အင်တာဗျူးအဖြေကြောင့် ဒေါပွနေတဲ့ အမ်ဘက်ပီကို ဂီရောက် ပြန်တောင်းပန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘူလ်ဂေးရီးယားနဲ့ ခြေစမ်းပွဲမှာ ပြင်သစ်ဟာ ၃ – ဝနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၂ဂိုး သွင်းယူခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး ဂီရောက်ရဲ့ ပွဲပြီး အင်တာဗျူးအဖြေတွေက ပြင်သစ်အသင်းဖော် အမ်ဘတ်ပီကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။

အင်တာဗျူးမှာ ဂီရောက်က သူဟာ ပွဲချိန် တော်တော်များများမှာ ဂိုးသွင်းဖို့အတွက် အရှေ့ကို ပြေးတက် နေရာယူပေမယ့် ၊ သူ့ဆီကို လိုအပ်တဲ့ ဘောလုံး ပေးပို့တာတွေ ရောက်မလာတဲ့ အကြောင်းကို ဖွင့်ဟသွားခဲ့ပါတယ်။

ဒါဟာ အမ်ဘတ်ပီရဲ့ အခွင့်အရေးတိုင်းကို တကိုယ်ကောင်းဆန်ဆန် ဂိုးသွင်းဖို့ ကြိုးစားနေတာကို ရည်ရွယ်တာပြီး ပြောသွားတာလို့ ဥရောပ မီဒီယာတွေက ထောက်ပြကြပါတယ်။

L’Equipe သတင်းဌာနနဲ့ အင်တာဗျူးမှာ ဂီရောက်က ” ဒီနေ့ပွဲမှာ ကျွန်တော် တခါတလေ အရှေ့ကို ပြေးတက်သွားပေမယ့် ဘောလုံးက ကိုယ့်ဆီ မရောက်လာခဲ့ပါဘူး။

ကျွန်တော် ဟာ ကိုယ့်ကိုယ်ကို အမြဲတမ်း အကောင်းဆုံး နေရာယူတဲ့ တိုက်စစ်မှူး တဦးလို့ မခံယူထားပါဘူး။

ဒါပေမယ့် ပြိုင်ဖက် ပင်နယ်တီဧရိယာထဲမှာ ဂိုးသွင်းအဖြေရှာဖို့ ကြိုးစားပေးနေတာသာ ဖြစ်ပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

ဒီ အင်တာဗျူး အဖြေကြောင့် အမ်ဘတ်ပီဟာ အတော်လေး အစာမကြေ ဖြစ်ခဲ့ပြီး ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ အမေးကို ဝင်ဖြေဖို့ ကြိုးစားခဲ့ပေမယ့်

လက်ရွေးစင် နည်းပြ ဒက်ချမ့်စ် က ပြိုင်ပွဲ မတိုင်မီ အသင်းသား အချင်းချင်း စည်းလုံးမှုပျက်မှာစိုးတဲ့အတွက် အမ်ဘတ်ပီကို ဖြေခွင့် မပေးခဲ့ပါဘူး။

ပြင်သစ် အခြေစိုက် RMC Sport သတင်းဌာနရဲ့ အဆိုအရ ဂီရောက်ဟာ အင်တာဗျူးနဲ့ ပတ်သက်ပြီး အမ်ဘတ်ပီကို တောင်းပန်ဖို့ ကြိုးစားခဲ့ပေမယ့် ဂျူနီယာဖြစ်တဲ့ အမ်ဘက်ပီဟာ ဂီရောက် အပေါ်မှာသိပ်ပြီး အခဲမကြေ ဖြစ်နေသေးတယ်လို့ သိရပါတယ်။

အမ်ဘတ်ပီရဲ့အစား သတင်းစာရှင်းလင်းပွဲမှာ ဖြေခွင့်ရခဲ့တဲ့ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာကတော့ ဂီရောက်နဲ့ အမ်ဘတ်ပီ အကြားမှာ ဘာတင်းမာမှုမှမရှိတဲ့ အကြောင်းကို ဟာသနှောပြီးပါးပါးနပ်နပ် ဖြေကြားခဲ့ပါတယ်။

