အင်တာကို ဆန်းချက်ဇ် အပြီးပြောင်းသွားနိုင်တဲ့အပေါ် တားဆီးသွားမယ့် မန်ယူ

photo-daily mail

photo-REX

မန်ယူဟာ အသင်းမှာ ဆန်းချက်ဇ်အတွက် နောက်ထပ်အခွင့်အရေးပေးဖို့ မယုံနိုင်ဖွယ်ဖြစ်မယ့် ဆုံးဖြတ်ချက်ပြန်လည်ပြင်ဆင်မှုပြုုလုပ်တော့မှာ ဖြစ်ကြောင်း အင်္ဂလန်သတင်းစာတစ်စောင်ဖြစ်တဲ့ Daily Star က ဖော်ပြလိုက်ပါတယ်။ အဲဒီချီလီသားဟာ လက်ရှိမှာ အင်တာမီလန်ကိုအငှားသွားရောက်ကစားနေပြီး သူ့ရဲ့မန်ယူကစားသမားဘဝကို ပြန်လည်အဖတ်ဆယ်ဖို့က အခွင့်အရေးနည်းသွားပြီလို့ ထင်ထားကြတာပါ။

photo-REX

ဒါပေမဲ့လည်း သတင်းအရ အခြေအနေတွေကို ဆန်းချက်ဇ်ပြောင်းလဲဖို့ မန်ယူဘက်က အလိုရှိနေပြီး ဒီအတွက် လာမယ့်နွေရောက်ရင် အင်တာ ဒါမှမဟုတ် တခြားအသင်းတစ်ခုခုကို အပြီးပြောင်းသွားနိုင်တဲ့အပေါ် တားဆီးသွားလိမ့်မယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ဆန်းချက်ဇ်ဟာ မန်ယူရဲ့ရာသီကြိုခရီးစဉ်မှာ အသင်းနဲ့အတူ လိုက်ပါဖို့ရှိပြီး လူစာရင်းမှာ သူပြန်လည်ပါဝင်ဖို့ ကလပ်ဘက်က ကြိုးပမ်းအားထုတ်သွားဖို့ ရှိပါတယ်။ ဒါ့အပြင် လာမယ့်နွေမှာ ဆန်းချက်ဇ်ဟာ မန်ယူက သူ့ရဲ့ကျောနံပါတ် ၇ ကို ပြန်လည်ရရှိမှာဖြစ်ပြီး အဲဒီအချိန်မှာ သူ့ရဲ့စာချုပ်သက်တမ်းကလည်း ၂ နှစ်ကျန်နေဦးမှာပါ။

photo-gettyimages

ဆန်းချက်ဇ်ရဲ့အင်တာအငှားကစားသမားဘဝဟာ အခုချိန်ထိတော့ ထင်တိုင်းမပေါက်သေးပါဘူး။ ဒဏ်ရာပြသနာကြောင့် စီးရီးအေမှာ အခုချိန်ထိကို ပွဲထွက်စာရင်းထဲပါဝင်နိုင်ခြင်း မရှိသေးတာပါ။ လက်ရှိမှာ သူဟာ ပြန်လည်ကြံ့ခိုင်နေပြီး ပြီးခဲ့တဲ့တနင်္ဂနွေ ကက်ဂလီယာရီနဲ့ ၁-၁ သရေပွဲမှာ လူစားဝင်အဖြစ် ဝင်ရောက်ကစားခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ ၂၀၁၈ ဇန်နဝါရီက ခီတာယန်နဲ့အလဲအထပ်အဖြစ် အာဆင်နယ်ကနေ မန်ယူကိုရောက်လာခဲ့တာပါ။ သူဟာ အိုးလ်ထရက်ဖို့ဒ်မှာ တစ်ပတ် ပေါင် ၅ သိန်းရခဲ့ပေမယ့် အသင်းအတွက် ၄၅ ပွဲမှာ ၅ ဂိုးသာသွင်းနိုင်ခဲ့ပါတယ်။

[Zawgyi]

