အဂြဲ႐ိုးနဲ႔ ဂ်ီးဆပ္စ္ ၂ ေယာက္စလံုးေပ်ာ္ရႊင္ေအာင္ ထားဖို႔ဆုိတာ မျဖစ္ႏိုင္ေၾကာင္း ဂြါဒီယိုလာ ၀န္ခံ

Photo Credit

Photo Credit

မန္စီးတီးအသင္းနည္းျပပက္ဂြါဒီယိုလာက မိမိအေနနဲ႔ တိုက္စစ္မွဴးေတြျဖစ္တဲ့ အဂြဲ႐ိုးနဲ႔ဂ်ီးဆပ္စ္ ၂ ေယာက္လံုးကို ေပ်ာ္ရႊင္ေအာင္ လုပ္ေပးဖို႔ဆိုတာမျဖစ္ႏိုင္ေၾကာင္း ဆိုပါတယ္။

Photo Credit

ဂြါဒီယိုလာရဲ႕ကစားကြက္အရ တစ္ဦးကပြဲထြက္ကစားၿပီး တစ္ဦးကအရန္ခံုမွာထိုင္ေနရမွာျဖစ္ပါတယ္။ ယေန႔ညမွာ မန္စီးတီးအသင္းဟာ အဲဗာတန္အသင္းကို ဧည့္သည္အျဖစ္ ဂူဒီဆင္ပတ္ခ္မွာ သြားေရာက္ယွဥ္ၿပိဳင္ကစားရမွာပါ။

Photo Credit

အာဂ်င္သားတိုက္စစ္မွဴးအဂြဲ႐ိုးဟာ ပရီးမီးယားလိဂ္ပြဲစဥ္ ၆ ပြဲကစားအၿပီးမွာ ၈ ဂိုးသြင္းယူေပးထားခဲ့ၿပီး ဘရာဇီးၾကယ္ပြင့္ ဂ်ီးဆပ္စ္ကေတာ့ ၅ ပြဲကစားၿပီးခ်ိန္မွာ ၃ ဂိုးသြင္းယူေပးထားကာ အဆိုပါသြင္းဂိုးေတြကေတာ့ ပရီးမီးယားလိဂ္မွာ ၁ ဂိုး၊ ခ်န္ပီယံလိဂ္မွာ ၁ ဂိုးနဲ႔ EFL ဖလားၿပိဳင္ပြဲမွာ ၁ ဂိုးတို႔ပဲ ျဖစ္ပါတယ္။

Photo Credit

သူတို႔ ၂ ဦးစလံုးက အံၾသဖြယ္ အရည္အခ်င္းရွိကစားသမားေတြ ျဖစ္ၾကေပမယ့္ ဂြါဒီယိုလာကေတာ့ ကစားကြက္ကို ျပန္လည္ျပင္ဆင္မွာမဟုတ္ဘဲ တစ္ဦးကပြဲထြက္ကစားၿပီး ယေန႔ညပြဲစဥ္မွာလည္း ထံုးစံအတိုင္းဂ်ီးဆပ္ကအရန္ခံုမွာထိုင္ရဖြယ္ရွိေနပါတယ္။

Photo Credit

ဂြါဒီယိုလာက ”သူတို႔ ၂ ဦးစလံုးကအရမ္းေကာင္းတဲ့ ကစားသမားေတြပါ၊ ဒါက ကၽြန္ေတာ့္အတြက္ ခက္ခဲပါတယ္၊ သူတို႔ ၂ ဦးစလံုးကို အတူကစားေစခ်င္ပါတယ္၊ ဘယ္ကစားသမားပဲျဖစ္ျဖစ္ ပံုမွန္ ကစားေနရမွ ေပ်ာ္ရႊင္တာပါ၊ သူကစားရရင္ သူေပ်ာ္ေနၿပီး သူမကစားရရင္ သူေပ်ာ္ေတာ့မွာမဟုတ္ပါဘူး”

Photo Credit

”ဒါေပမဲ့ သူတို႔ ၂ ဦးလံုးကစားရေအာင္ ကၽြန္ေတ္ာႀကိဳးစားပါတယ္၊ သူတို႔ထဲကတစ္ဦးဒဏ္ရာရေနရင္ေတာ့ က်န္တစ္ဦးက ကစားခြင့္ရပါတယ္၊ တခ်ိဳ႕ပြဲစဥ္ေတြမွာ ဂ်ီးဆပ္စ္ ေပးႏိုင္တာကို အဂြဲ႐ိုးမေပးႏိုင္ပါဘူး၊ တခ်ဳိ႕ပြဲေတြမွာၾကေတာ့ အဂြဲ႐ိုးေပးႏိုင္တာကိုဂ်ီးဆပ္စ္ကမေပးႏိုင္ပါဘူး၊ ဒါကအရည္အေသြးပါပဲ”လို႔ ေျပာသြားခဲ့ပါတယ္။

