
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အူပ်စုအဖွင့်ပွဲစဉ်မှာ အင်္ဂလန်အသင်းက အုပ်စုတွင်းမှာ အဓိကပြိုင်ဘက်ဖြစ်တဲ့ ခရိုအေးရှားအသင်းနဲ့ စတွေ့ခဲ့တာပါ။
ခရိုအေးရှားဆိုတာ အင်္ဂလန်အသင်းကို ယူရို ၂၀၀၈ ခြေစစ်ပွဲမှာရော ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာရော ဒဏ်ရာတွေသာ ပေးခဲ့တဲ့ အသင်းလည်းဖြစ်ပါတယ်။
မီဒီယာ အားကောင်းတဲ့ အင်္ဂလန်အသင်းဟာ အပြီးသတ်လူစာရင်းရွေးကတည်းက ဝေဖန်မှုတွေ မလွတ်ခဲ့သလို ဒီပွဲအတွက် ပွဲထွက်လူစာရင်း ထုတ်ပြန်ခဲ့တဲ့ အချိန်မှာလည်း အသံတွေ ထွက်ခဲ့ပါသေးတယ်။
နည်းပြ ဆောက်ဂိတ်ကလည်း ဘယ်လို အတတ်ကျူးပြီးတော့များ ချီဝဲလ်နဲ့ လုခ်ရှောတို့လို့ ဘယ်နောက်ခံလူစစ်စစ်တွေရှိရဲ့သားနဲ့ အက်သလက်တီကိုမှာ ညာနောက်ခံလူအဖြစ် ကစားတဲ့ ထရက်ပီယာကို အသင်းရဲ့ ဘယ်အစွန်ခံစစ်မှာ နေရာပေးလိုက်သလဲ မသိပါဘူး။
ပွတ်လောပိုရိုက်သွားတာကတော့ ပွဲထွက်လူစာရင်းမှာ ယူနိုက်တက်နဲ့ လီဗာပူးအသင်းက ကစားသမားတစ်ယောက်မှ မပါဝင်ခဲ့တာပါပဲ။ ဒါဟာ ၁၉၉၂ခုနှစ်နောက်ပိုင်း ၂၉နှစ်အတွင်း အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပြောစမှတ်ဖြစ်သွားခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်းမှာ ကလပ်အသင်းတွေနဲ့ ခြေစွမ်းပြခဲ့တဲ့ တောင်ပံတိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ ဆန်ချို၊ ဂယ်ရီလစ်ချ်တို့ကို ခေါက်ထားပြီး စတာလင်းကို ပွဲထုတ်ခဲ့တာ အတော်ပြောစရာ ဖြစ်သွားတာပါ။
စတာလင်းဟာ မန်စီးတီးမှာ ပြီးခဲ့တဲ့ ရာသီဝက်လောက်အထိ နေရာရပေမယ့် ၂၀၂၁ခုနှစ်ထဲမှာ ဂွာဒီယိုလာက သူ့ကို လူစားဝင်အဆင့်လောက်ပဲ သုံးထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဆောက်ဂိတ်ကတော့ စတာလင်းကို ခပ်တည်တည်နဲပ ပွဲထုတ်ခဲ့တာပါ။
နည်းပြ ဆောက်ဂိတ်ရဲ့ လူထုတ်ပုံအရ အင်္ဂလန်သာ ရှုံးသွားခဲ့ရင် ရစရာမရှိအောင် ဝေဖန်ခံရမှာ ကျိန်းသေပါတယ်။ ဒါပေမယ့် အဲ့ဒါတွေက အခုတော့ စတာလင်း ကယ်တင်ပေးလို့ လွတ်မြောက်သွားပါပြီ။
