အင်တာကိုပြောင်းခွင့်ပေးဖို့ တွန်းအားပေးတဲ့အနေနဲ့ လေ့ကျင့်ရေးကွင်းထဲက ထွက်သွားခဲ့တဲ့ ယန်း

photo-the sun

photo-reuters

မန်ယူအသင်းခေါင်းဆောင်အက်ရှ်လေယန်းဟာ သူ့ရဲ့အင်တာမီလန်အပြောင်းအရွှေ့ဖြစ်မြောက်ရေးအတွက် တွန်းအားပေးတဲ့အနေနဲ့ လေ့ကျင့်ရေးကွင်းထဲက ထွက်သွားခဲ့သေးကြောင်း အင်္ဂလန်ရဲ့နာမည်ကြီးအဖွသတင်းစာဖြစ်တဲ့ The Sun က ဖော်ပြလိုက်ပါတယ်။ အခုတော့ အဲဒီဝါရင့်မန်ယူနောက်ခံလူဟာ အီတလီကိုပြောင်းတော့မှာဖြစ်ပြီး နှစ်သင်းစလုံးက ပေါင် ၁.၈ သန်းအထိ တိုးလာနိုင်တဲ့ သူ့ရဲ့ပြောင်းရွှေ့ကြေးအတွက် မနေ့ညက သဘောတူညီခဲ့ကြပါတယ်။

photo-gettyimages

ဒါပေမဲ့လည်း ပြီးခဲ့တဲ့အပတ်သောကြာတုန်းက မန်ယူအသင်းလေ့ကျင့်ရေးကွင်းမှာ အံ့အားသင့်စရာအဖြစ်အပျက်တစ်ခု ဖြစ်သွားပါတယ်။ သူ့ရဲ့အနာဂါအတွက် နည်းပြဆိုးလ်ရှားနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး ၂၄ နာရီအကြာမှာပဲ အက်ရှ်လေယန်းဟာ လေ့ကျင့်ရေးကွင်းထဲက ထွက်သွားပြီး Gym ထဲကို သွားကာ သူ့စိတ်ကြိုက်သာ လေ့ကျင့်ခဲ့တာပါ။ အဲဒီအတွက်လည်း ၃၄ နှစ်အရွယ် ယန်းဟာ နော်ဝစ်ချ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့စနေ ပရီးမီးယားလိဂ်ပွဲစဉ်လူစာရင်းမှာ မဝါဝင်ခဲ့ဘဲ ဝုဗ်ကို ၁-၀  ဂိုးနဲ့အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပြန်ကန်ပွဲလူစာရင်းမှာပါ ဆက်လက်ချန်လှပ်ခံခဲ့ရပါတယ်။

photo-REX

ပြီးခဲ့တဲ့အပတ်သောကြာတုန်းက ဆိုးလ်ရှားက ယန်းဟာ ကြံ့ခိုင်မှုမပြည့်လို့ နော်ဝစ်ချ်နဲ့ပွဲမပါနိုင်ဘူးလို့ ဆိုခဲ့ပေမယ့် အဲဒီနေ့ရဲ့နှောင်းပိုင်းမှာပဲ လေ့ကျင့်ရေးကွင်းထဲက ထွက်သွားခဲ့တာပါ။ မန်ယူက သူ့ကို တစ်နှစ်စာချုပ်သစ်ကမ်းလှမ်းခဲ့ပေမယ့် ယန်းက ပယ်ချခဲ့ပြီး သူထွက်ခွာချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိစေခဲ့ပါတယ်။ သူဟာ မန်ယူနဲ့ ၉ ရာသီမြောက်ကို ဖြတ်သန်းနေတာဖြစ်ပြီး ဗီလာကနေ ပြောင်းလာတဲ့ ၂၀၁၁ ကတည်းက ပြိုင်ပွဲအရပ်ရပ် ၂၆၁ ပွဲကစားပေးထားပါတယ်။

[Zawgyi]

အင္တာကိုေျပာင္းခြင့္ေပးဖုိ႔ တြန္းအားေပးတဲ့အေနနဲ႔ ေလ့က်င့္ေရးကြင္းထဲက ထြက္သြားခဲ့တဲ့ ယန္း

