
photo-gettyimages
photo-gettyimages
စီးရီးအေပြိုင်ဘက်အင်တာရဲ့ပစ်မှတ်ဖြစ်တဲ့ မန်ယူတောင်ပံကစားသမားတာဟစ်ချောင်ကို ဂျူဗင်တပ်အသင်းက စိတ်ဝင်စားခြင်းမရှိတော့ကြောင့် ဒီကနေ့ထုတ် အီတလီအားကစားသတင်းစာတစ်စောင်ဖြစ်တဲ့ ကော်ရီယာဒယ်လိုစပေါ့က ဖော်ပြလိုက်ပါတယ်။ မန်ယူနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အဲဒီနယ်သာလန်လူငယ်ကြယ်ပွင့်လေးကို စီးရီးအေထိပ်သီးတွေဖြစ်ကြတဲ့ အင်တာနဲ့ဂျူဗင်တပ်တို့က အပြိုင်ကြိုးပမ်းနေကြတာလို့ မူလက သတင်းတွေထွက်ပေါ်ခဲ့တာပါ။ အင်တာဆိုရင် ကစားသမားရဲ့အေးဂျင့်နဲ့ နှစ်ကြိမ်တိုင် တွေ့ဆုံပြီးပြီလို့ ဆိုကြပါတယ်။
photo-gettyimages
အလားအလာကောင်းသူတစ်ယောက်ဖြစ်တဲ့ အသက် ၂၀ အရွယ်တာဟစ်ချောင်ဟာ မန်ယူနဲ့ စာချုပ်သက်တမ်း ၆ လသာကျန်တော့ပြီး မကြာသေးခင်က ပွဲကစားခွင့်နဲ့ပတ်သက်လို့ နည်းပြဆိုးလ်ရှားနဲ့ စကားများခဲ့လို့ မန်ယူဟာ အဲဒီလူငယ်ကြယ်ပွင့်ကို လာမယ့်နွေမှာ အလွတ်ဆုံးရှုံးရတော့မယ်လို့လည်း The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။ တကယ်လည်း တာဟစ်ချောင်ဟာ မန်ယူက သူ့ကစားသမားဘဝမှာ ပထမအသင်းကြီးအတွက် ၁၁ ပွဲသာကစားခွင့်ရသေးပြီး အဲဒီထဲမှာ ၇ ပွဲက အခုရာသီရောက်မှ ဖြစ်ပါတယ်။ သူဟာ ဒီရာသီယူရိုပါလိဂ်မှာ ၃ ပွဲကစားခွင့်ရထားပေမယ့် ပရီးမီးယားလိဂ် ၂ ပွဲမှာတော့ ၂၄ မိနစ်ပဲ ပါဝင်ခွင့်ရခဲ့ပါတယ်။
photo-gettyimages
လောလောဆယ်မှာ အင်တာကတော့ တာဟစ်ချောင်ကို အလွတ်ခေါ်နိုင်မယ့်အခွင့်အရေး စောင့်ကြည့်နေပါတယ်။ သူသာ အင်တာနဲ့စာချုပ်လိုက်ရင် သတင်းတွေအရ အင်တာရဲ့တရုတ်မိတ်ဖက်ကလပ်ဖြစ်တဲ့ ကျန်းစုဆန်နင်းအသင်းမှာ အချိန်တစ်ခုကြာ သွားရောက်ကစားရနိုင်ပါတယ်။ တာဟစ်ချောင်ရဲ့ဖခင်ဘက်က အဖိုးဟာလည်း တရုတ်စစ်စစ်ဖြစ်ပါတယ်။
