အင္တာအတြက္ ပြဲဦးထြက္မွာပဲ ၄ဂိုးသြင္းယူလုိက္တဲ့ လူကာကူ

Photo Credit

Photo Credit ; Getty Images

အင္တာမီလန္တုိက္စစ္မွဴးသစ္ လူကာကူဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္က ယူႏုိက္တက္ကေန ေပါင္ ၇၃သန္းနဲ႔ ေရာက္လာၿပီးေနာက္ အသင္းသစ္အတြက္ ပထမဆုံးပြဲမွာ ေဗြေဆာ္ဦးဂိုးပါ သြင္းယူႏုိင္ခဲ့ပါတယ္။

Photo Credit ; Getty Images

ဘယ္လ္ဂ်ီယံလက္ေရြးစင္ လူကာကူဟာ ရာသီသစ္အတြက္ ႀကံ့ခိုင္မႈအျပည့္ရရွိေနေစေရးအတြက္ ႀကိဳးစားေနတာျဖစ္ၿပီး စီးရီးဒီကလပ္ ဘာဂါမိုနဲ႔ေျခစမ္းပြဲမွာ တစ္ဦးတည္း ၄ဂိုးသြင္းယူႏုိင္ခ့ဲတာပါ။

Photo Credit

အသက္ ၂၆ႏွစ္အရြယ္ရွိ လူကာကူဟာ ရာသီႀကိဳကာလေတြမွာ ပြဲႀကံ့ခိုင္မႈရရွိဖို႔ ႐ုန္းကန္ေနရၿပီး အသင္းေဟာင္း ယူႏုိက္တက္နဲ႔အတူ ေျခစမ္းပြဲတစ္ပြဲမွ ကစားခြင့္မရခဲ့သလို စေနေန႔က ဗလန္စီယာနဲ႔ကစားခဲ့တဲ့အင္တာမီလန္အသင္းရဲ႕ေျခစမ္းပြဲမွာလည္း ပါ၀င္မကစားခဲ့ပါဘူး။ ဒါေပမဲ့ လူကာကူဟာ အသင္းသစ္အင္တာမီလန္အတြက္ ပထမဆုံးပြဲမွာေတာ့ ဂိုးသြင္းစြမ္းရည္ျပသႏိုင္ခဲ့ၿပီး ႐ုပ္ပိုင္းဆုိင္ရာအရလည္း အေကာင္းဆုံးအေနအထားမွာရွိခဲ့ပါတယ္။

Photo Credit ; Getty Images

လူကာကူဟာ ယူႏုိက္တက္မွာကစားခဲ့တဲ့ ၂ႏွစ္အတြင္း ပရီးမီးယားလိဂ္မွာ ၂၈ဂိုးသြင္းယူႏုိင္ခဲ့ၿပီး အင္တာမီလန္နည္းျပသစ္ကြန္တီရဲ႕စိတ္ႀကိဳက္ကစားသမားအျဖစ္ ေက်ာနံပါတ္ ၉အက်ႌ ၀တ္ဆင္ကစားရမွာျဖစ္လုိ႔ ရာသီသစ္မွာ အသင္းရဲ႕တုိက္စစ္ကို ဦးေဆာင္ကစားရဖြယ္ရွိေနပါတယ္။

Photo Credit ; Getty Images

အင္တာမီလန္အသင္းအတြက္ ဗီဆီႏိုနဲ႔ အက္စ္ပိုဆီတိုတို႔ကလည္း ၂ဂိုးစီသြင္းယူႏုိင္ခဲ့ၿပီး ဗလန္စီယာနဲ႔ပြဲအၿပီးမွာ ခ်ဲလ္ဆီးနည္းျပေဟာင္း ကြန္တီက လူကာကူနဲ႔ပတ္သက္လု႔ိ သူ႕အျမင္ကို ေျပာျပပါတယ္။

Photo Credit

”လူကာကူအေနနဲ႔ ေလ့က်င့္ေရးကြင္းမွာ ႐ုပ္ပိုင္းဆုိင္ရာေရာ နည္းစနစ္ပိုင္းဆုိင္ရာအရပါ လုပ္စရာေတြအမ်ားႀကီးရွိပါေသးတယ္။ သူ႕ကို ေခၚယူႏုိင္ခဲ့လုိ႔လည္း ကၽြန္ေတာ္တုိ႔ အရမ္းေပ်ာ္ရႊင္မိပါတယ္။ သူကလည္း အသင္းအတြက္ အျမန္ဆုံးအသင့္ရွိေနဖုိ႔ ႀကိဳးစားေနပါတယ္”လုိ႔ ကြန္တီက ေျပာပါတယ္။ အင္တာမီလန္ဟာ ရာသီအဖြင့္ပြဲစဥ္အျဖစ္ တန္းတက္လက္ခ်ီအသင္းကို အိမ္ကြင္းမွာ ဧည့္ခံကစားရမွာျဖစ္ပါတယ္။

