အဂၤလန္ရဲ႕ေရႊေရာင္မ်ိဳးဆက္သာ ဂြါဒီယိုလာလက္ေအာက္မွာဆုိ အားလုံးအႏိုင္ရႏိုင္လုိ႔ ရူနီယုံၾကည္

photo-gettyimages

photo-gettyimages

အဂၤလန္အသင္းတိုက္စစ္မႈးေဟာင္း၀ိန္းရူနီက တစ္ခ်ိန္က သူတုိ႔ရဲ႕အဂၤလန္ေရႊေရာင္မ်ိဳးဆက္သာ ဂြါဒီယုိလာလို နည္းျပမ်ိဳးရဲ႕လက္ေအာက္မွာ ကစားခြင့္ရမယ္ဆိုရင္ အရာအားလုံးကို အႏိုင္ရႏိုင္တယ္လုိ႔ ယုံၾကည္ေနပါတယ္။ တစ္ခ်ိန္တုန္းက အဂၤလန္ရဲ႕နာမည္ႀကီးေတြျဖစ္ၾကတဲ့ ရီယုိဖာဒီနန္၊ေပါလ္စခုိး၊ဂၽြန္တယ္ရီ၊ေဒးဗစ္ဘက္ခမ္း၊စတီဗင္ဂ်ရတ္၊ဖရန္႔လမ္းပတ္၊၀ိန္းရူနီ၊မိုက္ကယ္အို၀င္၊အက္ရွ္ေလကိုးလ္တို႔ဟာ ျခေသၤ့ ၃ ေကာင္အက်ၤီနဲ႔ တစ္ကြင္းတည္းမွာ အတူကစားခဲ့ၾကရတာပါ။ အဲဒီထဲမွာ သက္ဆိုင္ရာကလပ္ေတြရဲ႕ဂႏၳ၀င္ကစားသမားေတြအျပင္ ကမာၻနဲ႔ခ်ီေက်ာ္ၾကားတဲ့သူေတြနဲ႔ Ballond’Or ဆုရတစ္ေယာက္ေတာင္ပါ၀င္ပါတယ္။

photo-gettyimages

စာရြက္ေပၚက လူစာရင္းအရဆုိရင္ တကယ့္ကို အိပ္မက္ပြဲထြက္လုိပါပဲ။ ဒါေၾကာင့္လည္း တစ္ခ်ိန္တုန္းက အဂၤလန္ရဲ႕ေရႊေရာင္မ်ိဳးဆက္အျဖစ္ တင္စားျခင္းခံခဲ့ရတာျဖစ္ပါတယ္။ ဒါေပမဲ့လည္း အဂၤလန္အသင္းသမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းထားသူရူနီကိုယ္တိုင္ အဓိကၿပိဳင္ပြဲႀကီး ၆ ရပ္မွာ ပါ၀င္ယွဥ္ၿပိဳင္ႏႊဲခဲ့ေပမယ့္ ဘယ္ေတာ့မွ ကြာတားဖိုင္နယ္အဆင့္ထိ မပိုခဲ့ပါဘူး။ ရူနီတို႔လက္ထက္ အဂၤလန္ဟာ အေတြ႕အႀကဳံရင့္ႏိုင္ငံျခားသားနည္းျပေတြျဖစ္ၾကတဲ့ အဲရစ္ဆင္နဲ႔ကာပယ္လုိ႔တို႔လက္ေအာက္မွာ ကစားခဲ့ရေပမယ့္ နာမည္ႀကီးထမင္းငတ္သာျဖစ္ခဲ့ပါတယ္။ ဒီလိုစိတ္ပ်က္ဖြယ္မွတ္တမ္းေၾကာင့္လည္း အရည္အေသြးပိုင္းထက္ နည္းျပပိုင္းေၾကာင့္လို႔ ရူနီက ယုံၾကည္ေနတာပါ။

photo-gettyimages

”ႏိုင္ပြဲရတဲ့အခ်ိန္ဆုိ အဂၤလန္ပြဲေတြကို စိတ္လႈပ္ရွားမႈ၊ေပ်ာ္ရႊင္မႈေတြနဲ႔ ကၽြန္ေတာ္ၾကည့္တာပါ။ လြန္ခဲ့တဲ့ ၁၀ ႏွစ္က ကၽြန္ေတာ္တို႔အသင္းကိုျပန္ၾကည့္ရင္ ကမာၻ႔ေဘာလုံးမွာ အေကာင္းဆုံးကစားသမားစုဖြဲ႔မႈျဖစ္ခဲ့တာပါ။ ဖာဒီနန္၊တယ္ရီ၊အက္ရွ္ေလကိုးလ္၊ေပါလ္စခုိး၊လမ္းပတ္၊ဂ်ရတ္၊ဘက္ခမ္း၊ကၽြန္ေတာ္ကိုယ္တိုင္အပါအ၀င္၊အို၀င္တုိ႔လိုကစားသမားေတြနဲ႔ပါ။ ဒီလိုအစုအဖြဲ႕မ်ိဳးနဲ႔ ဂြါဒီယုိလာတစ္ေယာက္သာ ကၽြန္ေတာ္တို႔မွာရွိခဲ့ရင္ အရာအားလုံးကို အႏိုင္ရႏိုင္ပါတယ္။ အဲဒါကို သံသယျဖစ္စရာမရွိပါဘူး”လို႔ ရူနီက ေျပာၾကားခဲ့တာပါ။

