အင်တာကစားသမားတွေ လစာမရတာ ၄ လအထိရှိနေပြီး ပိုင်ရှင်အပြောင်းအလဲဖြစ်လာဖွယ်ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ဘေးကြောင့် အင်တာမီလန်အသင်းပိုင်ရှင် စတီဗင်ဇန် ဟာငွေကြေးအခက်အခဲဖြစ် နေလို့ ကစားသမားတွေကိုလစာမပေးနိုင်တာ ၄ လရှိနေတဲ့အပြင် နောက်ခံလူ ဟာကီမီအတွက် ရီးရဲလ်မက်ဒ ရစ်ကိုပေးရမယ့် ပြောင်းရွှေ့ကြေးပထမ အရစ်ကိုလည်းပေးချေနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

မိုနာကို လက်ရွေးစင်ဖြစ်တဲ့ ဟာကီမီဟာ ပြီးခဲ့တဲ့ဇူလိုင်လကပေါင် ၃၆ သန်းနဲ့ ရီးရဲလ်ကနေရောက်ရှိလာသူဖြစ်ပါတယ်။ သူ့တန်ကြေးရဲ့ပထအအရစ် ကိုပြီးခဲ့တဲ့ ဒီဇင်ဘာလကပေးချေရမှာဖြစ်ပေမယ့် ဘဏ္ဍာရေးအခက်အခဲကြောင့် လာမယ့် မတ်လ ၃၀ အထိရွှေ့ဆိုင်းပေးဖို့ တောင်းဆိုထားရပါတယ်။

ဒါပေမယ့် အင်တာဟာ လာမယ့်မတ်လ ရောက်ရင်လည်း ပထမအရစ်ပေါင် ၉ သန်းပေးဖို့ တတ်နိုင်ဖွယ်မရှိပါဘူး။

အင်တာမီလန်အသင်းကို တရုတ်စီး ပွားရေးလုပ်ငန်းအဖွဲ့တစ်ခုဖြစ်တဲ့ Suning Group ကပိုင်ဆိုင်ပြီး သူ့ပိုင်ရှင်က စတီဗင်ဇန်ဖြစ်ပါတယ်။ လက်ရှိမှာ ငွေကြေးအကျပ်အတည်းကြောင့် အင်တာကစားသမားတွေဟာ လစာမရကြတာ ၄ လအထိရှိနေပြီ ဖြစ်လို့ အမြန်ဆုံးပြေလည်စေဖို့အတွက် စတီဗင်ဇန်ဟာ ဗြိတိန်အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းစု ဖြစ်တဲ့ BC Partners ဆီကနေ ငွေကြေးအကူအညီရယူဖို့ ကြိုးစားနေရတယ်လို့လည်း ဆိုပါတယ်။

ဒီအခြေအ နေကြောင့် အင်တာဘုတ်အဖွဲ့အတွင်းမှာ ဆွေးနွေးမှုတွေပြုလုပ်နေရပြီး ပြစ်ဒဏ်ချမှတ်ခံရခြင်း မရှိစေဖို့အတွက် ကစားသမားတွေလစာအမြန်ဆုံးပေးဖို့ စီစဥ်နေရပါတယ်။ လက်ရှိမှာ ဇူလိုင်နဲ့ ဩဂုတ်လတွေအတွက် လစာကို လာမယ့်ဖေဖေါ်ဝါရီ ၁၆ မှာပေးအပ်ဖို့ ကတိပြုထားပြီးပေမယ့် နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွက် လစာ တွေ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

သတင်းတွေအရ BC Partners ဟာအင်တာရဲ့ငွေရေးကြေးရေးပိုင်း တွေကို စစ်ဆေးမှုတွေပြုလုပ်နေပြီး အဆင်ပြေရင် ဝယ်ယူဖို့အထိ ဖြစ်နိုင်တယ်လို့လည်း သတင်းမှာဖော်ပြ နေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အင္တာကစားသမားေတြ လစာမရတာ ၄ လအထိရွိေနၿပီး ပိုင္ရွင္အေျပာင္းအလဲျဖစ္လာဖြယ္ရွိ

