အင္စတာဂရမ္ေပၚမွာအခ်မ္းသာဆုံးကစားသမားျဖစ္တဲ႔ စီေရာ္နယ္ဒို

ဂ်ဴ ဗင္တပ္နဲ႔ ေပၚတူဂီလက္ေရြးစင္တိုက္စစ္မွဴ း စီေရာ္နယ္ဒိုဟာ အင္စတာဂရမ္ဆိုတဲ႔လူမႈစာမ်က္ႏွာထက္မွာ အခ်မး္သာဆုံး ကစားသမားအျဖစ္ရပ္တည္ေနၿပီး သူပို႔စ္တစ္ခုတင္တိုင္းေပါင္ ၇၈၄၀၀၀ အထိရရွိေနတယ္လို႔ သိရပါတယ္။

HopperHQ ကထုတ္ျပန္တဲ႔ အားကစားေလာကရဲ႕ အင္စတာဂရမ္အေပၚမွာ၀င္ေငြအေကာင္းဆုံး ၁၀ ဦးစာရင္းထဲမွာ စီေရာ္နယ္ဒိုက ပို႔စ္တစ္ခုတင္တိုင္း၀င္ေငြအမ်ားဆုံးရေနၿပီး ဒိီလူမႈစာမ်က္ႏွာထက္ေပၚမွာအခ်မ္းသာဆုံးအျဖစ္ရပ္တည္ေနတာျဖစ္ပါတယ္။ အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ႔ စီေရာ္နယ္ဒိုဟာ အင္စတာဂရမ္ေပၚမွာ Follower ၁၇၃ သန္းရွိၿပီအမ်ားဆုံးျဖစ္ေနတာပါ။

ဒီစာမ်က္ႏွာ္ထက္မွာသူရတဲ႔ ၀င္ေငြဟာ အနီးစပ္ဆုံးမွာရွိေနတဲ႔သူထက္ေတာင္ ၅၀%ပိုမ်ားေနတာပါ။ ဒုတိယေနရာမွာ ပီအက္စ္ဂ်ီနဲ႔ ဘရာဇီးတိုက္စစ္မွဴ း ေနမာရွိေနၿပီး Follower ၁၂၁ သန္းပိုင္ဆိုင္ကာ ပို႔စ္တစ္ခုတင္တိုင္းေပါင္ ၅၈၀၀၀၀ ရရွိေနပါတယ္။ လက္ရွိထိပ္ဆံုး ၁၀ ဦးစာရင္းမွာ ပရီးမီးယားလိဂ္မွာကစားေနတဲ႔သူတစ္ဦးမွ မပါပါဘူး။

ေနမာေနာက္မွာ မက္ဆီရွိေနၿပီး Follower ၁၂၃ သန္းနဲ႔ ပို႔စ္တစ္ခုတင္ရင္ ေပါင္ ၅၂၁၀၀၀ ရေနတာပါ။ ေဘာလုံးသမားေဟာင္းေဒးဗစ္ဘက္ဟမ္းကေတာ႔အဆင့္ ၄ မွာရွိေနၿပီး Follower ၅၇ သန္းနဲ႔ ပို႔စ္တစ္ခုတင္တိုင္း ေပါင္ ၂၈၇၀၀၀ ရေနတာပါ။ ဒီစာရင္းထဲမွာ ဘက္ဟမ္းလိုဘဲ ေဘာလုံးသမားဘ၀ကေနအနားယူသြားတဲ႔ ေရာ္နယ္ဒင္ဟိုလည္းပါ၀င္ေနၿပီးသူကေတာ႔ အဆင့္ ၆ မွာ Follower ၄၇ သန္းနဲ႔ ပို႔စ္တင္တိုင္း ေပါင္ ၂၀၆၀၀၀ ရေနပါတယ္။

ထိပ္ဆုံး ၁၀ ဦးစာရင္းထဲမွာေဘာလုံးသမားအမ်ားစုသာလႊမ္းမိုးထားၿပီး ဘတ္စ္ကက္ေဘာကစားသမား လီဘရြန္ဂ်ိမ္းစ္၊ ခရစ္ကတ္က ဗီရတ္ခိုလီ တို႔သာပါ၀င္ေနပါတယ္။ ဒီစာရင္းထဲကအျခားကစားသမားေတြကေတာ႔ ဂါရတ္ေဘးလ္၊ အီဘရာဟီမိုဗစ္နဲ႔ လူး၀စ္ဆြာရက္ဇ္တို႔လည္း ပါ၀င္ၾကပါေသးတယ္။

