အင်တာကိုရှုံးရင် ဆာရီအထုတ်ခံရနိုင်ပြီး အယ်လီဂရီပြန်ခန့်ဖို့ ဂျူဗီစီစဉ်ထား

Photo- Internet
Photo- Internet

ဂျူဗင်တပ်အသင်းဟာ တနင်္ဂနွေနေ့မှာအင်တာမီလန်ကိုရှုံးနိမ့်ခဲ့မယ်ဆိုရင် အသင်းရဲ့ပြဿနာပိုမိုးဆိုးရွားမလာဖို့အတွက် လက်ရှိနည်းပြ ဆာရီကိုရာထူးကနေထုတ်ပယ်ပြီး နည်းပြဟောင်း အယ်လီဂရီကိုပြန်လည်ခန့်အပ်ဖို့ှရှိနေတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်ဟာပြီးခဲ့တဲ့ကြားရက်က ချန်ပီယံလိဂ်မျာလိုင်ယွန်ကို အဝေးကွင်းမှာ ၁-၀ နဲ့ရှုံးနိမ့်ခဲ့တာပါ။

ဒီပွဲရလဒ်ထက်ပွဲအပြီးမှာ ဆာရီကသူ့အသင်းသားတွေကိုဝေဖန်ခဲ့တဲ့ စကားလုံးအသုံးအနှုန်းကြောင့် ဖိအားတွေခံစားနေရပါတယ်။ သူက ကစားသမားတွေကို ဘောလုံးမြန်မြန်ပေးတတ်ဖို့အရေးကြီးတယ်ဆိုတာက ဘယ်လိုနားလည်အောင်သင်ပေးရမှန်းမသိတော့ဘူးလို့ ဝေဖန်ခဲ့တာပါ။ ဒါကြောင့် အံအားသင့်မှုတွေလည်းရှိလာပြီး သတင်းစာတစ်စောင်ကဆိုရင် ဆာရီရဲ့ပြောပေါက်က ကျောင်းဆရာတစ်ဦးက မိဘတွေကို ခင်ဗျားတို့ကလေးတွေကို အက္ခရာမသင်ပေးနိုင်တော့ဘူးလို့ ပြောသလိုမျိုးဘဲဆိုပြီး ဝေဖန်ခဲ့ပါတယ်။

Photo- Internet

လက်ရှိမှာ ကလပ်ဥက္ကဋ္ဌ အက်ဂနယ်လီအပါအဝင် ဒါရိုက်တာတွေဖြစ်တဲ့ ပါရာတီချီနဲ့ နက်ဗက်တို့ကလည်း ဆာရီရဲ့စကားလုံးအသုံးအနှုန်းကိုမကျေနပ်ကြပါဘူး။ လက်ရှိမှာ ကစားသမားတွေကလည်း မကျေနပ်ကြလို့ အင်တာကိုရှုံးခဲ့ရင် ပြဿနာထပ်ဆိုးလာနိုင်တဲ့အရေးကြောင့် ဒီပွဲရှုံးရင် ဆာရီကိုထုတ်ပယ်ပြီး အယ်လီဂရီကိုပြန်ခေါ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

Photo- Internet

အယ်လီဂရီဟာပြီးခဲ့တဲ့ရာသီကုန်ချိန်က ဂျူဗင်တပ်နဲ့လမ်းခွဲခဲ့သူဖြစ်ပေမယ့် အခုရာသီကုန်ဆုံးချိန်အထိ စာချုပ်သက်တမ်းရှိနေသေးသူဖြစ်ပါတယ်။ နာပိုလီနဲ့ ချဲလ်ဆီးနည်းပြဟောင်းဖြစ်တဲ့ ဆာရီဟာ ဂျူဗင်တပ်နဲ့ ၂၀၂၂ အထိစာချုပ်သက်တမ်းရှိထားသူဖြစ်ပြီး သူ့လက်ထက်မှာတိုးတက်မှုနှေးနေတာကိုလည်း ကလပ်တာဝန်ရှိသူတွေက စိတ်ပျက်နေပါတယ်။

Photo- Internet

ဆာရီဟာ ဂျူဗင်တပ်အသင်းမှာ တိုက်စစ်မှူး ၃ ဦးထားမလား တိုက်စ်လိုက်ပါတဲ့ ကွင်းလယ်လူထားမလားဆိုတဲ့ နည်းစနစ်တွေကို သေချာစွာမဆုံးဖြတ်နိုင်သေးသလို သူ့လက်ထက်မှာနည်းနစ်အားနည်းမှုတွေရှိနေတယ်လို့ သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

