အင်တာနဲ့ ဆေးစစ်ဖို့ မီလန်မြို့ကို ရောက်လာတဲ့ အဲရစ်ဆင်

Photo Credit

Photo Credit

စပါးအသင်းကွင်းလယ်လူ အဲရစ်ဆင်ဟာ အင်တာမီလန်အသင်းကို ပေါင် ၁၇.၅သန်းနဲ့ ပြောင်းရွှေ့ရေးအတွက် ခြေလှမ်းတစ်ရပ်အဖြစ် အင်တာမီလန်နဲ့ ဆေးစစ်မှုခံယူရေးအတွက် ယနေ့မှာ မီလန်မြို့ကို ရောက်ရှိလာပြီဖြစ်ပါတယ်။
ယခုရာသီအကုန်မှာ စပါးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဒိန်းမတ်လက်ရွေးစင် အဲရစ်ဆင်ဟာ ဒီနေ့မနက်က လန်ဒန်မြို့ကနေ မီလန်ကို လေကြောင်းခရီးနဲ့ ရောက်ရှိလာတာဖြစ်ပြီး မီလန်မြို့ရှိ Humanitas ဆေးခန်းမှာ ဆေးစစ်ဆေးမှုခံယူမှာဖြစ်ပါတယ်။

Photo Credit

အင်တာမီလန်ဟာ အေဂျက်စ်ကွင်းလယ်လူဟောင်း အဲရစ်ဆင်ကို ခေါ်ယူဖို့ လွန်ခဲ့တဲ့ရက်သတ္တပတ်ပေါင်းများစွာကတည်းက ကြိုးစားနေခဲ့တာဖြစ်ပြီး အခုတော့ အပြောင်းအရွှေ့ပြီးပြည့်စုံဖို့ နီးစပ်လာပြီဖြစ်သလို ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိထားတာလည်း အတော်လေးကြာမြင့်နေပြီဖြစ်ပါတယ်။

Photo Credit

အဲရစ်ဆင်ဟာ အင်တာမီလန်အသင်းနဲ ၂၀၂၄ ဇွန်လအထိရှိမယ့် စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး အပိုဆုကြေးမပါ တစ်ရာသီလုပ်ခလစာ ပေါင် ၆.၅သန်းဝန်းကျင်ရမှာဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ အဲရစ်ဆင်အတွက် စပါးအသင်းသတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၇.၅သန်းအောက် လျှော့ချနိုင်ဖို့ ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေခဲ့ဘဲ အခုတော့ အမျိုးမျိုးသော အပိုဆုကြေးတွေအပါအဝင် ပေါင် ၁၇.၅သန်းနဲ့ပဲ ခေါ်ယူဖို့ သဘောတူညီခဲ့တာပါ

Photo Credit

အဲရစ်ဆင်ဟာ စနေညက ဆောက်သမ်တန်နဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ အက်ဖ်အေဖလားပွဲအတွက် အသင်းရဲ့လူစာရင်းမှာ မပါဝင်ကတည်းက အင်တာမီလန်ကို ပြောင်းရွှေ့ဖို့ ပိုမိုနီးစပ်ခဲ့တာဖြစ်ပြီး အသက် ၂၈နှစ်အရွယ်ရှိ အဲရစ်ဆင်အနေနဲ့ မော့ဆက်စ်နဲ့ အက်ရှ်လေယန်းတို့ပြီးနောက် ယခုလအတွင်း ပရီးမီးယားလိဂ်ကနေ အင်တာမီလန်ကို ရောက်လာတဲ့ တတိယမြောက်ကစားသမားဖြစ်လာမှာပါ။

