
Photo Credit
Photo Credit
တုိက္စစ္မွဴးအလက္ဆစ္ဆန္းခ်က္ဇ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကေန အင္တာမီလန္အသင္းကို တစ္ရာသီအငွားသြားေရာက္ကစားရာမွာ ေက်ာနံပါတ္ ၇ဂ်ာစီကို ဝတ္ဆင္သြားမယ္လို႔သိရပါတယ္။
Photo Credit
ခ်ီလီႏိုင္ငံသားဟာ သူ႕ရဲ႕ဂ်ာစီနံပါတ္အသစ္ကို လူမႈမီဒီယာမွာ ပို႕စ္တင္ခဲ့တာျဖစ္ၿပီး အဆုိပါေက်ာနံပါတ္ဟာ ယခင္က တိုက္စစ္မွဴးအီကာဒီဝတ္ဆင္ခဲ့တာျဖစ္ကာ သူကေတာ့ လက္ရွိမွာ ပီအက္စ္ဂ်ီအသင္းကို အငွားနဲ႔ ေရာက္ရွိခဲ့သြားၿပီျဖစ္ပါတယ္။
Photo Credit
အဆိုပါအာဂ်င္တိုင္းသားက အရင္က ေက်ာနံပါတ္ ၉၀တ္ဆင္ကစားခဲ့ရာကေန လူကာကူေရာက္လာၿပီးေနာက္ ေက်ာနံပါတ္ ၇ ေျပာင္းလဲရယူခဲ့ရၿပီး ယခုအခ်ိန္မွာေတာ့ ပီအက္စ္ဂ်ီအသင္းကို အငွားသြားေရာက္ကစားဖို႔ ေျပာင္းေရႊ႕သြားခဲ့ပါတယ္။
Photo Credit
ဆန္းခ်က္ဇ္ဟာ အင္တာမီလန္အသင္းနဲ႔ပြဲဦးထြက္ပြဲစဥ္အျဖစ္ စက္တင္ဘာ၁၅ရက္ေန႔မွာ အသင္းေဟာင္းအူဒီးနိစ္အသင္းနဲ႔ရင္ဆိုင္ကစားရမွာျဖစ္ပါတယ္။
Photo Credit
အင္တာကို ေျပာင္းေရႊ႕ႏိုင္ခဲ့တာေၾကာင့္ ဆန္းခ်က္ဇ္ရဲ႕အိုးထရက္ဖို႔ဒ္အိပ္မက္ဆိုးေတြက တစ္ခန္းရပ္သြားခဲ့ၿပီ ျဖစ္တဲ့အျပင္ ဆန္းခ်က္ဇ္က ယူႏိုက္တက္ကို ေျပာင္းေရႊ႕ခဲ့မႈအတြက္ ေနာင္တရမွာ မဟုတ္ဘဲ ယူႏိုက္တက္မွာဆိုရင္လည္း အခြင့္အေရးအျပည့္အဝ မရခဲ့ဘူးလို႔ ဆိုပါတယ္။
Photo Credit
ဆန္းခ်က္ဇ္က “သူတို႔က ကၽြန္ေတာ္ကို ပြဲခ်ိန္ျပည့္ ကစားခိုင္းခဲ့ရင္ ကၽြန္ေတာ္ ေျခစြမ္းျပႏိုင္ပါလိမ့္မယ္၊ ဒါေပမဲ့ တစ္ခါတေလ ကၽြန္ေတာ္ မိနစ္ ၆၀ ေလာက္ ကစားခဲ့ရၿပီးရင္ ေနာက္တစ္ပြဲမွာ မကစားရေတာ့ဘူး၊ ဘာေၾကာင့္လဲ ဆိုတာေတာ့ ကၽြန္ေတ္ာလည္း မသိပါဘူး”လို႔ ဖြင့္ဟ ေျပာၾကားသြားခဲ့ပါတယ္။
Photo Credit
Unicode
အင်တာမှာ အီကာဒီရဲ့ကျောနံပါတ်၇ဂျာစီကို ဝတ်ဆင်သွားမယ့် ဆန်းချက်ဇ်
တိုက်စစ်မှူးအလက်ဆစ်ဆန်းချက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ အင်တာမီလန်အသင်းကို တစ်ရာသီအငှားသွားရောက်ကစားရာမှာ ကျောနံပါတ် ၇ဂျာစီကို ဝတ်ဆင်သွားမယ်လို့သိရပါတယ်။
ချီလီနိုင်ငံသားဟာ သူ့ရဲ့ဂျာစီနံပါတ်အသစ်ကို လူမှုမီဒီယာမှာ ပို့စ်တင်ခဲ့တာဖြစ်ပြီး အဆိုပါကျောနံပါတ်ဟာ ယခင်က တိုက်စစ်မှူးအီကာဒီဝတ်ဆင်ခဲ့တာဖြစ်ကာ သူကတော့ လက်ရှိမှာ ပီအက်စ်ဂျီအသင်းကို အငှားနဲ့ ရောက်ရှိခဲ့သွားပြီဖြစ်ပါတယ်။
အဆိုပါအာဂျင်တိုင်းသားက အရင်က ကျောနံပါတ် ၉၀တ်ဆင်ကစားခဲ့ရာကနေ လူကာကူရောက်လာပြီးနောက် ကျောနံပါတ် ၇ ပြောင်းလဲရယူခဲ့ရပြီး ယခုအချိန်မှာတော့ ပီအက်စ်ဂျီအသင်းကို အငှားသွားရောက်ကစားဖို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။
ဆန်းချက်ဇ်ဟာ အင်တာမီလန်အသင်းနဲ့ပွဲဦးထွက်ပွဲစဉ်အဖြစ် စက်တင်ဘာ၁၅ရက်နေ့မှာ အသင်းဟောင်းအူဒီးနိစ်အသင်းနဲ့ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။
အင်တာကို ပြောင်းရွှေ့နိုင်ခဲ့တာကြောင့် ဆန်းချက်ဇ်ရဲ့အိုးထရက်ဖို့ဒ်အိပ်မက်ဆိုးတွေက တစ်ခန်းရပ်သွားခဲ့ပြီ ဖြစ်တဲ့အပြင် ဆန်းချက်ဇ်က ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့မှုအတွက် နောင်တရမှာ မဟုတ်ဘဲ ယူနိုက်တက်မှာဆိုရင်လည်း အခွင့်အရေးအပြည့်အဝ မရခဲ့ဘူးလို့ ဆိုပါတယ်။
ဆန်းချက်ဇ်က “သူတို့က ကျွန်တော်ကို ပွဲချိန်ပြည့် ကစားခိုင်းခဲ့ရင် ကျွန်တော် ခြေစွမ်းပြနိုင်ပါလိမ့်မယ်၊ ဒါပေမဲ့ တစ်ခါတလေ ကျွန်တော် မိနစ် ၆၀ လောက် ကစားခဲ့ရပြီးရင် နောက်တစ်ပွဲမှာ မကစားရတော့ဘူး၊ ဘာကြောင့်လဲ ဆိုတာတော့ ကျွန်တေ်ာလည်း မသိပါဘူး”လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။