အင်စတာဂရမ်မှာ ဝင်ရောက် ကြည့်ရှုသူ (၁၅.၅) သန်းရှိနေပြီဖြစ်တဲ့ ရော်နယ်ဒို ရေးသားထားတဲ့စာ…

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

အသက် ၃၆ နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုကတော့ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုထက်မပိုဘူးဆိုတာကို ညကပွဲမှာ ပြသသွားခဲ့ပါတယ်။

မနေ့ညက အိုင်ယာလန်နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အုပ်စုအဆင့်) မှာ ပွဲပြီးခါနီးမှ ခေါင်းတိုက်ဂိုး ၂ ဂိုး သွင်းယူခဲ့ကာ ပေါ်တူဂီကို ၂-၁ နဲ့ အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ သူ့ရဲ့ နိုင်ငံအတွက် သွင်းဂိုး ၁၁၁ ဂိုးလည်း ပြည့်မြောက် သွားခဲ့ပါတယ်။

အိုင်ယာလန်နဲ့ ပွဲစဉ် မတိုင်မီမှာ အီရန်ဂန္ထဝင် အလီဒါယီရဲ့ နိုင်ငံတကာ သွင်းဂိုးအများဆုံး စံချိန် (၁၀၉ ဂိုး) ကို လိုက်မှီထားခဲ့တာ ဖြစ်ပြီး ပူးတွဲစံချိန်ရှင်ဖြစ်နေခဲ့ပါတယ်။

အခုအချိန်မှာတော့ ရော်နယ်ဒိုဟာ အဆိုပါ စံချိန်ကို ၂ ဂိုး အသာနဲ့ ကျော်ဖြတ်ခဲ့ပြီး ဘောလုံးလောကရဲ့ ဂုဏ်ယူစရာ အကောင်းဆုံး စံချိန်တွေထဲက တစ်ခုကိုရယူနိုင်ခဲ့ပါပြီ။

သည့်နောက်မှာတော့ သူ့ရဲ့ အင်စတာဂရမ် ပေါ်မှာ သူ့ရဲ့ ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေကို ရေးသားထားခဲ့ပြီး အခုဆိုရင် ဝင်ရောက်ကြည့်ရှုသူ (၁၅.၅) သန်းရှိနေခဲ့ပါပြီ။

သွင်းဂိုးစံချိန်တင်ခဲ့ပြီးနောက် ရော်နယ်ဒိုက “အရင်ဦးဆုံး ဘယ်လိုစကားလုံးတွေနဲ့ ဖော်ပြရမယ်ဆိုတာတောင် မသိဘူးဖြစ်ရပါတယ်။

တကယ့်ကို ဝမ်းသာရပါတယ်။ ပေါ်တူဂီရေ ရှေ့ဆက်လှမ်းကြရအောင်ပါ”

“ကျွန်တော့်ရဲ့ ဘောလုံးသမားဘဝတလျှောက် ရရှိပိုင်ဆိုင်နိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းတွေထဲမှာ ကံကောင်းထောက်မမှုတွေကတော့ အနည်းငယ် ရှိခဲ့ပါတယ်။

ဒီတစ်ခုကတော့ ကျွန်တော့်အတွက် အရမ်းကို ထူးခြားစေခဲ့ပြီး ဒီအောင်မြင်မှုကလည်း ကျွန်တော့်အတွက် တကယ့်ကို ဂုဏ်ယူစရာ ဖြစ်နေစေမှာပါ။

ပထမဆုံးအနေနဲ့ ကျွန်တော့်ရဲ့နိုင်ငံအတွက် ကိုယ်စားပြု ပါဝင်ကစားနေရချိန်မှာ ပေါ်တူဂီသားတွေ ဘယ်လို စွမ်းဆောင်နိုင်လဲဆိုတာကို ကမ္ဘာကိုသိအောင် ပြသဖို့ အာရုံစိုက်ထားပါတယ်။

ဒါက အရမ်းကောင်းတဲ့ အခိုက်အတန့်ပါပဲ။

နောက်တစ်ချက်ကတော့ နိုင်ငံတကာပြိုင်ပွဲတွေဆိုတာ ကျွန်တော့်အပေါ်မှာ အရမ်းအကျိုးသက်ရောက်စေခဲ့ပါတယ်။

ငယ်ငယ်တုန်းကဆိုရင် ကျွန်တော်လေးစားအားကျခဲ့ရတဲ့ ဘောလုံးသမားကြီးတွေရဲ့ ပြိုင်ပွဲတွေကိုလည်း ကြည့်ရှု အားပေးခဲ့ဖူးပါတယ်။

အခုဆိုရင်တော့ ပေါ်တူဂီအတွက် သွင်းဂိုး(၁၁၁)ဂိုးထိ သွင်းယူနိုင်ခဲ့ပြီ။

ဒါက နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ ရှိနေတဲ့ ပေါ်တူဂီနိုင်ငံသား သန်းပေါင်းများစွာအတွက်ပါပဲ။

သူတို့ အတွက် ပေးဆပ်ခဲ့မှုတိုင်းဟာ အဖိုးတန်ပါတယ်။”

“အလီဒါယီရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အတွက်လည်း ဝမ်းသာပါတယ်။

သူ့ရဲ့ စံချိန်ကို လိုက်မှီနိုင်မှာ မဟုတ်လောက်ဘူးလို့တောင် တွေးမိခဲ့ပါသေးတယ်။

စီနီယာ ဂိုးသွင်းဘုရင်ကြီးကိုလည်း လေးစားပါတယ်။

အချိန်အကြာကြီး စံချိန်တင်ထားနိုင်တဲ့ အတွက်ရော၊ ကျွန်တော် စံချိန်ကျော်တက်နိုင်ဖို့ သူ့ရဲ့မှတ်တမ်းကို အမြဲသတိရစေတဲ့ အတွက်ပါ။

ကျွန်တော် ဂိုးတွေ သွင်းယူပြီး သူ့ရဲ့ စံချိန်နဲ့ နီးစပ်လာခဲ့တဲ့ အချိန်တိုင်းမှာလည်း ကျွန်တော့် အပေါ် ကြီးမားတဲ့ လေးစားမှုတွေ ပေးခဲ့တဲ့ သူ့ကို ကျေးဇူးတင်ပါတယ်။”

“ကျေးဇူးပါ ပေါ်တူဂီ။ ငါ့အတွက် မမေ့နိုင်စရာ ခရီးရှည်ကြီးအတွက်လည်း အသင်းဖော်တွေနဲ့ ပြိုင်ဘက်တွေကိုလည်း ကျေးဇူးတင်ပါတယ်။

နောက်ထပ်လည်း ကွင်းထဲမှာ ငါတို့တွေ ထပ်ဆုံကြမယ်။ ငါ့ရဲ့သွင်းဂိုးတွေက လုံးဝရပ်တန့်သွားဦးမှာ မဟုတ်ဘူး” လို့ ရေးသားထားပါတယ်။

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

zawgyi

အင္စတာဂရမ္မွာ ဝင္ေရာက္ ၾကည့္ရႈသူ (၁၅.၅) သန္းရွိေနၿပီျဖစ္တဲ့ ေရာ္နယ္ဒို ေရးသားထားတဲ့စာ…

အသက္ ၃၆ ႏွစ္ အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ေရာ္နယ္ဒိုကေတာ့ အသက္အ႐ြယ္ဆိုတာ ကိန္းဂဏန္းတစ္ခုထက္မပိုဘူးဆိုတာကို ညကပြဲမွာ ျပသသြားခဲ့ပါတယ္။ မေန႔ညက အိုင္ယာလန္နဲ႔ ကမာၻ႔ဖလား ေျခစစ္ပြဲ (အုပ္စုအဆင့္) မွာ ပြဲၿပီးခါနီးမွ ေခါင္းတိုက္ဂိုး ၂ ဂိုး သြင္းယူခဲ့ကာ ေပၚတူဂီကို ၂-၁ နဲ႔ အႏိုင္ရရွိေအာင္ ကူညီေပးႏိုင္ခဲ့တဲ့ ေရာ္နယ္ဒိုဟာ သူ႔ရဲ႕ ႏိုင္ငံအတြက္ သြင္းဂိုး ၁၁၁ ဂိုးလည္း ျပည့္ေျမာက္ သြားခဲ့ပါတယ္။

အိုင္ယာလန္နဲ႔ ပြဲစဥ္ မတိုင္မီမွာ အီရန္ဂႏၴဝင္ အလီဒါယီရဲ႕ ႏိုင္ငံတကာ သြင္းဂိုးအမ်ားဆုံး စံခ်ိန္ (၁၀၉ ဂိုး) ကို လိုက္မွီထားခဲ့တာ ျဖစ္ၿပီး ပူးတြဲစံခ်ိန္ရွင္ျဖစ္ေနခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ ေရာ္နယ္ဒိုဟာ အဆိုပါ စံခ်ိန္ကို ၂ ဂိုး အသာနဲ႔ ေက်ာ္ျဖတ္ခဲ့ၿပီး ေဘာလုံးေလာကရဲ႕ ဂုဏ္ယူစရာ အေကာင္းဆုံး စံခ်ိန္ေတြထဲက တစ္ခုကိုရယူႏိုင္ခဲ့ပါၿပီ။ သည့္ေနာက္မွာေတာ့ သူ႔ရဲ႕ အင္စတာဂရမ္ ေပၚမွာ သူ႔ရဲ႕ ျဖစ္ေပၚေနတဲ့ ခံစားခ်က္ေတြကို ေရးသားထားခဲ့ၿပီး အခုဆိုရင္ ဝင္ေရာက္ၾကည့္ရႈသူ (၁၅.၅) သန္းရွိေနခဲ့ပါၿပီ။

သြင္းဂိုးစံခ်ိန္တင္ခဲ့ၿပီးေနာက္ ေရာ္နယ္ဒိုက “အရင္ဦးဆုံး ဘယ္လိုစကားလုံးေတြနဲ႔ ေဖာ္ျပရမယ္ဆိုတာေတာင္ မသိဘူးျဖစ္ရပါတယ္။ တကယ့္ကို ဝမ္းသာရပါတယ္။ ေပၚတူဂီေရ ေရွ႕ဆက္လွမ္းၾကရေအာင္ပါ”