Photo- Internet

Zawgyi

အင္တာကိုရႈံးရင္ ဆာရီအထုတ္ခံရႏိုင္ၿပီး အယ္လီဂရီျပန္ခန္႔ဖို႔ ဂ်ဴဗီစီစဥ္ထား

ဂ်ဴဗင္တပ္အသင္းဟာ တနဂၤေႏြေန႔မွာအင္တာမီလန္ကိုရႈံးနိမ့္ခဲ့မယ္ဆိုရင္ အသင္းရဲ႕ျပႆနာပိုမိုးဆိုးရြားမလာဖို႔အတြက္ လက္ရွိနည္းျပ ဆာရီကိုရာထူးကေနထုတ္ပယ္ၿပီး နည္းျပေဟာင္း အယ္လီဂရီကိုျပန္လည္ခန္႔အပ္ဖို႔ွရိွေနတယ္လို႔ သိရပါတယ္။ ဂ်ဴဗင္တပ္ဟာၿပီးခဲ့တဲ႔ၾကားရက္က ခ်န္ပီယံလိဂ္မ်ာလိုင္ယြန္ကို အေ၀းကြင္းမွာ ၁-၀ နဲ႔ရႈံးနိမ့္ခဲ့တာပါ။

ဒီပြဲရလဒ္ထက္ပြဲအၿပီးမွာ ဆာရီကသူ႔အသင္းသားေတြကိုေ၀ဖန္ခဲ့တဲ႔ စကားလုံးအသုံးအႏႈန္းေၾကာင့္ ဖိအားေတြခံစားေနရပါတယ္။ သူက ကစားသမားေတြကို ေဘာလုံးျမန္ျမန္ေပးတတ္ဖို႔အေရးႀကီးတယ္ဆိုတာက ဘယ္လိုနားလည္ေအာင္သင္ေပးရမွန္းမသိေတာ႔ဘူးလို႔ ေ၀ဖန္ခဲ့တာပါ။ ဒါေၾကာင့္ အံအားသင့္မႈေတြလည္းရွိလာၿပီး သတင္းစာတစ္ေစာင္ကဆိုရင္ ဆာရီရဲ႔ေျပာေပါက္က ေက်ာင္းဆရာတစ္ဦးက မိဘေတြကို ခင္ဗ်ားတို႔ကေလးေတြကို အကၡရာမသင္ေပးႏိုင္ေတာ႔ဘူးလို႔ ေျပာသလိုမ်ဳိးဘဲဆိုၿပီး ေ၀ဖန္ခဲ့ပါတယ္။

လက္ရွိမွာ ကလပ္ဥကၠ႒ အက္ဂနယ္လီအပါအ၀င္ ဒါရိုက္တာေတြျဖစ္တဲ႔ ပါရာတီခ်ီနဲ႔ နက္ဗက္တို႔ကလည္း ဆာရီရဲ႕စကားလုံးအသုံးအႏႈန္းကိုမေက်နပ္ၾကပါဘူး။ လက္ရွိမွာ ကစားသမားေတြကလည္း မေက်နပ္ၾကလို႔ အင္တာကိုရႈံးခဲ့ရင္ ျပႆနာထပ္ဆုိးလာႏိုင္တဲ႔အေရးေၾကာင့္ ဒီပြဲရႈံးရင္ ဆာရီကိုထုတ္ပယ္ၿပီး အယ္လီဂရီကိုျပန္ေခၚဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။

အယ္လီဂရီဟာၿပီးခဲ့တဲ႔ရာသီကုန္ခ်ိန္က ဂ်ဴဗင္တပ္နဲ႔လမ္းခြဲခဲ့သူျဖစ္ေပမယ္႔ အခုရာသီကုန္ဆုံးခ်ိန္အထိ စာခ်ဳပ္သက္တမ္းရွိေနေသးသူျဖစ္ပါတယ္။ နာပိုလီနဲ႔ ခ်ဲလ္ဆီးနည္းျပေဟာင္းျဖစ္တဲ႔ ဆာရီဟာ ဂ်ဴဗင္တပ္နဲ႔ ၂၀၂၂ အထိစာခ်ဳပ္သက္တမ္းရွိထားသူျဖစ္ၿပီး သူ႔လက္ထက္မွာတိုးတက္မႈေႏွးေနတာကိုလည္း ကလပ္တာ၀န္ရွိသူေတြက စိတ္ပ်က္ေနပါတယ္။

ဆာရီဟာ ဂ်ဴဗင္တပ္အသင္းမွာ တိုက္စစ္မွဴး ၃ ဦးထားမလား တိုက္စ္လိုက္ပါတဲ႔ ကြင္းလယ္လူထားမလားဆိုတဲ႔ နည္းစနစ္ေတြကို ေသခ်ာစြာမဆုံးျဖတ္ႏိုင္ေသးသလို သူ႔လက္ထက္မွာနည္းနစ္အားနည္းမႈေတြရွိေနတယ္လို႔ သတ္မွတ္ခံထားရသူျဖစ္ပါတယ္။