[Unicode]

အင်္ဂလန်အသင်းတိုက်စစ်မှုးဟောင်းဝိန်းရူနီက တစ်ချိန်က သူတို့ရဲ့အင်္ဂလန်ရွှေရောင်မျိုးဆက်သာ ဂွါဒီယိုလာလို နည်းပြမျိုးရဲ့လက်အောက်မှာ ကစားခွင့်ရမယ်ဆိုရင် အရာအားလုံးကို အနိုင်ရနိုင်တယ်လို့ ယုံကြည်နေပါတယ်။ တစ်ချိန်တုန်းက အင်္ဂလန်ရဲ့နာမည်ကြီးတွေဖြစ်ကြတဲ့ ရီယိုဖာဒီနန်၊ပေါလ်စခိုး၊ဂျွန်တယ်ရီ၊ဒေးဗစ်ဘက်ခမ်း၊စတီဗင်ဂျရတ်၊ဖရန့်လမ်းပတ်၊ဝိန်းရူနီ၊မိုက်ကယ်အိုဝင်၊အက်ရှ်လေကိုးလ်တို့ဟာ ခြင်္သေ့ ၃ ကောင်အင်္ကျီနဲ့ တစ်ကွင်းတည်းမှာ အတူကစားခဲ့ကြရတာပါ။ အဲဒီထဲမှာ သက်ဆိုင်ရာကလပ်တွေရဲ့ဂန္ထဝင်ကစားသမားတွေအပြင် ကမ္ဘာနဲ့ချီကျော်ကြားတဲ့သူတွေနဲ့ Ballond’Or ဆုရတစ်ယောက်တောင်ပါဝင်ပါတယ်။

စာရွက်ပေါ်က လူစာရင်းအရဆိုရင် တကယ့်ကို အိပ်မက်ပွဲထွက်လိုပါပဲ။ ဒါကြောင့်လည်း တစ်ချိန်တုန်းက အင်္ဂလန်ရဲ့ရွှေရောင်မျိုးဆက်အဖြစ် တင်စားခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားသူရူနီကိုယ်တိုင် အဓိကပြိုင်ပွဲကြီး ၆ ရပ်မှာ ပါဝင်ယှဉ်ပြိုင်နွှဲခဲ့ပေမယ့် ဘယ်တော့မှ ကွာတားဖိုင်နယ်အဆင့်ထိ မပိုခဲ့ပါဘူး။ ရူနီတို့လက်ထက် အင်္ဂလန်ဟာ အတွေ့အကြုံရင့်နိုင်ငံခြားသားနည်းပြတွေဖြစ်ကြတဲ့ အဲရစ်ဆင်နဲ့ကာပယ်လို့တို့လက်အောက်မှာ ကစားခဲ့ရပေမယ့် နာမည်ကြီးထမင်းငတ်သာဖြစ်ခဲ့ပါတယ်။ ဒီလိုစိတ်ပျက်ဖွယ်မှတ်တမ်းကြောင့်လည်း အရည်အသွေးပိုင်းထက် နည်းပြပိုင်းကြောင့်လို့ ရူနီက ယုံကြည်နေတာပါ။

”နိုင်ပွဲရတဲ့အချိန်ဆို အင်္ဂလန်ပွဲတွေကို စိတ်လှုပ်ရှားမှု၊ပျော်ရွှင်မှုတွေနဲ့ ကျွန်တော်ကြည့်တာပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်က ကျွန်တော်တို့အသင်းကိုပြန်ကြည့်ရင် ကမ္ဘာ့ဘောလုံးမှာ အကောင်းဆုံးကစားသမားစုဖွဲ့မှုဖြစ်ခဲ့တာပါ။ ဖာဒီနန်၊တယ်ရီ၊အက်ရှ်လေကိုးလ်၊ပေါလ်စခိုး၊လမ်းပတ်၊ဂျရတ်၊ဘက်ခမ်း၊ကျွန်တော်ကိုယ်တိုင်အပါအဝင်၊အိုဝင်တို့လိုကစားသမားတွေနဲ့ပါ။ ဒီလိုအစုအဖွဲ့မျိုးနဲ့ ဂွါဒီယိုလာတစ်ယောက်သာ ကျွန်တော်တို့မှာရှိခဲ့ရင် အရာအားလုံးကို အနိုင်ရနိုင်ပါတယ်။ အဲဒါကို သံသယဖြစ်စရာမရှိပါဘူး”လို့ ရူနီက ပြောကြားခဲ့တာပါ။