“ကြၽန္ေတာ့္ရဲ႕ ေဘာလုံးသမားဘဝတေလွ်ာက္ ရရွိပိုင္ဆိုင္ႏိုင္ခဲ့တဲ့ စံခ်ိန္မွတ္တမ္းေတြထဲမွာ ကံေကာင္းေထာက္မမႈေတြကေတာ့ အနည္းငယ္ ရွိခဲ့ပါတယ္။ ဒီတစ္ခုကေတာ့ ကြၽန္ေတာ့္အတြက္ အရမ္းကို ထူးျခားေစခဲ့ၿပီး ဒီေအာင္ျမင္မႈကလည္း ကြၽန္ေတာ့္အတြက္ တကယ့္ကို ဂုဏ္ယူစရာ ျဖစ္ေနေစမွာပါ။

ပထမဆုံးအေနနဲ႔ ကြၽန္ေတာ့္ရဲ႕ႏိုင္ငံအတြက္ ကိုယ္စားျပဳ ပါဝင္ကစားေနရခ်ိန္မွာ ေပၚတူဂီသားေတြ ဘယ္လို စြမ္းေဆာင္ႏိုင္လဲဆိုတာကို ကမာၻကိုသိေအာင္ ျပသဖို႔ အာ႐ုံစိုက္ထားပါတယ္။ ဒါက အရမ္းေကာင္းတဲ့ အခိုက္အတန႔္ပါပဲ။

ေနာက္တစ္ခ်က္ကေတာ့ ႏိုင္ငံတကာၿပိဳင္ပြဲေတြဆိုတာ ကြၽန္ေတာ့္အေပၚမွာ အရမ္းအက်ိဳးသက္ေရာက္ေစခဲ့ပါတယ္။ ငယ္ငယ္တုန္းကဆိုရင္ ကြၽန္ေတာ္ေလးစားအားက်ခဲ့ရတဲ့ ေဘာလုံးသမားႀကီးေတြရဲ႕ ၿပိဳင္ပြဲေတြကိုလည္း ၾကည့္ရႈ အားေပးခဲ့ဖူးပါတယ္။ အခုဆိုရင္ေတာ့ ေပၚတူဂီအတြက္ သြင္းဂိုး(၁၁၁)ဂိုးထိ သြင္းယူႏိုင္ခဲ့ၿပီ။ ဒါက ႏိုင္ငံတကာမွာေရာ ျပည္တြင္းမွာပါ ရွိေနတဲ့ ေပၚတူဂီႏိုင္ငံသား သန္းေပါင္းမ်ားစြာအတြက္ပါပဲ။ သူတို႔ အတြက္ ေပးဆပ္ခဲ့မႈတိုင္းဟာ အဖိုးတန္ပါတယ္။”

“အလီဒါယီရဲ႕ စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ အတြက္လည္း ဝမ္းသာပါတယ္။ သူ႔ရဲ႕ စံခ်ိန္ကို လိုက္မွီႏိုင္မွာ မဟုတ္ေလာက္ဘူးလို႔ေတာင္ ေတြးမိခဲ့ပါေသးတယ္။ စီနီယာ ဂိုးသြင္းဘုရင္ႀကီးကိုလည္း ေလးစားပါတယ္။ အခ်ိန္အၾကာႀကီး စံခ်ိန္တင္ထားႏိုင္တဲ့ အတြက္ေရာ၊ ကြၽန္ေတာ္ စံခ်ိန္ေက်ာ္တက္ႏိုင္ဖို႔ သူ႔ရဲ႕မွတ္တမ္းကို အၿမဲသတိရေစတဲ့ အတြက္ပါ။ ကြၽန္ေတာ္ ဂိုးေတြ သြင္းယူၿပီး သူ႔ရဲ႕ စံခ်ိန္နဲ႔ နီးစပ္လာခဲ့တဲ့ အခ်ိန္တိုင္းမွာလည္း ကြၽန္ေတာ့္ အေပၚ ႀကီးမားတဲ့ ေလးစားမႈေတြ ေပးခဲ့တဲ့ သူ႔ကို ေက်းဇူးတင္ပါတယ္။”

“ေက်းဇူးပါ ေပၚတူဂီ။ ငါ့အတြက္ မေမ့ႏိုင္စရာ ခရီးရွည္ႀကီးအတြက္လည္း အသင္းေဖာ္ေတြနဲ႔ ၿပိဳင္ဘက္ေတြကိုလည္း ေက်းဇူးတင္ပါတယ္။ ေနာက္ထပ္လည္း ကြင္းထဲမွာ ငါတို႔ေတြ ထပ္ဆုံၾကမယ္။ ငါ့ရဲ႕သြင္းဂိုးေတြက လုံးဝရပ္တန႔္သြားဦးမွာ မဟုတ္ဘူး” လို႔ ေရးသားထားပါတယ္။