
Photo Credit
Photo Credit
သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းခေါင်းဆောင် အက်ရှ်လေယန်းဟာ ယခုလအတွင်း အင်တာမီလန်ကို ပြောင်းရွှေ့နိုင်ရေးအတွက် ခွင့်မပြုခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့လုပ်ရပ်အပေါ် ဒေါသပုန်ထနေတယ်လို့ သိရပါတယ်။
Photo Credit
အသက် ၃၄နှစ်အရွယ်ရှိ အက်ရှ်လေယန်းဟာ ယခုရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ အသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချကာ အင်တာမီလန်ကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။
Photo Credit
ဒါပေမဲ့ ယူနိုက်တက်ဟာ ခံစစ်ပိုင်းမှာ ဒဏ်ရာရကစားသမားတွေများပြားနေလို့ အက်ရှ်လေယန်း ချက်ချင်းထွက်ခွာမယ့် အစီအစဉ်ကို တားဆီးပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။ အက်ရှ်လေယန်းအနေနဲ့ အသင်းဘက်က ခွင့်ပြုချက်မပေးခဲ့လို့ ပေါက်ကွဲနေပေမယ့် နွေရာသီရောက်ရင်တော့ အင်တာမီလန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ဖို့ ရာခိုင်နှုန်းများနေပါတယ်။
Photo Credit
အင်္ဂလန်လက်ရွေးစင်ဟောင်း အက်ရှ်လေယန်းဟာ ယူနိုက်တက်အသင်းအတွက် စုစုပေါင်း ၂၆၁ ပွဲကစားထားပြီး ယခုရာသီမှာလည်း ၁၈ပွဲပါဝင်ကစားပေးထားပါတယ်။
Photo Credit
ယူနိုက်တက်အသင်းက လက်ရှိတစ်ပတ်လုပ်ခလစာ ပေါင် ၁၁၀၀၀၀ အတိုင်း အက်ရှ်လေယန်းကို တစ်နှစ်သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး အင်တာမီလန်ကတော့ ကနဦး ၁၈လစာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
Photo Credit
Zawgyi
အင္တာမီလန္ကို ေျပာင္းလုိ႔မရေအာင္ ယူႏိုက္တက္က တားဆီးလုိက္လုိ႔ အက္ရွ္ေလယန္း ေဒါသပုန္ထေန
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္အသင္းေခါင္းေဆာင္ အက္ရွ္ေလယန္းဟာ ယခုလအတြင္း အင္တာမီလန္ကို ေျပာင္းေရႊ႕ႏိုင္ေရးအတြက္ ခြင့္မျပဳခဲ့တဲ့ ယူႏုိက္တက္အသင္းရဲ႕လုပ္ရပ္အေပၚ ေဒါသပုန္ထေနတယ္လုိ႔ သိရပါတယ္။
အသက္ ၃၄ႏွစ္အရြယ္ရွိ အက္ရွ္ေလယန္းဟာ ယခုရာသီအကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔ အသင္းရဲ႕ကမ္းလွမ္းမႈကုိ ပယ္ခ်ကာ အင္တာမီလန္ကို ေျပာင္းေရႊ႕ဖို႔ ပုဂၢိဳလ္ေရးဆုိင္ရာ သေဘာတူညီမႈ ရရွိခဲ့တယ္လို႔ သိရပါတယ္။
ဒါေပမဲ့ ယူႏိုက္တက္ဟာ ခံစစ္ပိုင္းမွာ ဒဏ္ရာရကစားသမားေတြမ်ားျပားေနလုိ႔ အက္ရွ္ေလယန္း ခ်က္ခ်င္းထြက္ခြာမယ့္ အစီအစဥ္ကို တားဆီးပိတ္ပင္ခဲ့တယ္လုိ႔ သိရပါတယ္။
အက္ရွ္ေလယန္းအေနနဲ႔ အသင္းဘက္က ခြင့္ျပဳခ်က္မေပးခဲ့လုိ႔ ေပါက္ကြဲေနေပမယ့္ ေႏြရာသီေရာက္ရင္ေတာ့ အင္တာမီလန္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ဖို႔ ရာခုိင္ႏႈန္းမ်ားေနပါတယ္။
အဂၤလန္လက္ေရြးစင္ေဟာင္း အက္ရွ္ေလယန္းဟာ ယူႏုိက္တက္အသင္းအတြက္ စုစုေပါင္း ၂၆၁ ပြဲကစားထားၿပီး ယခုရာသီမွာလည္း ၁၈ပြဲပါ၀င္ကစားေပးထားပါတယ္။
ယူႏုိက္တက္အသင္းက လက္ရွိတစ္ပတ္လုပ္ခလစာ ေပါင္ ၁၁၀၀၀၀ အတိုင္း အက္ရွ္ေလယန္းကို တစ္ႏွစ္သက္တမ္းတုိးစာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔ ကမ္းလွမ္းခဲ့တာျဖစ္ၿပီး အင္တာမီလန္ကေတာ့ ကနဦး ၁၈လစာခ်ဳပ္ခ်ဳပ္ဆုိဖုိ႔ ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။