ကမာၻလုံးဆိုင္ရာ ကိုဗစ္ကပ္ေဘးေၾကာင့္ အင္တာမီလန္အသင္းပိုင္ရွင္ စတီဗင္ဇန္ ဟာေငြေၾကးအခက္အခဲျဖစ္ ေနလို႔ ကစားသမားေတြကိုလစာမေပးႏိုင္တာ ၄ လရွိေနတဲ့အျပင္ ေနာက္ခံလူ ဟာကီမီအတြက္ ရီးရဲလ္မက္ဒရစ္ကိုေပးရမယ့္ ေျပာင္းေ႐ႊ႕ေၾကးပထမ အရစ္ကိုလည္းေပးေခ်ႏိုင္ျခင္း မရွိေသးဘူးလို႔ သိရပါတယ္။ မိုနာကိုလက္ေ႐ြးစင္ျဖစ္တဲ့ ဟာကီမီဟာ ၿပီးခဲ့တဲ့ဇူလိုင္လကေပါင္ ၃၆ သန္းနဲ႔ ရီးရဲလ္ကေနေရာက္ရွိလာသူျဖစ္ပါတယ္။

သူ႔တန္ေၾကးရဲ႕ပထအအရစ္ ကိုၿပီးခဲ့တဲ့ ဒီဇင္ဘာလကေပးေခ်ရမွာျဖစ္ေပမယ့္ ဘ႑ာေရးအခက္အခဲေၾကာင့္ လာမယ့္ မတ္လ ၃၀ အထိေ႐ႊ႕ဆိုင္းေပးဖို႔ ေတာင္းဆိုထားရပါတယ္။ ဒါေပမယ့္ အင္တာဟာ လာမယ့္မတ္လေရာက္ရင္လည္း ပထမအရစ္ေပါင္ ၉ သန္းေပးဖို႔ တတ္ႏိုင္ဖြယ္မရွိပါဘူး။ အင္တာမီလန္အသင္းကို တ႐ုတ္စီး
ပြားေရးလုပ္ငန္းအဖြဲ႕တစ္ခုျဖစ္တဲ့ Suning Group ကပိုင္ဆိုင္ၿပီး သူ႔ပိုင္ရွင္က စတီဗင္ဇန္ျဖစ္ပါတယ္။

လက္ရွိမွာ ေငြေၾကးအက်ပ္အတည္းေၾကာင့္ အင္တာကစားသမားေတြဟာ လစာမရၾကတာ ၄ လအထိရွိေနၿပီျဖစ္လို႔ အျမန္ဆုံးေျပလည္ေစဖို႔အတြက္ စတီဗင္ဇန္ဟာ ၿဗိတိန္အျပည္ျပည္ဆိုင္ရာ ရင္းႏွီးျမႇပ္ႏွံမႈလုပ္ငန္းစုျဖစ္တဲ့ BC Partners ဆီကေန ေငြေၾကးအကူအညီရယူဖို႔ ႀကိဳးစားေနရတယ္လို႔လည္း ဆိုပါတယ္။ ဒီအေျခအေနေၾကာင့္ အင္တာဘုတ္အဖြဲ႕အတြင္းမွာ ေဆြးေႏြးမႈေတြျပဳလုပ္ေနရၿပီး ျပစ္ဒဏ္ခ်မွတ္ခံရျခင္း မရွိေစဖို႔အတြက္ ကစားသမားေတြလစာအျမန္ဆုံးေပးဖို႔ စီစဥ္ေနရပါတယ္။

လက္ရွိမွာ ဇူလိုင္နဲ႔ ဩဂုတ္လေတြအတြက္ လစာကို လာမယ့္ေဖေဖၚဝါရီ ၁၆ မွာေပးအပ္ဖို႔ ကတိျပဳထားၿပီးေပမယ့္ ႏိုဝင္ဘာနဲ႔ ဒီဇင္ဘာလအတြက္ လစာေတြ က်န္ရွိေနေသးတယ္လို႔ သိရပါတယ္။ သတင္းေတြအရ BC Partners ဟာအင္တာရဲ႕ေငြေရးေၾကးေရးပိုင္းေတြကို စစ္ေဆးမႈေတြျပဳလုပ္ေနၿပီး အဆင္ေျပရင္ ဝယ္ယူဖို႔အထိ ျဖစ္ႏိုင္တယ္လို႔လည္း သတင္းမွာေဖာ္ျပေနၾကပါတယ္။