ပေါ့ဂ်ဘာ က ” သူတို့ ၂ယောက် အကြားမှာ ဘာတင်းမာမှုမှ မရှိပါဘူး။

တင်းမာမှု ရှိတဲ့ နေရာတွေက နောက်ကျောနဲ့ ခြေထောက်တွေပါပဲ(ရယ်လျက်)။

ဂီရောက်နဲ့ အမ်ဘက်ပီ အကြားမှာ ဘာပြဿနာမှ မရှိပါဘူး။

အနည်းဆုံးတော့ သူတို့ဟာ ကျွန်တော့်အရှေ့မှာ ဘာခိုက်ရန်မှ မဖြစ်ခဲ့ကြပါဘူး။

ဒါမှမဟုတ် အပြင်မှာ ထွက်နေတဲ့ သတင်းတွေက လူတွေ လျှောက်ပြောနေတဲ့ အရာတွေ ဖြစ်ကောင်းဖြစ်မှာပါ။

အမ်ဘက်ပီ အကြောင်း ခင်ဗျားတို့လည်း သိကြမှာပါ။

သူ့ရဲ့ အရည်အသွေးကို အားလုံး သိကြပါတယ်။

ဒီ အသက်အရွယ်လေးနဲ့ သူဟာ အံ့သြဖွယ်အရာတွေကို စွမ်းဆောင်ထားနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အင္တာဗ်ဴးအေျဖေၾကာင့္ ေဒါပြေနတဲ့ အမ္ဘက္ပီကို ဂီေရာက္ ျပန္ေတာင္းပန္

ဘူလ္ေဂးရီးယားနဲ႔ ေျခစမ္းပြဲမွာ ျပင္သစ္ဟာ ၃ – ဝနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ၂ဂိုး သြင္းယူခဲ့တဲ့ ဝါရင့္တိုက္စစ္မႉး ဂီေရာက္ရဲ႕ ပြဲၿပီး အင္တာဗ်ဴးအေျဖေတြက ျပင္သစ္အသင္းေဖာ္ အမ္ဘတ္ပီကို စိတ္အေႏွာင့္အယွက္ ျဖစ္ေစခဲ့ပါတယ္။ အင္တာဗ်ဴးမွာ ဂီေရာက္က သူဟာ ပြဲခ်ိန္ ေတာ္ေတာ္မ်ားမ်ားမွာ ဂိုးသြင္းဖို႔အတြက္ အေရွ႕ကို ေျပးတက္ ေနရာယူေပမယ့္ ၊ သူ႔ဆီကို လိုအပ္တဲ့ ေဘာလုံး ေပးပို႔တာေတြ ေရာက္မလာတဲ့ အေၾကာင္းကို ဖြင့္ဟသြားခဲ့ပါတယ္။ ဒါဟာ အမ္ဘတ္ပီရဲ႕ အခြင့္အေရးတိုင္းကို တကိုယ္ေကာင္းဆန္ဆန္ ဂိုးသြင္းဖို႔ ႀကိဳးစားေနတာကို ရည္႐ြယ္တာၿပီး ေျပာသြားတာလို႔ ဥေရာပ မီဒီယာေတြက ေထာက္ျပၾကပါတယ္။