Photo Credit

Zawgyi

အင္တာနဲ႔ ေဆးစစ္ဖို႔ မီလန္ၿမိဳ႕ကို ေရာက္လာတ့ဲ အဲရစ္ဆင္

စပါးအသင္းကြင္းလယ္လူ အဲရစ္ဆင္ဟာ အင္တာမီလန္အသင္းကို ေပါင္ ၁၇.၅သန္းနဲ႔ ေျပာင္းေရႊ႕ေရးအတြက္ ေျခလွမ္းတစ္ရပ္အျဖစ္ အင္တာမီလန္နဲ႔ ေဆးစစ္မႈခံယူေရးအတြက္ ယေန႔မွာ မီလန္ၿမိဳ႕ကို ေရာက္ရွိလာၿပီျဖစ္ပါတယ္။
ယခုရာသီအကုန္မွာ စပါးနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ဒိန္းမတ္လက္ေရြးစင္ အဲရစ္ဆင္ဟာ ဒီေန႔မနက္က လန္ဒန္ၿမိဳ႕ကေန မီလန္ကို ေလေၾကာင္းခရီးနဲ႔ ေရာက္ရွိလာတာျဖစ္ၿပီး မီလန္ၿမိဳ႕ရွိ Humanitas ေဆးခန္းမွာ ေဆးစစ္ေဆးမႈခံယူမွာျဖစ္ပါတယ္။
အင္တာမီလန္ဟာ ေအဂ်က္စ္ကြင္းလယ္လူေဟာင္း အဲရစ္ဆင္ကို ေခၚယူဖို႔ လြန္ခဲ့တဲ့ရက္သတၱပတ္ေပါင္းမ်ားစြာကတည္းက ႀကိဳးစားေနခဲ့တာျဖစ္ၿပီး အခုေတာ့ အေျပာင္းအေရႊ႕ၿပီးျပည့္စုံဖို႔ နီးစပ္လာၿပီျဖစ္သလို ပုဂၢဳိလ္ေရးဆိုင္ရာ သေဘာတူညီခ်က္ေတြ ရရွိထားတာလည္း အေတာ္ေလးၾကာျမင့္ေနၿပီျဖစ္ပါတယ္။
အဲရစ္ဆင္ဟာ အင္တာမီလန္အသင္းနဲ ၂၀၂၄ ဇြန္လအထိရွိမယ့္ စာခ်ဳပ္ခ်ဳပ္ဆုိမွာျဖစ္ၿပီး အပိုဆုေၾကးမပါ တစ္ရာသီလုပ္ခလစာ ေပါင္ ၆.၅သန္း၀န္းက်င္ရမွာျဖစ္ပါတယ္။ အင္တာမီလန္အသင္းဟာ အဲရစ္ဆင္အတြက္ စပါးအသင္းသတ္မွတ္ထားတဲ့ ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၇.၅သန္းေအာက္ ေလွ်ာ့ခ်ႏိုင္ဖို႔ ညွိႏိႈင္းခဲ့ေပမယ့္ အဆင္မေျပခဲ့ဘဲ အခုေတာ့ အမ်ိဳးမ်ိဳးေသာ အပိုဆုေၾကးေတြအပါအ၀င္ ေပါင္ ၁၇.၅သန္းနဲ႔ပဲ ေခၚယူဖို႔ သေဘာတူညီခဲ့တာပါ
အဲရစ္ဆင္ဟာ စေနညက ေဆာက္သမ္တန္နဲ႔ ၁-၁ ဂိုးသေရက်ခဲ့တဲ့ အက္ဖ္ေအဖလားပြဲအတြက္ အသင္းရဲ႕လူစာရင္းမွာ မပါ၀င္ကတည္းက အင္တာမီလန္ကို ေျပာင္းေရႊ႕ဖုိ႔ ပိုမိုနီးစပ္ခဲ့တာျဖစ္ၿပီး အသက္ ၂၈ႏွစ္အရြယ္ရွိ အဲရစ္ဆင္အေနနဲ႔ ေမာ့ဆက္စ္နဲ႔ အက္ရွ္ေလယန္းတုိ႔ၿပီးေနာက္ ယခုလအတြင္း ပရီးမီးယားလိဂ္ကေန အင္တာမီလန္ကို ေရာက္လာတဲ့ တတိယေျမာက္ကစားသမားျဖစ္လာမွာပါ။