တကယ်တော့ စတာလင်းဟာ အင်္ဂလန်အသင်းနဲ့ ပတ်သတ်လာရင် သိပ်ပြီး luck ရှိတဲ့ ကစားသမားပါ။ ဒီပွဲမှာ သွင်းတဲ့ အနိုင်ဂိုးအပါအဝင် အင်္ဂလန်အသင်းဟာ စတာလင်းဂိုးသွင်းတဲ့ ၁၁ပွဲစလုံး ရာနှုန်းပြည့် အနိုင်ရထားပြီး တစ်ပွဲမှ မရှုံးထားပါဘူး။
ဒါ့အပြင် စတာလင်းဟာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ နောက်ဆုံး ၁၇ပွဲမှာ ၁၉ဂိုး ပါဝင်ပတ်သတ်ထားခဲ့ပြီး ကိုယ်တိုင် ၁၃ဂိုးသွင်း ၆ဂိုး ဖန်တီးပေးနိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့ သောကြာနေ့က ဗြိတိန်ဘုရင်မကြီးရဲ့ MBE ဘွဲ့နဲ့ သူကောင်းပြုခံခဲ့ရတဲ့ စတာလင်းအတွက် ခရိုအေးရှားအသင်းဖက်ကို ဂိုးသွင်းပြီး ရာဇဝင်ကြွေး ဆပ်လိုက်နိုင်ပါပြီ။
ထူးခြားတာက ခရိုအေးရှားဖက်ကို စတာလင်း သွင်းယူခဲ့တဲ့ဂိုးဟာ အင်္ဂလန်အသင်းသားတွေ ဘောလုံးထိချက် ၁၇ကြိမ် ပေးပို့ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ ယူရို ၂၀၀၄ပြိုင်ပွဲတုန်းက ဆွစ်ဇာလန်အသင်းဖက်ကို စတင်ဖင်ဂျာရတ်သွင်းယူခဲ့တဲ့ ဂိုးအတွက် အင်္ဂလန်ကစားသမားတွေရဲ့ ဘောလုံးထိချက် ၁၉ကြိမ်ထက် ပိုနည်းတဲ့ မှတ်တမ်း ဝင်သွားခဲ့ပါပြီ။
နောက်ထပ်ပြောစရာကတော့ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက နည်းပြ အဲရစ်ဆင်ဟာ အဲ့တုန်းက ၁၆နှစ်ကျော်ရုံသာရှိတဲ့ ဝဲလ်ကော့ကို ပြိုင်ပွဲဆီ အတွေ့အကြုံရအောင် ခေါ်သွားခဲ့ဖူးပေမယ့် ၁ပွဲမှ ဝင်ကစားခဲ့ရပါဘူး။
အခု ဆောက်ဂိတ်ကတော့ အဲရစ်ဆင်ထက် ပိုပြီး သွေးရှိတဲ့သူဖြစ်တာကို ၁၇နှစ်ကျော်ရုံပဲရှိသေးတဲ့ ဒေါ့မန်က ဘယ်လင်ဟမ်ကို လူစားဝင်ကစားစေပြီး ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အသက်အငယ်ဆုံး ပါဝင်ကစားတဲ့သူ ဖြစ်စေခဲ့ရုံသမကဘဲ အင်္ဂလန်လက်ရွေးစင်အသင်း သမိုင်းမှာလည်း ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲမှာ အသက်အငယ်ဆုံး ပါဝင်ကစားခဲ့တဲ့ ဘောလုံးသမားအဖြစ် စံချိန်သစ် တင်စေနိုင်ခဲ့ပါတယ်။
