန်းဟာ အင်တာမီလန်ကိုပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးမှုတွေစတင်ပြုလုပ်နေတယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြလိုက်ပါတယ်။ အခြားသတင်းတစ်ရပ်မှာလည်း ယန်းဟာ စီးရီးအေကိုပြောင်းဖို့အတွက် အင်တာနဲ့ စာချုပ်အချက်တွေ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ အက်ရှ်လေယန်းကို အိုးလ်ထရက်ဖို့ဒ်ကနေ လက်လွှတ်မလွှတ်ဆိုတာနဲ့ပတ်သက်လို့ မန်ယူဘက်က ဆုံးဖြတ်ချက်မချရသေးဘူးလို့ နားလည်ရပါတယ်။

photo-AP

ကစားသမားရဲ့အနာဂါတ်ကတော့ လာမယ့် ၂၄ နာရီအတွင်းမှာ ရှင်းရှင်းလင်းလင်းသိရတော့မှာပါ။ အသက် ၃၄ နှစ်အရွယ် အဲဒီအင်္ဂလန်သားရဲ့စာချုပ်သက်တမ်းဟာ အခုရာသီကုန်တာနဲ့ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အခုချိန်မှာ အင်္ဂလန်ပြင်ပက အသင်းတွေနဲ့ လွတ်လပ်စွာဆွေးနွေးခွင့်ရနေပါပြီ။ အက်ရှ်လေယန်းဟာ မန်စီးတီးကို ၃-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ အင်္ဂလန်လိဂ်ဖလားဆီးမီးဖိုင်နယ်ပထမအကျော့လူစားရင်းကနေလည်း ချန်လှပ်ခံခဲ့ရပါတယ်။

photo-Ian Hodgson

အင်တာမီလန်နည်းပြကွန်တီဟာ ယန်းကို ကာလရှည်ကြာစိတ်ဝင်စားလာခဲ့သူဖြစ်ပြီး ဒါကြောင့်လည်း အင်တာဘက်က ချည်းကပ်မှုပြုလုပ်လာတာပါ။ အင်တာဘက်က သူ့ကို ၁၈ စာချုပ်ကမ်းလှမ်းဖို့ ရှိတယ်လို့ သိရပါတယ်။ မန်ယူနည်းပြဆိုးလ်ရှားဟာလည်း မန်စီးတီးနဲ့ပွဲအပြီးမှာ ယန်းရဲ့အနာဂါတ်နဲ့ပတ်သက်လို့ တိကျရေရာတဲ့အဖြေ ပေးမသွားပါဘူး။ အက်ရှ်လေယန်းဟာ ၂၀၁၁ က အက်စ်တွန်ဗီလာကနေပြောင်းလာပြီး မန်ယူနဲ့အတူ ပရီးမီးယားလိဂ်၊အက်ဖ်အေဖလားနဲ့ လိဂ်ဖလားအောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

[Zawgyi]

အင္တာမီလန္နဲ႔သေဘာတူညီလိုက္ၿပီျဖစ္တဲ့ မန္ယူအသင္းေခါင္းေဆာင္အက္ရွ္ေလယန္း

မန္ယူအသင္းေခါင္းေဆာင္အက္ရွ္ေလယန္းဟာ အင္တာမီလန္ကိုေျပာင္းေရႊ႕ဖို႔အတြက္ ေဆြးေႏြးမႈေတြစတင္ျပဳလုပ္ေနတယ္လုိ႔ ဘီဘီစီသတင္းဌာနက ေဖာ္ျပလိုက္ပါတယ္။ အျခားသတင္းတစ္ရပ္မွာလည္း ယန္းဟာ စီးရီးေအကိုေျပာင္းဖို႔အတြက္ အင္တာနဲ႔ စာခ်ဳပ္အခ်က္ေတြ သေဘာတူညီခဲ့တယ္လုိ႔ သိရပါတယ္။ အက္ရွ္ေလယန္းကို အုိးလ္ထရက္ဖုိ႔ဒ္ကေန လက္လႊတ္မလႊတ္ဆိုတာနဲ႔ပတ္သက္လုိ႔ မန္ယူဘက္က ဆုံးျဖတ္ခ်က္မခ်ရေသးဘူးလို႔ နားလည္ရပါတယ္။

ကစားသမားရဲ႕အနာဂါတ္ကေတာ့ လာမယ့္ ၂၄ နာရီအတြင္းမွာ ရွင္းရွင္းလင္းလင္းသိရေတာ့မွာပါ။ အသက္ ၃၄ ႏွစ္အရြယ္ အဲဒီအဂၤလန္သားရဲ႕စာခ်ဳပ္သက္တမ္းဟာ အခုရာသီကုန္တာနဲ႔ သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး အခုခ်ိန္မွာ အဂၤလန္ျပင္ပက အသင္းေတြနဲ႔ လြတ္လပ္စြာေဆြးေႏြးခြင့္ရေနပါၿပီ။ အက္ရွ္ေလယန္းဟာ မန္စီးတီးကို ၃-၁ ဂိုးနဲ႔ရႈံးနိမ့္ခဲ့တ့ဲ အဂၤလန္လိဂ္ဖလားဆီးမီးဖိုင္နယ္ပထမအေက်ာ့လူစားရင္းကေနလည္း ခ်န္လွပ္ခံခဲ့ရပါတယ္။

အင္တာမီလန္နည္းျပကြန္တီဟာ ယန္းကို ကာလရွည္ၾကာစိတ္၀င္စားလာခဲ့သူျဖစ္ၿပီး ဒါေၾကာင့္လည္း အင္တာဘက္က ခ်ည္းကပ္မႈျပဳလုပ္လာတာပါ။ အင္တာဘက္က သူ႔ကို ၁၈ စာခ်ဳပ္ကမ္းလွမ္းဖို႔ ရွိတယ္လုိ႔ သိရပါတယ္။ မန္ယူနည္းျပဆုိးလ္ရွားဟာလည္း မန္စီးတီးနဲ႔ပြဲအၿပီးမွာ ယန္းရဲ႕အနာဂါတ္နဲ႔ပတ္သက္လုိ႔ တိက်ေရရာတဲ့အေျဖ ေပးမသြားပါဘူး။ အက္ရွ္ေလယန္းဟာ ၂၀၁၁ က အက္စ္တြန္ဗီလာကေနေျပာင္းလာၿပီး မန္ယူနဲ႔အတူ ပရီးမီးယားလိဂ္၊အက္ဖ္ေအဖလားနဲ႔ လိဂ္ဖလားေအာင္ျမင္မႈေတြ ရရွိခဲ့ပါတယ္။