Unicode

အင်စတာဂရမ်ပေါ်မှာအချမ်းသာဆုံးကစားသမားဖြစ်တဲ့ စီရော်နယ်ဒို
ဂျူ ဗင်တပ်နဲ့ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူ း စီရော်နယ်ဒိုဟာ အင်စတာဂရမ်ဆိုတဲ့လူမှုစာမျက်နှာထက်မှာ အချမး်သာဆုံး ကစားသမားအဖြစ်ရပ်တည်နေပြီး သူပို့စ်တစ်ခုတင်တိုင်းပေါင် ရ၈၄၀၀၀ အထိရရှိနေတယ်လို့ သိရပါတယ်။

HopperHQ ကထုတ်ပြန်တဲ့ အားကစားလောကရဲ့ အင်စတာဂရမ်အပေါ်မှာဝင်ငွေအကောင်းဆုံး ၁၀ ဦးစာရင်းထဲမှာ စီရော်နယ်ဒိုက ပို့စ်တစ်ခုတင်တိုင်းဝင်ငွေအများဆုံးရနေပြီး ဒိီလူမှုစာမျက်နှာထက်ပေါ်မှာအချမ်းသာဆုံးအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ အင်စတာဂရမ်ပေါ်မှာ Follower ၁၇၃ သန်းရှိပြီအများဆုံးဖြစ်နေတာပါ။

ဒီစာမျက်နှာ်ထက်မှာသူရတဲ့ ၀င်ငွေဟာ အနီးစပ်ဆုံးမှာရှိနေတဲ့သူထက်တောင် ၅၀%ပိုများနေတာပါ။ ဒုတိယနေရာမှာ ပီအက်စ်ဂျီနဲ့ ဘရာဇီးတိုက်စစ်မှူ း နေမာရှိနေပြီး Follower ၁၂၁ သန်းပိုင်ဆိုင်ကာ ပို့စ်တစ်ခုတင်တိုင်းပေါင် ၅၈၀၀၀၀ ရရှိနေပါတယ်။ လက်ရှိထိပ်ဆုံး ၁၀ ဦးစာရင်းမှာ ပရီးမီးယားလိဂ်မှာကစားနေတဲ့သူတစ်ဦးမှ မပါပါဘူး။

နေမာနောက်မှာ မက်ဆီရှိနေပြီး Follower ၁၂၃ သန်းနဲ့ ပို့စ်တစ်ခုတင်ရင် ပေါင် ၅၂၁၀၀၀ ရနေတာပါ။ ဘောလုံးသမားဟောင်းဒေးဗစ်ဘက်ဟမ်းကတော့အဆင့် ၄ မှာရှိနေပြီး Follower ၅၇ သန်းနဲ့ ပို့စ်တစ်ခုတင်တိုင်း ပေါင် ၂၈၇၀၀၀ ရနေတာပါ။ ဒီစာရင်းထဲမှာ ဘက်ဟမ်းလိုဘဲ ဘောလုံးသမားဘဝကနေအနားယူသွားတဲ့ ရော်နယ်ဒင်ဟိုလည်းပါ၀င်နေပြီးသူကတော့ အဆင့် ၆ မှာ Follower ၄၇ သန်းနဲ့ ပို့စ်တင်တိုင်း ပေါင် ၂၀၆၀၀၀ ရနေပါတယ်။

ထိပ်ဆုံး ၁၀ ဦးစာရင်းထဲမှာဘောလုံးသမားအများစုသာလွှမ်းမိုးထားပြီး ဘတ်စ်ကက်ဘောကစားသမား လီဘရွန်ဂျိမ်းစ်၊ ခရစ်ကတ်က ဗီရတ်ခိုလီ တို့သာပါ၀င်နေပါတယ်။ ဒီစာရင်းထဲကအခြားကစားသမားတွေကတော့ ဂါရတ်ဘေးလ်၊ အီဘရာဟီမိုဗစ်နဲ့ လူးဝစ်ဆွာရက်ဇ်တို့လည်း ပါ၀င်ကြပါသေးတယ်။