အဂူရို အထီးမကျန်ဖို့ ဘာကာမှာဆက်နေမယ့် မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီဟာ ဘာစီလိုနာ အသင်းနဲ့ (၂)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုတော့မှာဖြစ်ပြီး သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ထင်ကြေးတွေကို အဆုံးသတ်လိုက်ပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အသက် ၃၃နှစ် အရွယ် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ ဘာစီလိုနာအသင်းရဲ့ ယခင် ဥက္ကဌဟောင်း ဘာတိုမြူနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

မက်ဆီ နဲ့ ဘာစီလိုနာ အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီလအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အခုအချိန်ထိ သဘောတူညီမှုမရသေးတာကြောင့် သူ့ကိုခေါ်ယူဖို့ ပီအက်စ်ဂျီနဲ့ မန်စီးတီး အသင်းတို့က ချိတ်ဆက်နေတာဖြစ်ပါတယ်။

ဒါပေမယ့် စပိန်ကလာတဲ့ သတင်းတွေမှာတော့ မက်ဆီ ဟာ ဘာစီလိုနာ မှာပဲ ဆက်ရှိဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မက်ဆီ ဟာ မကြာခင်မှာ ဘာစီလိုနာ အသင်းနဲ့ (၂၀၂၃) အထိသက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုတော့မယ်လို့လည်း ဖော်ပြခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးအချိန်ကို ရောက်ရှိနေချိန်မှာ မြင့်မားတဲ့ လုပ်ခလစာ ရရှိဖို့ထက် ဘာစီလိုနာအသင်းနဲ့ အောင်မြင်မှုအသစ်တွေ

ရရှိဖို့ကိုသာ လိုလားတာကြောင့် မက်ဆီကို စာချုပ်သစ် မချုပ်ခင် ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတွေဟာ အသင်းကို ကောင်းမွန်တဲ့ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ပေးမယ်လို့ ကတိပေးခဲ့ရကြောင်း သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

ဘာစီလိုနာ အသင်းဟာ မကြာသေးခင်က မက်ဆီရဲ့အာဂျင်တီးနား လက်ရွေးစင် အသင်းဖော် အဂူရို ကို (၂)နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ပါတယ်။

အဲဒါဟာ မက်ဆီ ကို အသင်းမှာ ဆက်ရှိဖို့ စည်းရုံးတဲ့ ချုပ်ကွက်ဖြစ်ခဲ့တယ်လို့ ဆိုထားကြပါတယ်။

အဲဒါကြောင့် လာမယ့်ရာသီ ဘာစီလိုနာ အသင်းမှာ မက်ဆီ၊အဂူရို အတွဲအဖက်ကို ကြည့်ရှုရတော့မှာလည်းဖြစ်ပါတယ်။

မက်ဆီ ဟာ လက်ရှိအချိန်မှာတော့ ကိုပါအမေရိကဖလား ယှဉ်ပြိုင်မယ့် အာဂျင်တီးနားလက်ရွေးစင် အသင်းနဲ့လေ့ကျင့်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အဂူ႐ို အထီးမက်န္ဖို႔ ဘာကာမွာဆက္ေနမယ့္ မက္ဆီ

အာဂ်င္တီးနား အသင္းေခါင္းေဆာင္ မက္ဆီဟာ ဘာစီလိုနာ အသင္းနဲ႔ (၂)ႏွစ္သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုေတာ့မွာျဖစ္ၿပီး သူ႔ရဲ႕အနာဂတ္နဲ႔ ပတ္သက္ၿပီး ထြက္ေပၚေနတဲ့ ထင္ေၾကးေတြကို အဆုံးသတ္လိုက္ၿပီလို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။ အသက္ ၃၃ႏွစ္ အ႐ြယ္ မက္ဆီဟာ ယခုႏွစ္ ေဘာလုံးရာသီ အစမွာ ဘာစီလိုနာအသင္းရဲ႕ ယခင္ ဥကၠဌေဟာင္း ဘာတိုျမဴနဲ႔ ဆက္ဆံေရး အဆင္မေျပတာေၾကာင့္ အသင္းကေန အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ေပးဖို႔ ေတာင္းဆိုခဲ့တဲ့ ကစားသမားလည္း ျဖစ္ပါတယ္။

မက္ဆီ နဲ႔ ဘာစီလိုနာ အသင္းတို႔ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ ဒီလအကုန္မွာ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး အခုအခ်ိန္ထိ သေဘာတူညီမႈမရေသးတာေၾကာင့္ သူ႔ကိုေခၚယူဖို႔ ပီအက္စ္ဂ်ီနဲ႔ မန္စီးတီး အသင္းတို႔က ခ်ိတ္ဆက္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္ စပိန္ကလာတဲ့ သတင္းေတြမွာေတာ့ မက္ဆီ ဟာ ဘာစီလိုနာ မွာပဲ ဆက္ရွိဖို႔ ဆုံးျဖတ္ထားတယ္လို႔ ဆိုပါတယ္။ဒါ့အျပင္ မက္ဆီ ဟာ မၾကာခင္မွာ ဘာစီလိုနာ အသင္းနဲ႔ (၂၀၂၃) အထိသက္တမ္းရွိတဲ့ စာခ်ဳပ္ခ်ဳပ္ဆိုေတာ့မယ္လို႔လည္း ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

မက္ဆီဟာ သူ႔ရဲ႕ ကစားသမားဘဝ ေနာက္ဆုံးအခ်ိန္ကို ေရာက္ရွိေနခ်ိန္မွာ ျမင့္မားတဲ့ လုပ္ခလစာ ရရွိဖို႔ထက္ ဘာစီလိုနာအသင္းနဲ႔ ေအာင္ျမင္မႈအသစ္ေတြ ရရွိဖို႔ကိုသာ လိုလားတာေၾကာင့္ မက္ဆီကို စာခ်ဳပ္သစ္ မခ်ဳပ္ခင္ ဘာစီလိုနာအသင္းရဲ႕ တာဝန္ရွိသူေတြဟာ အသင္းကို ေကာင္းမြန္တဲ့ အင္အားျဖည့္တင္းမႈေတြ ျပဳလုပ္ေပးမယ္လို႔ ကတိေပးခဲ့ရေၾကာင္း သတင္းဌာနေတြက ေဖာ္ျပထားၾကပါတယ္။

ဘာစီလိုနာ အသင္းဟာ မၾကာေသးခင္က မက္ဆီရဲ႕အာဂ်င္တီးနား လက္ေ႐ြးစင္ အသင္းေဖာ္ အဂူ႐ို ကို (၂)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုကာ ေခၚယူခဲ့ပါတယ္။အဲဒါဟာ မက္ဆီ ကို အသင္းမွာ ဆက္ရွိဖို႔ စည္း႐ုံးတဲ့ ခ်ဳပ္ကြက္ျဖစ္ခဲ့တယ္လို႔ ဆိုထားၾကပါတယ္။ အဲဒါေၾကာင့္ လာမယ့္ရာသီ ဘာစီလိုနာ အသင္းမွာ မက္ဆီ၊အဂူ႐ို အတြဲအဖက္ကို ၾကည့္ရႈရေတာ့မွာလည္းျဖစ္ပါတယ္။ မက္ဆီ ဟာ လက္ရွိအခ်ိန္မွာေတာ့ ကိုပါအေမရိကဖလား ယွဥ္ၿပိဳင္မယ့္ အာဂ်င္တီးနားလက္ေ႐ြးစင္ အသင္းနဲ႔ေလ့က်င့္မႈေတြျပဳလုပ္ေနတာျဖစ္ပါတယ္။