အုပ်စုတွင်းက အခက်အခဲဆုံးပြိုင်ဖက်ကို အင်္ဂလန်အတွက်ဆိုရင် Lucky ကောင်းတဲ့ စတာလင်းကို အသုံးချပြီး ရာဇဝင်ကြွေးတွေ ဆပ်လိုက်တဲ့ ဆောက်ဂိတ်တစ်ယောက် ဘာတွေ ထပ်လုပ်ပြနိုင်ဦးမလဲဆိုတာ ဆက်ပြီး စောင့်ကြည့်ရမှာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ယူရို ၂၀၂၀ ျပိဳင္ပြဲရဲ႕ အူပ္စုအဖြင္႔ပြဲစဥ္မွာ အဂၤလန္အသင္းက အုပ္စုတြင္းမွာ အဓိကျပိဳင္ဘက္ျဖစ္တဲ႔ ခရိုေအးရွားအသင္းနဲ႔ စေတြ႔ခဲ႔တာပါ။
ခရိုေအးရွားဆိုတာ အဂၤလန္အသင္းကို ယူရို ၂၀၀၈ ေျခစစ္ပြဲမွာေရာ ျပီးခဲ့တဲ႔ ၂၀၁၈ ကမၻာ႔ဖလားျပိဳင္ပြဲ ဆီမီးဖိုင္နယ္မွာေရာ ဒဏ္ရာေတြသာ ေပးခဲ႔တဲ႔ အသင္းလည္းျဖစ္ပါတယ္။
မီဒီယာ အားေကာင္းတဲ႔ အဂၤလန္အသင္းဟာ အျပီးသတ္လူစာရင္းေရြးကတည္းက ေ၀ဖန္မႈေတြ မလြတ္ခဲ႔သလို ဒီပြဲအတြက္ ပြဲထြက္လူစာရင္း ထုတ္ျပန္ခဲ႔တဲ႔ အခ်ိန္မွာလည္း အသံေတြ ထြက္ခဲ႔ပါေသးတယ္။
နည္းျပ ေဆာက္ဂိတ္ကလည္း ဘယ္လို အတတ္က်ဴးျပီးေတာ႔မ်ား ခ်ီ၀ဲလ္နဲ႔ လုခ္ေရွာတို႔လို႔ ဘယ္ေနာက္ခံလူစစ္စစ္ေတြရွိရဲ႔သားနဲ႔ အက္သလက္တီကိုမွာ ညာေနာက္ခံလူအျဖစ္ ကစားတဲ႔ ထရက္ပီယာကို အသင္းရဲ႕ ဘယ္အစြန္ခံစစ္မွာ ေနရာေပးလိုက္သလဲ မသိပါဘူး။
ပြတ္ေလာပိုရိုက္သြားတာကေတာ႔ ပြဲထြက္လူစာရင္းမွာ ယူႏိုက္တက္နဲ႔ လီဗာပူးအသင္းက ကစားသမားတစ္ေယာက္မွ မပါ၀င္ခဲ႔တာပါပဲ။ ဒါဟာ ၁၉၉၂ခုႏွစ္ေနာက္ပိုင္း ၂၉ႏွစ္အတြင္း အဂၤလန္လက္ေရြးစင္အသင္းအတြက္ ေျပာစမွတ္ျဖစ္သြားခဲ႔ပါတယ္။
ဒါ႔အျပင္ ျပီးခဲ႔တဲ႔ ေဘာလံုးရာသီအတြင္းမွာ ကလပ္အသင္းေတြနဲ႔ ေျခစြမ္းျပခဲ႔တဲ႔ ေတာင္ပံတိုက္စစ္ကစားသမားေတြျဖစ္တဲ႔ ရက္ရွ္ဖို႔ဒ္၊ ဆန္ခ်ိဳ၊ ဂယ္ရီလစ္ခ်္တို႔ကို ေခါက္ထားျပီး စတာလင္းကို ပြဲထုတ္ခဲ႔တာ အေတာ္ေျပာစရာ ျဖစ္သြားတာပါ။ စတာလင္းဟာ မန္စီးတီးမွာ ျပီးခဲ႔တဲ႔ ရာသီ၀က္ေလာက္အထိ ေနရာရေပမယ္႔ ၂၀၂၁ခုႏွစ္ထဲမွာ ဂြာဒီယိုလာက သူ႔ကို လူစား၀င္အဆင္႔ေလာက္ပဲ သံုးထားတာျဖစ္ပါတယ္။ ဒါေပမယ္႔ ေဆာက္ဂိတ္ကေတာ႔ စတာလင္းကို ခပ္တည္တည္နဲပ ပြဲထုတ္ခဲ႔တာပါ။