Photo Credit

Unicode

အင်တာအတွက် ပွဲဦးထွက်မှာပဲ ၄ဂိုးသွင်းယူလိုက်တဲ့ လူကာကူ

အင်တာမီလန်တိုက်စစ်မှူးသစ် လူကာကူဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ယူနိုက်တက်ကနေ ပေါင် ၇၃သန်းနဲ့ ရောက်လာပြီးနောက် အသင်းသစ်အတွက် ပထမဆုံးပွဲမှာ ဗွေဆော်ဦးဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။
ဘယ်လ်ဂျီယံလက်ရွေးစင် လူကာကူဟာ ရာသီသစ်အတွက် ကြံ့ခိုင်မှုအပြည့်ရရှိနေစေရေးအတွက် ကြိုးစားနေတာဖြစ်ပြီး စီးရီးဒီကလပ် ဘာဂါမိုနဲ့ခြေစမ်းပွဲမှာ တစ်ဦးတည်း ၄ဂိုးသွင်းယူနိုင်ခဲ့တာပါ။
အသက် ၂၆နှစ်အရွယ်ရှိ လူကာကူဟာ ရာသီကြိုကာလတွေမှာ ပွဲကြံ့ခိုင်မှုရရှိဖို့ ရုန်းကန်နေရပြီး အသင်းဟောင်း ယူနိုက်တက်နဲ့အတူ ခြေစမ်းပွဲတစ်ပွဲမှ ကစားခွင့်မရခဲ့သလို စနေနေ့က ဗလန်စီယာနဲ့ကစားခဲ့တဲ့အင်တာမီလန်အသင်းရဲ့ခြေစမ်းပွဲမှာလည်း ပါဝင်မကစားခဲ့ပါဘူး။
ဒါပေမဲ့ လူကာကူဟာ အသင်းသစ်အင်တာမီလန်အတွက် ပထမဆုံးပွဲမှာတော့ ဂိုးသွင်းစွမ်းရည်ပြသနိုင်ခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာအရလည်း အကောင်းဆုံးအနေအထားမှာရှိခဲ့ပါတယ်။
လူကာကူဟာ ယူနိုက်တက်မှာကစားခဲ့တဲ့ ၂နှစ်အတွင်း ပရီးမီးယားလိဂ်မှာ ၂၈ဂိုးသွင်းယူနိုင်ခဲ့ပြီး အင်တာမီလန်နည်းပြသစ်ကွန်တီရဲ့စိတ်ကြိုက်ကစားသမားအဖြစ် ကျောနံပါတ် ၉အင်္ကျီ ဝတ်ဆင်ကစားရမှာဖြစ်လို့ ရာသီသစ်မှာ အသင်းရဲ့တိုက်စစ်ကို ဦးဆောင်ကစားရဖွယ်ရှိနေပါတယ်။
အင်တာမီလန်အသင်းအတွက် ဗီဆီနိုနဲ့ အက်စ်ပိုဆီတိုတို့ကလည်း ၂ဂိုးစီသွင်းယူနိုင်ခဲ့ပြီး ဗလန်စီယာနဲ့ပွဲအပြီးမှာ ချဲလ်ဆီးနည်းပြဟောင်း ကွန်တီက လူကာကူနဲ့ပတ်သက်လု့ိ သူ့အမြင်ကို ပြောပြပါတယ်။
”လူကာကူအနေနဲ့ လေ့ကျင့်ရေးကွင်းမှာ ရုပ်ပိုင်းဆိုင်ရာရော နည်းစနစ်ပိုင်းဆိုင်ရာအရပါ လုပ်စရာတွေအများကြီးရှိပါသေးတယ်။ သူ့ကို ခေါ်ယူနိုင်ခဲ့လို့လည်း ကျွန်တော်တို့ အရမ်းပျော်ရွှင်မိပါတယ်။ သူကလည်း အသင်းအတွက် အမြန်ဆုံးအသင့်ရှိနေဖို့ ကြိုးစားနေပါတယ်”လို့ ကွန်တီက ပြောပါတယ်။ အင်တာမီလန်ဟာ ရာသီအဖွင့်ပွဲစဉ်အဖြစ် တန်းတက်လက်ချီအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။