L’Equipe သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ ဂီေရာက္က ” ဒီေန႔ပြဲမွာ ကြၽန္ေတာ္ တခါတေလ အေရွ႕ကို ေျပးတက္သြားေပမယ့္ ေဘာလုံးက ကိုယ့္ဆီ မေရာက္လာခဲ့ပါဘူး။ ကြၽန္ေတာ္ ဟာ ကိုယ့္ကိုယ္ကို အၿမဲတမ္း အေကာင္းဆုံး ေနရာယူတဲ့ တိုက္စစ္မႉး တဦးလို႔ မခံယူထားပါဘူး။ ဒါေပမယ့္ ၿပိဳင္ဖက္ ပင္နယ္တီဧရိယာထဲမွာ ဂိုးသြင္းအေျဖရွာဖို႔ ႀကိဳးစားေပးေနတာသာ ျဖစ္ပါတယ္ ” လို႔ ေျပာၾကားခဲ့ပါတယ္။ ဒီ အင္တာဗ်ဴး အေျဖေၾကာင့္ အမ္ဘတ္ပီဟာ အေတာ္ေလး အစာမေၾက ျဖစ္ခဲ့ၿပီး ပြဲၿပီး သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္ေတြရဲ႕ အေမးကို ဝင္ေျဖဖို႔ ႀကိဳးစားခဲ့ေပမယ့္ လက္ေ႐ြးစင္ နည္းျပ ဒက္ခ်မ့္စ္ က ၿပိဳင္ပြဲ မတိုင္မီ အသင္းသား အခ်င္းခ်င္း စည္းလုံးမႈပ်က္မွာစိုးတဲ့အတြက္ အမ္ဘတ္ပီကို ေျဖခြင့္ မေပးခဲ့ပါဘူး။

ျပင္သစ္ အေျခစိုက္ RMC Sport သတင္းဌာနရဲ႕ အဆိုအရ ဂီေရာက္ဟာ အင္တာဗ်ဴးနဲ႔ ပတ္သက္ၿပီး အမ္ဘတ္ပီကို ေတာင္းပန္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဂ်ဴနီယာျဖစ္တဲ့ အမ္ဘက္ပီဟာ ဂီေရာက္ အေပၚမွာသိပ္ၿပီး အခဲမေၾက ျဖစ္ေနေသးတယ္လို႔ သိရပါတယ္။ အမ္ဘတ္ပီရဲ႕အစား သတင္းစာရွင္းလင္းပြဲမွာ ေျဖခြင့္ရခဲ့တဲ့ ယူႏိုက္တက္ ကြင္းလယ္လူ ေပါ့ဂ္ဘာကေတာ့ ဂီေရာက္နဲ႔ အမ္ဘတ္ပီ အၾကားမွာ ဘာတင္းမာမႈမွမရွိတဲ့ အေၾကာင္းကို ဟာသေႏွာၿပီးပါးပါးနပ္နပ္ ေျဖၾကားခဲ့ပါတယ္။

ေပါ့ဂ္ဘာ က ” သူတို႔ ၂ေယာက္ အၾကားမွာ ဘာတင္းမာမႈမွ မရွိပါဘူး။ တင္းမာမႈ ရွိတဲ့ ေနရာေတြက ေနာက္ေက်ာနဲ႔ ေျခေထာက္ေတြပါပဲ(ရယ္လ်က္)။ ဂီေရာက္နဲ႔ အမ္ဘက္ပီ အၾကားမွာ ဘာျပႆနာမွ မရွိပါဘူး။ အနည္းဆုံးေတာ့ သူတို႔ဟာ ကြၽန္ေတာ့္အေရွ႕မွာ ဘာခိုက္ရန္မွ မျဖစ္ခဲ့ၾကပါဘူး။ ဒါမွမဟုတ္ အျပင္မွာ ထြက္ေနတဲ့ သတင္းေတြက လူေတြ ေလွ်ာက္ေျပာေနတဲ့ အရာေတြ ျဖစ္ေကာင္းျဖစ္မွာပါ။ အမ္ဘက္ပီ အေၾကာင္း ခင္ဗ်ားတို႔လည္း သိၾကမွာပါ။ သူ႔ရဲ႕ အရည္အေသြးကို အားလုံး သိၾကပါတယ္။ ဒီ အသက္အ႐ြယ္ေလးနဲ႔ သူဟာ အံ့ၾသဖြယ္အရာေတြကို စြမ္းေဆာင္ထားႏိုင္ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။