နည္းျပ ေဆာက္ဂိတ္ရဲ႕ လူထုတ္ပံုအရ အဂၤလန္သာ ရံႈးသြားခဲ႔ရင္ ရစရာမရွိေအာင္ ေ၀ဖန္ခံရမွာ က်ိန္းေသပါတယ္။ ဒါေပမယ္႔ အဲ႔ဒါေတြက အခုေတာ႔ စတာလင္း ကယ္တင္ေပးလို႔ လြတ္ေျမာက္သြားပါျပီ။ တကယ္ေတာ႔ စတာလင္းဟာ အဂၤလန္အသင္းနဲ႔ ပတ္သတ္လာရင္ သိပ္ျပီး luck ရွိတဲ႔ ကစားသမားပါ။ ဒီပြဲမွာ သြင္းတဲ႔ အႏိုင္ဂိုးအပါအ၀င္ အဂၤလန္အသင္းဟာ စတာလင္းဂိုးသြင္းတဲ႔ ၁၁ပြဲစလံုး ရာႏႈန္းျပည္႔ အႏိုင္ရထားျပီး တစ္ပြဲမွ မရံႈးထားပါဘူး။
ဒါ႔အျပင္ စတာလင္းဟာ အဂၤလန္အသင္းအတြက္ ပါ၀င္ကစားေပးခဲ႔တဲ႔ ေနာက္ဆံုး ၁၇ပြဲမွာ ၁၉ဂိုး ပါ၀င္ပတ္သတ္ထားခဲ႔ျပီး ကိုယ္တိုင္ ၁၃ဂိုးသြင္း ၆ဂိုး ဖန္တီးေပးႏိုင္ခဲ႔တာပါ။
ျပီးခဲ႔တဲ႔ ေသာၾကာေန႔က ျဗိတိန္ဘုရင္မၾကီးရဲ႔ MBE ဘြဲ႔နဲ႔ သူေကာင္းျပဳခံခဲ႔ရတဲ႔ စတာလင္းအတြက္ ခရိုေအးရွားအသင္းဖက္ကို ဂိုးသြင္းျပီး ရာဇ၀င္ေၾကြး ဆပ္လိုက္ႏိုင္ပါျပီ။
ထူးျခားတာက ခရိုေအးရွားဖက္ကို စတာလင္း သြင္းယူခဲ႔တဲ႔ဂိုးဟာ အဂၤလန္အသင္းသားေတြ ေဘာလံုးထိခ်က္ ၁၇ၾကိမ္ ေပးပို႔ျပီး ရရွိခဲ႔တာ ျဖစ္ပါတယ္။
ဒါဟာ ယူရို ၂၀၀၄ျပိဳင္ပြဲတုန္းက ဆြစ္ဇာလန္အသင္းဖက္ကို စတင္ဖင္ဂ်ာရတ္သြင္းယူခဲ႔တဲ႔ ဂိုးအတြက္ အဂၤလန္ကစားသမားေတြရဲ႔ ေဘာလံုးထိခ်က္ ၁၉ၾကိမ္ထက္ ပိုနည္းတဲ႔ မွတ္တမ္း ၀င္သြားခဲ႔ပါျပီ။
ေနာက္ထပ္ေျပာစရာကေတာ႔ ၂၀၀၆ ကမာၻ႔ဖလားျပိဳင္ပြဲတုန္းက နည္းျပ အဲရစ္ဆင္ဟာ အဲ႔တုန္းက ၁၆ႏွစ္ေက်ာ္ရံုသာရွိတဲ႔ ၀ဲလ္ေကာ႔ကို ျပိဳင္ပြဲဆီ အေတြ႔အၾကံဳရေအာင္ ေခၚသြားခဲ႔ဖူးေပမယ္႔ ၁ပြဲမွ ၀င္ကစားခဲ႔ရပါဘူး။
အခု ေဆာက္ဂိတ္ကေတာ႔ အဲရစ္ဆင္ထက္ ပိုျပီး ေသြးရွိတဲ႔သူျဖစ္တာကို ၁၇ႏွစ္ေက်ာ္ရံုပဲရွိေသးတဲ႔ ေဒါ႔မန္က ဘယ္လင္ဟမ္ကို လူစား၀င္ကစားေစျပီး ယူရိုျပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္မွာ အသက္အငယ္ဆံုး ပါ၀င္ကစားတဲ႔သူ ျဖစ္ေစခဲ႔ရံုသမကဘဲ အဂၤလန္လက္ေရြးစင္အသင္း သမိုင္းမွာလည္း ကမာၻ႔ဖလားနဲ႔ ယူရိုျပိဳင္ပြဲမွာ အသက္အငယ္ဆံုး ပါ၀င္ကစားခဲ႔တဲ႔ ေဘာလံုးသမားအျဖစ္ စံခ်ိန္သစ္ တင္ေစႏိုင္ခဲ႔ပါတယ္။
အုပ္စုတြင္းက အခက္အခဲဆံုးျပိဳင္ဖက္ကို အဂၤလန္အတြက္ဆိုရင္ Lucky ေကာင္းတဲ႔ စတာလင္းကို အသံုးခ်ျပီး ရာဇ၀င္ေၾကြးေတြ ဆပ္လိုက္တဲ႔ ေဆာက္ဂိတ္တစ္ေယာက္ ဘာေတြ ထပ္လုပ္ျပႏိုင္ဦးမလဲဆိုတာ ဆက္ျပီး ေစာင္႔ၾကည္႔ရမွာပါ။