[Zawgyi]
အင္တာပစ္မွတ္ျဖစ္တဲ့ မန္ယူရဲ႕တာဟစ္ေခ်ာင္ကို ဂ်ဴဗင္တပ္ႀကိဳးပမ္းမွာ မဟုတ္ေတာ့
စီးရီးေအၿပိဳင္ဘက္အင္တာရဲ႕ပစ္မွတ္ျဖစ္တဲ့ မန္ယူေတာင္ပံကစားသမားတာဟစ္ေခ်ာင္ကို ဂ်ဴဗင္တပ္အသင္းက စိတ္၀င္စားျခင္းမရွိေတာ့ေၾကာင့္ ဒီကေန႔ထုတ္ အီတလီအားကစားသတင္းစာတစ္ေစာင္ျဖစ္တဲ့ ေကာ္ရီယာဒယ္လုိစေပါ့က ေဖာ္ျပလိုက္ပါတယ္။ မန္ယူနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ အဲဒီနယ္သာလန္လူငယ္ၾကယ္ပြင့္ေလးကို စီးရီးေအထိပ္သီးေတြျဖစ္ၾကတဲ့ အင္တာနဲ႔ဂ်ဴဗင္တပ္တို႔က အၿပိဳင္ႀကိဳးပမ္းေနၾကတာလုိ႔ မူလက သတင္းေတြထြက္ေပၚခဲ့တာပါ။ အင္တာဆုိရင္ ကစားသမားရဲ႕ေအးဂ်င့္နဲ႔ ႏွစ္ႀကိမ္တိုင္ ေတြ႕ဆုံၿပီးၿပီလုိ႔ ဆိုၾကပါတယ္။
အလားအလာေကာင္းသူတစ္ေယာက္ျဖစ္တဲ့ အသက္ ၂၀ အရြယ္တာဟစ္ေခ်ာင္ဟာ မန္ယူနဲ႔ စာခ်ဳပ္သက္တမ္း ၆ လသာက်န္ေတာ့ၿပီး မၾကာေသးခင္က ပြဲကစားခြင့္နဲ႔ပတ္သက္လို႔ နည္းျပဆုိးလ္ရွားနဲ႔ စကားမ်ားခဲ့လုိ႔ မန္ယူဟာ အဲဒီလူငယ္ၾကယ္ပြင့္ကို လာမယ့္ေႏြမွာ အလြတ္ဆုံးရႈံးရေတာ့မယ္လုိ႔လည္း The Sun သတင္းစာက ေဖာ္ျပခဲ့ပါတယ္။ တကယ္လည္း တာဟစ္ေခ်ာင္ဟာ မန္ယူက သူ႔ကစားသမားဘ၀မွာ ပထမအသင္းႀကီးအတြက္ ၁၁ ပြဲသာကစားခြင့္ရေသးၿပီး အဲဒီထဲမွာ ၇ ပြဲက အခုရာသီေရာက္မွ ျဖစ္ပါတယ္။ သူဟာ ဒီရာသီယူရိုပါလိဂ္မွာ ၃ ပြဲကစားခြင့္ရထားေပမယ့္ ပရီးမီးယားလိဂ္ ၂ ပြဲမွာေတာ့ ၂၄ မိနစ္ပဲ ပါ၀င္ခြင့္ရခဲ့ပါတယ္။
ေလာေလာဆယ္မွာ အင္တာကေတာ့ တာဟစ္ေခ်ာင္ကို အလြတ္ေခၚႏိုင္မယ့္အခြင့္အေရး ေစာင့္ၾကည့္ေနပါတယ္။ သူသာ အင္တာနဲ႔စာခ်ဳပ္လိုက္ရင္ သတင္းေတြအရ အင္တာရဲ႕တရုတ္မိတ္ဖက္ကလပ္ျဖစ္တဲ့ က်န္းစုဆန္နင္းအသင္းမွာ အခ်ိန္တစ္ခုၾကာ သြားေရာက္ကစားရႏိုင္ပါတယ္။ တာဟစ္ေခ်ာင္ရဲ႕ဖခင္ဘက္က အဖိုးဟာလည္း တရုတ္စစ္စစ္ျဖစ္ပါတယ္။