အင်တာနည်းပြသစ်အဖြစ် လာဇီယိုမှာ အောင်မြင်ခဲ့တဲ့ ဆီမြွန်နီအင်ဇာဂီ ခန့်အပ်ခံရ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
စီးရီးအေချန်ပီယံဆုကို တစ်ကျော့ပြန်ရယူပေးအပြီးမှာ အသင်းပိုင်ရှင် တရုတ်တွေနဲ့ ကစားသမား ဝယ်ယူရေးကိစ္စမှာ ဆွေးနွေးလို့ အဆင်မပြေဖြစ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ နုတ်ထွက်သွားခဲ့ပါတယ်။
အခုတော့ ကွန်တီရဲ့နေရာကို လူငယ်နည်းပြတစ်ဦးဖြစ်တဲ့ လာဇီယိုအသင်း နည်းပြဟောင်း ဆီမြွန်နီအင်ဇာဂီ ကို နည်းပြသစ်အဖြစ် ၂နှစ် စာချုပ်ချုပ်ဆိုကာ ခန့်အပ်လိုက်ပြီလို့ တရားဝင်ကြေညာလိုက်ပါတယ်။
ဆီမြွန်နီအင်ဇာဂီ ဟာ ကစားသမားဘဝမှတြုန်းက အစ်ကိုဖြစ်တဲ့ ဖိလစ်ပိုအင်ဇာဂီလောက် မကျော်ကြား မအောင်မြင်ခဲ့ပေမယ့် နည်းပြလိုင်းမှာတော့ အစ်ကိုထက် ပိုဆရာကျနေပါတယ်။
လာဇီယို အသင်းကို ၂၀၁၆ ကနေ ၂၀၂၁ အထိကိုင်တွယ်ခဲ့တာဖြစ်ပြီး ကိုပါအီတာလီယာဖလား ၁ ကြိမ်နဲ့ စူပါကိုပါအီတာလီယာဖလား ၂ကြိမ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
အင်တာမီလန်အသင်းရဲ့ထုတ်ပြန်ချက်မှာတော့ “အင်တာမီလန်အသင်းဟာ ဆီမြွန်နီ အင်ဇာဂီကို ပထမအသင်း နည်းပြအဖြစ် ကြိုဆိုလိုက်ပါတယ်။
အီတလီ မန်နေဂျာဟာ အင်တာမီလန်အသင်းနဲ့ (၂)နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ်လို့”ရေးသားထားပါတယ်။
ဆီမြွန်နီအင်ဇာဂီ ဟာ လာဇီယိုအသင်းကို ၁၃နှစ် အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် အုပ်စုအဆင့် ယှဉ်ပြိုင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးထားတာပါ။
အင်တာမီလန် အသင်းဟာ နည်းပြသစ်အဖြစ် အင်ဇာဂီ ကို ခန့်အပ်မယ်လို့ အစောပိုင်းထဲက ရေပန်းစားခဲ့တာဖြစ်ပြီး မီဟိုင်းလိုဗစ်ချ်၊ လောရင့်ဘလန့် စတဲ့ သူတွေလည်း သတင်းထွက်ခဲ့ပါသေးတယ်။
အင်ဇာဂီ အနေနဲ့ အသင်းကထွက်ခွာနိုင်ခြေရှိတဲ့ တိုက်စစ်မှုး လူကာကူနဲ့ မာတီးနက်ဇ် တို့ကို အသင်းမှာ ဆက်ရှိအောင် ထိန်းသိမ်းရမှာဖြစ်သလို ဟာကီမီ ကိုလည်း ဆက်ရှိအောင် ဦးစားပေး လုပ်ဆောင်ရဖို့ ရှိပါတယ်။
ဒါ့အပြင် အင်ဇာဂီ အနေနဲ့ ၁၀နှစ် အတွင်း ပထမဆုံးအကြိမ် စီးရီးအေ ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ထားတဲ့ အင်တာမီလန်အသင်းကို ချန်ပီယံဆု ကာကွယ်ပြီး ဆက်ထိန်းသိမ်းနိုင်အောင်နဲ့ ဥရောပပြိုင်ပွဲမှာ အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်ဖို့လည်း လိုပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi