
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး လူကာကူ ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း အင်တာမီလန် အသင်း ကနေ ချဲလ်ဆီး အသင်းဆီကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ ရောက်ရှိလာခဲ့ပါတယ်။
အသက် ၂၈ နှစ် အရွယ်ရှိ လူကာကူ ဟာ ဒီရာသီ အစပိုင်း ချဲလ်ဆီး အတွက် အထူး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ၊ ပြိုင်ပွဲစုံ နောက်ဆုံး ၄ပွဲဆက် ဂိုးပေါက် ပျောက်ထားခဲ့ပါတယ်။
ဒါပေမယ့် လူကာကူ ဟာ ပြီးခဲ့တဲ့ ၃နှစ် အတွင်း ရောဘတ် လီဝမ်ဒေါစကီး ၊ ရော်နယ်ဒို ပြီးနောက် ၊ ဥရောပရဲ့ ပြိုင်ပွဲစုံ တတိယမြောက် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်နေပါတယ်။
အခုအခါမှာတော့ ၎င်းဟာ ဘယ်လ်ဂျီယမ် အသင်းရဲ့ ဥရောပ နေရှင်လိဂ် ဆီမီးဖိုင်နယ်ပွဲကို ကစားပေးဖို့ သွားရောက် ပူးပေါင်းလျက် ရှိပါတယ်။
လူကာကူကို ပြိုင်ဘက်အသင်းပရိသတ်တွေနဲ့ မီဒီယာအချို့က ကောက်စားလို့ ခေါ်ဝေါ်ကြပြီး၊ လူကာကူအနေနဲ့အဲဒီလို အခေါ်ခံရတာကို အလွန်မုန်းတီးမိကြောင်း ပြောဆိုလာပါတယ်။“ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံအရ ကျွန်တော်က အတော်လေး လူကောင်ကြီးပါတယ်။
လူတိုင်းက ကျွန်တော်ဟာ အသင်းဖော်တွေ ဖန်တီးပေးတဲ့ ဘောလုံးကို အလိုက်သင့်လေးသွင်းယူပြီး ကောက်စားတဲ့ သူလို့ ထင်ကြတယ်။
ဒါပေမယ့် ကျွန်တော်ဟာ အဲဒီပုံစံမျိုးနဲ့ ဘယ်တုန်းကမှ မကစားခဲ့ဖူးသလို၊ အဲဒီလိုကစားပုံကိုလည်း မုန်းပါတယ်။
ကျွန်တော့်ရဲ့ အကြီးမားဆုံး ခွန်အားက၊ ဂိုးဘက်ကို မျက်နှာမူလိုက်တာနဲ့ ကျွန်တော်ဟာ အန္တရာယ်ကောင်ဖြစ်လာစေတာပဲ၊ ဘာလို့ဆို အဲဒီလိုအချိန်မျိုးမှာ ကျွန်တော်ဟာ မှားယွင်းတဲ့ရွေးချယ်မှုတွေ လုပ်ဖို့ ခဲယဉ်းလို့ပါ ”
“ ကျွန်တော်ကတစ်ဆင့် ဘောလုံးပေးလိုက်ပြီဆိုတာနဲ့၊ ဂိုးဧရိယာရဲ့ ဘယ်နားကို သွားနေရမလဲဆိုတာ ကျွန်တော် သိတယ်။
ကျွန်တော်က အများကြီး လုပ်နိုင်ပါတယ်။ တချို့ပွဲတွေမှာဆိုရင်လည်း ခံစစ်တန်းရဲ့ အနောက်မှာ နေရာလွတ်အများကြီးရှိနေတယ်ဆိုတာ ကျွန်တော်သိလိုက်တာနဲ့၊ ကျွန်တော် ကစားပုံပြောင်းကစားတယ်။
ကျွန်တော် သွင်းဂိုးတွေအများကြီး သွင်းနိုင်တယ်ဆိုတာကကျွန်တော်က အများကြီး လုပ်နိုင်လို့ပါ ” လို့ လူကာကူက ပြောဆိုခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
အေခ်ာင္ထိုင္ေစာင့္ဂိုးသြင္းတဲ့ေကာင္လို႔ လူကာကူကို မေျပာမိေစနဲ႔
ဘယ္လ္ဂ်ီယမ္ လက္ေ႐ြးစင္ တိုက္စစ္မႉး လူကာကူ ဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕ ေဈးကြက္ အတြင္း အင္တာမီလန္ အသင္း ကေန ခ်ဲလ္ဆီး အသင္းဆီကို ကလပ္ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၉၇.၅ သန္းနဲ႔ ေရာက္ရွိလာခဲ့ပါတယ္။ အသက္ ၂၈ ႏွစ္ အ႐ြယ္ရွိ လူကာကူ ဟာ ဒီရာသီ အစပိုင္း ခ်ဲလ္ဆီး အတြက္ အထူး ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ၊ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၄ပြဲဆက္ ဂိုးေပါက္ ေပ်ာက္ထားခဲ့ပါတယ္။
ဒါေပမယ့္ လူကာကူ ဟာ ၿပီးခဲ့တဲ့ ၃ႏွစ္ အတြင္း ေရာဘတ္ လီဝမ္ေဒါစကီး ၊ ေရာ္နယ္ဒို ၿပီးေနာက္ ၊ ဥေရာပရဲ႕ ၿပိဳင္ပြဲစုံ တတိယေျမာက္ ဂိုးသြင္း အမ်ားဆုံး ကစားသမား အျဖစ္ ရပ္တည္ေနပါတယ္ ။ အခုအခါမွာေတာ့ ၎ဟာ ဘယ္လ္ဂ်ီယမ္ အသင္းရဲ႕ ဥေရာပ ေနရွင္လိဂ္ ဆီမီးဖိုင္နယ္ပြဲကို ကစားေပးဖို႔ သြားေရာက္ ပူးေပါင္းလ်က္ ရွိပါတယ္ ။
လူကာကူကို ၿပိဳင္ဘက္အသင္းပရိသတ္ေတြနဲ႔ မီဒီယာအခ်ိဳ႕က ေကာက္စားလို႔ ေခၚေဝၚၾကၿပီး၊ လူကာကူအေနနဲ႔အဲဒီလို အေခၚခံရတာကို အလြန္မုန္းတီးမိေၾကာင္း ေျပာဆိုလာပါတယ္။“ ကြၽန္ေတာ့္ရဲ႕ ခႏၶာကိုယ္တည္ေဆာက္ပုံအရ ကြၽန္ေတာ္က အေတာ္ေလး လူေကာင္ႀကီးပါတယ္။ လူတိုင္းက ကြၽန္ေတာ္ဟာ အသင္းေဖာ္ေတြ ဖန္တီးေပးတဲ့ ေဘာလုံးကို အလိုက္သင့္ေလးသြင္းယူၿပီး ေကာက္စားတဲ့ သူလို႔ ထင္ၾကတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ဟာ အဲဒီပုံစံမ်ိဳးနဲ႔ ဘယ္တုန္းကမွ မကစားခဲ့ဖူးသလို၊ အဲဒီလိုကစားပုံကိုလည္း မုန္းပါတယ္။ ကြၽန္ေတာ့္ရဲ႕ အႀကီးမားဆုံး ခြန္အားက၊ ဂိုးဘက္ကို မ်က္ႏွာမူလိုက္တာနဲ႔ ကြၽန္ေတာ္ဟာ အႏၲရာယ္ေကာင္ျဖစ္လာေစတာပဲ၊ ဘာလို႔ဆို အဲဒီလိုအခ်ိန္မ်ိဳးမွာ ကြၽန္ေတာ္ဟာ မွားယြင္းတဲ့ေ႐ြးခ်ယ္မႈေတြ လုပ္ဖို႔ ခဲယဥ္းလို႔ပါ ”
“ ကြၽန္ေတာ္ကတစ္ဆင့္ ေဘာလုံးေပးလိုက္ၿပီဆိုတာနဲ႔၊ ဂိုးဧရိယာရဲ႕ ဘယ္နားကို သြားေနရမလဲဆိုတာ ကြၽန္ေတာ္ သိတယ္။ ကြၽန္ေတာ္က အမ်ားႀကီး လုပ္ႏိုင္ပါတယ္။ တခ်ိဳ႕ပြဲေတြမွာဆိုရင္လည္း ခံစစ္တန္းရဲ႕ အေနာက္မွာ ေနရာလြတ္အမ်ားႀကီးရွိေနတယ္ဆိုတာ ကြၽန္ေတာ္သိလိုက္တာနဲ႔၊ ကြၽန္ေတာ္ ကစားပုံေျပာင္းကစားတယ္။ ကြၽန္ေတာ္ သြင္းဂိုးေတြအမ်ားႀကီး သြင္းႏိုင္တယ္ဆိုတာကကြၽန္ေတာ္က အမ်ားႀကီး လုပ္ႏိုင္လို႔ပါ ” လို႔ လူကာကူက ေျပာဆိုခဲ့ပါတယ္။