အင္တာကို ဆန္းခ်က္ဇ္ အၿပီးေျပာင္းသြားႏိုင္တဲ့အေပၚ တားဆီးသြားမယ့္ မန္ယူ

မန္ယူဟာ အသင္းမွာ ဆန္းခ်က္ဇ္အတြက္ ေနာက္ထပ္အခြင့္အေရးေပးဖို႔ မယုံႏိုင္ဖြယ္ျဖစ္မယ့္ ဆုံးျဖတ္ခ်က္ျပန္လည္ျပင္ဆင္မႈျပဳဳလုပ္ေတာ့မွာ ျဖစ္ေၾကာင္း အဂၤလန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ Daily Star က ေဖာ္ျပလိုက္ပါတယ္။ အဲဒီခ်ီလီသားဟာ လက္ရွိမွာ အင္တာမီလန္ကိုအငွားသြားေရာက္ကစားေနၿပီး သူ႔ရဲ႕မန္ယူကစားသမားဘ၀ကို ျပန္လည္အဖတ္ဆယ္ဖို႔က အခြင့္အေရးနည္းသြားၿပီလို႔ ထင္ထားၾကတာပါ။

ဒါေပမဲ့လည္း သတင္းအရ အေျခအေနေတြကို ဆန္းခ်က္ဇ္ေျပာင္းလဲဖုိ႔ မန္ယူဘက္က အလုိရွိေနၿပီး ဒီအတြက္ လာမယ့္ေႏြေရာက္ရင္ အင္တာ ဒါမွမဟုတ္ တျခားအသင္းတစ္ခုခုကို အၿပီးေျပာင္းသြားႏိုင္တဲ့အေပၚ တားဆီးသြားလိမ့္မယ္လုိ႔ သိရပါတယ္။ ဒါေၾကာင့္လည္း ဆန္းခ်က္ဇ္ဟာ မန္ယူရဲ႕ရာသီႀကိဳခရီးစဥ္မွာ အသင္းနဲ႔အတူ လုိက္ပါဖို႔ရွိၿပီး လူစာရင္းမွာ သူျပန္လည္ပါ၀င္ဖုိ႔ ကလပ္ဘက္က ႀကိဳးပမ္းအားထုတ္သြားဖို႔ ရွိပါတယ္။ ဒါ့အျပင္ လာမယ့္ေႏြမွာ ဆန္းခ်က္ဇ္ဟာ မန္ယူက သူ႔ရဲ႕ေက်ာနံပါတ္ ၇ ကို ျပန္လည္ရရွိမွာျဖစ္ၿပီး အဲဒီအခ်ိန္မွာ သူ႔ရဲ႕စာခ်ဳပ္သက္တမ္းကလည္း ၂ ႏွစ္က်န္ေနဦးမွာပါ။

ဆန္းခ်က္ဇ္ရဲ႕အင္တာအငွားကစားသမားဘ၀ဟာ အခုခ်ိန္ထိေတာ့ ထင္တိုင္းမေပါက္ေသးပါဘူး။ ဒဏ္ရာျပသနာေၾကာင့္ စီးရီးေအမွာ အခုခ်ိန္ထိကို ပြဲထြက္စာရင္းထဲပါ၀င္ႏုိင္ျခင္း မရွိေသးတာပါ။ လက္ရွိမွာ သူဟာ ျပန္လည္ႀကံ႕ခိုင္ေနၿပီး ၿပီးခဲ့တဲ့တနဂၤေႏြ ကက္ဂလီယာရီနဲ႔ ၁-၁ သေရပြဲမွာ လူစား၀င္အျဖစ္ ၀င္ေရာက္ကစားခဲ့ပါတယ္။ ဆန္းခ်က္ဇ္ဟာ ၂၀၁၈ ဇန္န၀ါရီက ခီတာယန္နဲ႔အလဲအထပ္အျဖစ္ အာဆင္နယ္ကေန မန္ယူကုိေရာက္လာခဲ့တာပါ။ သူဟာ အုိးလ္ထရက္ဖို႔ဒ္မွာ တစ္ပတ္ ေပါင္ ၅ သိနး္ရခဲ့ေပမယ့္ အသင္းအတြက္ ၄၅ ပြဲမွာ ၅ ဂိုးသာသြင္းႏိုင္ခဲ့ပါတယ္။