Photo Credit

ဆက္လက္ၿပီး ဂြါဒီယိုလာက ”ပံုမွန္အားျဖင့္ ကၽြန္ေတ္ာတုိက္စစ္မွဴး ၂ ဦး တစ္ၿပိဳင္တည္းမသံုးပါဘူး၊ ေနာဝစ္ခ်္နဲ႔ပြဲစဥ္မွာေတာ့ ၂ ေယာက္စလံုးကို ကစားေစခဲ့ပါတယ္၊ ေနာက္ဆံုးမိနစ္မွာေတာ့ ရလဒ္ကမေကာင္းခဲ့ပါဘူး၊ ကၽြန္ေတာ္တို႔ရဲ႕ထိန္းခ်ဳပ္ကစားႏိုင္မႈက အေကာင္းဆံုးမျဖစ္ခဲ့ဘဲအ႐ံႈးနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္”

Photo Credit

”သူတို႔ မကစားရဘူးဆို သူတို႔ စိတ္မေကာင္းျဖစ္မွာေပါ့၊ ဒါမွန္တယ္ေလ၊ ခင္ဗ်ားခ်န္ပီယံလိဂ္မွာကစားခိုင္းမယ္၊ ဆီမီးဖိုင္နယ္ (သို႔) ကြာတားဖိုင္နယ္ေပါ့၊ သူတို႔ ႀကံ့ခိုင္မႈ ျပည့္ေနမယ္၊ သူတို႔ ကစားဖို႔ အဆင့္ျဖစ္ေနခ်ိန္မွာ မင္းမကစားရဘူးလို႔ တစ္ေယာက္ကိုေျပာလိုက္မယ္၊ ေျပာခံရတဲ့သူကေပ်ာ္ႏိုင္ပါ့မလား”

Photo Credit

”မျဖစ္ႏိုင္ဘူးေလ၊ ကစားသမားေတြကို ကၽြန္ေတ္ာေျပာႏိုင္တာကေတာ့ ဝမ္းနည္းပါတယ္၊ ငါ ကစားသမား ၁၁ ေယာက္ပဲပြဲထြက္ကစားဖို႔ ေရြးခ်ယ္ရတာမို႔လို႔ပါ”လို႔ ေျပာၾကားသြားခဲ့ပါတယ္။

Photo Credit

Unicode

အဂွဲရိုးနဲ့ ဂျီးဆပ်စ် ၂ ယောက်စလုံးပျော်ရွှင်အောင် ထားဖို့ဆိုတာ မဖြစ်နိုင်ကြောင်း ဂွါဒီယိုလာ ဝန်ခံ