မန္ယူအသင္းေခါင္းေဆာင္အက္ရွ္ေလယန္းဟာ သူ႔ရဲ႕အင္တာမီလန္အေျပာင္းအေရႊ႕ျဖစ္ေျမာက္ေရးအတြက္ တြန္းအားေပးတဲ့အေနနဲ႔ ေလ့က်င့္ေရးကြင္းထဲက ထြက္သြားခဲ့ေသးေၾကာင္း အဂၤလန္ရဲ႕နာမည္ႀကီးအဖြသတင္းစာျဖစ္တဲ့ The Sun က ေဖာ္ျပလိုက္ပါတယ္။ အခုေတာ့ အဲဒီ၀ါရင့္မန္ယူေနာက္ခံလူဟာ အီတလီကိုေျပာင္းေတာ့မွာျဖစ္ၿပီး ႏွစ္သင္းစလုံးက ေပါင္ ၁.၈ သန္းအထိ တိုးလာႏိုင္တဲ့ သူ႔ရဲ႕ေျပာင္းေရႊ႕ေၾကးအတြက္ မေန႔ညက သေဘာတူညီခဲ့ၾကပါတယ္။

ဒါေပမဲ့လည္း ၿပီးခဲ့တဲ့အပတ္ေသာၾကာတုန္းက မန္ယူအသင္းေလ့က်င့္ေရးကြင္းမွာ အ့ံအားသင့္စရာအျဖစ္အပ်က္တစ္ခု ျဖစ္သြားပါတယ္။ သူ႔ရဲ႕အနာဂါအတြက္ နည္းျပဆိုးလ္ရွားနဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ၂၄ နာရီအၾကာမွာပဲ အက္ရွ္ေလယန္းဟာ ေလ့က်င့္ေရးကြင္းထဲက ထြက္သြားၿပီး Gym ထဲကို သြားကာ သူ႔စိတ္ႀကိဳက္သာ ေလ့က်င့္ခဲ့တာပါ။ အဲဒီအတြက္လည္း ၃၄ ႏွစ္အရြယ္ ယန္းဟာ ေနာ္၀စ္ခ်္ကို ၄ ဂိုးျပတ္နဲ႔ အႏုိင္ရခဲ့တဲ့ ၿပီးခဲ့တဲ့စေန ပရီးမီးယားလိဂ္ပြဲစဥ္လူစာရင္းမွာ မ၀ါ၀င္ခဲ့ဘဲ ၀ုဗ္ကို ၁-၀  ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလားျပန္ကန္ပြဲလူစာရင္းမွာပါ ဆက္လက္ခ်န္လွပ္ခံခဲ့ရပါတယ္။

ၿပီးခဲ့တဲ့အပတ္ေသာၾကာတုန္းက ဆုိးလ္ရွားက ယန္းဟာ ႀကံ႕ခိုင္မႈမျပည့္လုိ႔ ေနာ္၀စ္ခ်္နဲ႔ပြဲမပါႏိုင္ဘူးလို႔ ဆိုခဲ့ေပမယ့္ အဲဒီေန႔ရဲ႕ေႏွာင္းပိုင္းမွာပဲ ေလ့က်င့္ေရးကြင္းထဲက ထြက္သြားခဲ့တာပါ။ မန္ယူက သူ႔ကို တစ္ႏွစ္စာခ်ဳပ္သစ္ကမ္းလွမး္ခဲ့ေပမယ့္ ယန္းက ပယ္ခ်ခဲ့ၿပီး သူထြက္ခြာခ်င္တယ္ဆိုတာကို ရွင္းရွင္းလင္းလင္းသိေစခဲ့ပါတယ္။ သူဟာ မန္ယူနဲ႔ ၉ ရာသီေျမာက္ကို ျဖတ္သန္းေနတာျဖစ္ၿပီး ဗီလာကေန ေျပာင္းလာတဲ့ ၂၀၁၁ ကတည္းက ၿပိဳင္ပြဲအရပ္ရပ္ ၂၆၁ ပဲြကစားေပးထားပါတယ္။