မန်စီးတီးအသင်းနည်းပြပက်ဂွါဒီယိုလာက မိမိအနေနဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ အဂွဲရိုးနဲ့ဂျီးဆပ်စ် ၂ ယောက်လုံးကို ပျော်ရွှင်အောင် လုပ်ပေးဖို့ဆိုတာမဖြစ်နိုင်ကြောင်း ဆိုပါတယ်။
ဂွါဒီယိုလာရဲ့ကစားကွက်အရ တစ်ဦးကပွဲထွက်ကစားပြီး တစ်ဦးကအရန်ခုံမှာထိုင်နေရမှာဖြစ်ပါတယ်။ ယနေ့ညမှာ မန်စီးတီးအသင်းဟာ အဲဗာတန်အသင်းကို ဧည့်သည်အဖြစ် ဂူဒီဆင်ပတ်ခ်မှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာပါ။
အာဂျင်သားတိုက်စစ်မှူးအဂွဲရိုးဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲကစားအပြီးမှာ ၈ ဂိုးသွင်းယူပေးထားခဲ့ပြီး ဘရာဇီးကြယ်ပွင့် ဂျီးဆပ်စ်ကတော့ ၅ ပွဲကစားပြီးချိန်မှာ ၃ ဂိုးသွင်းယူပေးထားကာ အဆိုပါသွင်းဂိုးတွေကတော့ ပရီးမီးယားလိဂ်မှာ ၁ ဂိုး၊ ချန်ပီယံလိဂ်မှာ ၁ ဂိုးနဲ့ EFL ဖလားပြိုင်ပွဲမှာ ၁ ဂိုးတို့ပဲ ဖြစ်ပါတယ်။
သူတို့ ၂ ဦးစလုံးက အံသြဖွယ် အရည်အချင်းရှိကစားသမားတွေ ဖြစ်ကြပေမယ့် ဂွါဒီယိုလာကတော့ ကစားကွက်ကို ပြန်လည်ပြင်ဆင်မှာမဟုတ်ဘဲ တစ်ဦးကပွဲထွက်ကစားပြီး ယနေ့ညပွဲစဉ်မှာလည်း ထုံးစံအတိုင်းဂျီးဆပ်ကအရန်ခုံမှာထိုင်ရဖွယ်ရှိနေပါတယ်။
ဂွါဒီယိုလာက ”သူတို့ ၂ ဦးစလုံးကအရမ်းကောင်းတဲ့ ကစားသမားတွေပါ၊ ဒါက ကျွန်တော့်အတွက် ခက်ခဲပါတယ်၊ သူတို့ ၂ ဦးစလုံးကို အတူကစားစေချင်ပါတယ်၊ ဘယ်ကစားသမားပဲဖြစ်ဖြစ် ပုံမှန် ကစားနေရမှ ပျော်ရွှင်တာပါ၊ သူကစားရရင် သူပျော်နေပြီး သူမကစားရရင် သူပျော်တော့မှာမဟုတ်ပါဘူး”
”ဒါပေမဲ့ သူတို့ ၂ ဦးလုံးကစားရအောင် ကျွန်တေ်ာကြိုးစားပါတယ်၊ သူတို့ထဲကတစ်ဦးဒဏ်ရာရနေရင်တော့ ကျန်တစ်ဦးက ကစားခွင့်ရပါတယ်၊ တချို့ပွဲစဉ်တွေမှာ ဂျီးဆပ်စ် ပေးနိုင်တာကို အဂွဲရိုးမပေးနိုင်ပါဘူး၊ တချို့ပွဲတွေမှာကြတော့ အဂွဲရိုးပေးနိုင်တာကိုဂျီးဆပ်စ်ကမပေးနိုင်ပါဘူး၊ ဒါကအရည်အသွေးပါပဲ”လို့ ပြောသွားခဲ့ပါတယ်။
ဆက်လက်ပြီး ဂွါဒီယိုလာက ”ပုံမှန်အားဖြင့် ကျွန်တေ်ာတိုက်စစ်မှူး ၂ ဦး တစ်ပြိုင်တည်းမသုံးပါဘူး၊ နောဝစ်ချ်နဲ့ပွဲစဉ်မှာတော့ ၂ ယောက်စလုံးကို ကစားစေခဲ့ပါတယ်၊ နောက်ဆုံးမိနစ်မှာတော့ ရလဒ်ကမကောင်းခဲ့ပါဘူး၊ ကျွန်တော်တို့ရဲ့ထိန်းချုပ်ကစားနိုင်မှုက အကောင်းဆုံးမဖြစ်ခဲ့ဘဲအရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်”
”သူတို့ မကစားရဘူးဆို သူတို့ စိတ်မကောင်းဖြစ်မှာပေါ့၊ ဒါမှန်တယ်လေ၊ ခင်ဗျားချန်ပီယံလိဂ်မှာကစားခိုင်းမယ်၊ ဆီမီးဖိုင်နယ် (သို့) ကွာတားဖိုင်နယ်ပေါ့၊ သူတို့ ကြံ့ခိုင်မှု ပြည့်နေမယ်၊ သူတို့ ကစားဖို့ အဆင့်ဖြစ်နေချိန်မှာ မင်းမကစားရဘူးလို့ တစ်ယောက်ကိုပြောလိုက်မယ်၊ ပြောခံရတဲ့သူကပျော်နိုင်ပါ့မလား”
”မဖြစ်နိုင်ဘူးလေ၊ ကစားသမားတွေကို ကျွန်တေ်ာပြောနိုင်တာကတော့ ဝမ်းနည်းပါတယ်၊ ငါ ကစားသမား ၁၁ ယောက်ပဲပွဲထွက်ကစားဖို့ ရွေးချယ်ရတာမို့လို့ပါ”လို့ ပြောကြားသွားခဲ့ပါတယ်။