M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
ယူနိုက်တက် ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်သူ ဘရူနို ဖာနန်ဒက်စ်ဟာ ကလပ်ဘရုစ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ နည်းပြဆိုးလ်ရှားက သူ့ကို ပွဲချိန် ၆၅ မိနစ်မှာ လူစားလဲစေပြီး အဝတ်လဲခန်းထဲမှာ အနားယူရင်း နဲ့ပွဲကို ဆက်ကြည့်ဖို့စီစဉ်ပေးပေမယ့် ဖာနန်ဒက်စ်ကတော့ အရန်ခုံမှာပဲ ဆက်နေကာ ပွဲကို အားပေးခဲ့ပါတယ်။ “ရာသီဥတုက သိပ်အေးတာကြောင့် ကျွန်တော် သူ့ကို အထဲဝင်စေချင်ခဲ့ပါတယ်။ ဒါပေမယ့် သူက ကျွန်တော် ဒီမှာ ကြည့်ချင်တယ်လို့ ပြောခဲ့တယ်။ သူကလည်း old-school တစ်ယောက်ပဲ။
ဘောလုံးကသာ သူ့အတွက် အရာရာပါပဲ။ လူစားလဲဖို့ခေါ်တာတောင် ဖာနန်ဒက်စ်က မလာချင်ပါဘူး။ သူကဘောလုံးကိုအရမ်း ချစ်တဲ့သူမျိုးပါ။ သူက ကွင်းထဲမှာ ဆက်နေချင်တယ် ပိုကောင်းအောင် ကစားချင်တယ်”ဆိုပြီးနည်းပြဆိုးလ်ရှား ကပြောပါတယ်။ ဒါ့အပြင် နည်းပြဆိုးလ်ရှားက ယူရိုပါလိဂ် ၃၂သင်းအဆင့်အနေနဲ့ယှဉ်ပြိုင်ကစားရမယ့် LASK အသင်းနဲ့ပွဲစဉ်အတွက်ပြင်ဆင်မှု့မှာလည်း ဘရူနိုဖာနန်ဒက်စ် က အပြည့်အဝကူညီမှု့တွေပေးနိုင်လိမ့်မယ် လို့ပြောဆိုထားပါသေးတယ်။
“သူတို့နဲ့ရင်ဆိုင်ဖို့ကကျွန်တော်တို့အတွက် ထူးခြားတဲ့အတွေ့အကြုံပါပဲ။ သူတို့အသင်းနာမည်က ကျွန်တော်တို့နဲ့သိပ်ပြီးရင်းနှီးမှု့တော့မရှိပါဘူး။ကျွန်တော်ကတော့ ဩစတီးယန်း ဘောလုံးလောက ကို လေ့လာဖူးသလို သူတို့လိဂ်မှာက နော်ဝေးကစားသမားတွေလည်း ရှိပါတယ်။ သူတို့ကဒီနှစ်ထဲမှာပဲ အုပ်စုအဆင့်မှာ Rosenborg အသင်းကိုအနိုင်ယူခဲ့ပါသေးတယ်။ပြီးတော့စပို့တင်းအသင်းကိုရောပါပဲ။ ဘရူနိုဖာနန်ဒက်စ်တစ်ယောက်လည်းအဲဒီပွဲမှာပါဝင်ခဲ့ပါသေးတယ်။သူတို့အကြောင်းကိုကျွန်တော်တို့ပိုသိဖို့ လိုအပ်ပါတယ်။ ကျွန်တော်ကတော့ဘရူနို ကို Team Talk ပြောစေချင်ပါတယ်။ လိဂ်ကလည်း တူတာမှမဟုတ်ဝာာ။သူတို့အကြောင်းတော့သေချာမသိသေးဘူးဒါပေမယ့်သေချာတာကတော့ သူတို့လည်း လူကပ်ကစားပုံရယ်၊ မြန်နှုန်းမြင့်ဖိအားပေးပုံရယ်တော့သုံးလာမှာအသေအချာပါပဲ။ဘရူနို ကတော့ LASKက ပြင်းထန်တဲ့တိုက်စစ်ကစားဟန်ကိုကစားတယ်လို့ပြောပါတယ်။ဂိုးသမားကလည်း သူတို့ကစားကွက်မှာဆိုပါဝင်တယ်လေ။သူတို့နဲ့ကစားရမှာစိတ်ဝင်စားစရာပါပဲ”ဆိုပြီးနည်းပြဆိုလ်းရှား ကပြောထားပါတယ်။
ယူနိုက်တက်ရဲ့ ဖေဖော်ဝါရီလအတွက် တစ်လတာအကောင်းဆုံးဆန်ခါတင် ကစားသမား သုံးယောက်ထဲမှာလည်း ဖာနန်ဒက်စ်ပါဝင်နေပါတယ်။ အခြားကစားသမားနှစ်ယောက် ကတော့မာရှယ်နဲ့လုခ်ရှောတို့ပဲဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ လေးပွဲကစားထားပြီး၊ နှစ်ဂိုးသွင်း၊နှစ်ဂိုးဖန်တီးနိုင် ကာ အသင်းကတာဝန်ရှိသူတွေနဲ့ ပရိသတ်တွေရဲ့အသည်းနှလုံးကိုသိမ်းပိုက်ထားနိုင်နေပါတယ်။
နည်းပြဆိုးလ်ရှားဟာ အဲဗာတန်နဲ့ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာလည်း အဓိကတိုက်စစ်မှုး ရက်ရှ်ဖို့ဒ်ရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီးသတင်းကောင်းပြောထားပါသေးတယ်။ ယူနိုက်တက်အတွက် ဒီရာသီပြိုင်ပွဲစုံသွင်းဂိုး(၁၉)ဂိုးအထိသွင်းယူပေးထားခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာဇန်နဝါရီလ လယ်လောက်က ဒဏ်ရာကြောင့်အနားယူနေခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမကုန်မီ အသင်းအတွက်ပြန်ပြီးတော့ ကစားပေးနိုင်ဖို့ရှိနေတယ်ဆိုပြီးနည်းပြ ဆိုးလ်ရှားကပြောဆိုလိုက်ပါတယ်။
“နောက်ဆုံး Scan ဖတ်မှုအရ သူရဲ့ ဒဏ်ရာက တော်တော်လေးတိုးတက်လာနေပါပြီ၊ ဒါပေမဲ့ ကြံ့ခိုင်မှုပြည့်ဝဖို့တော့ အဆင်သင့်မဖြစ်သေးပါဘူး။ သူ့အတွက်လိုအပ်တဲ့အချိန်တော့ ကျွန်တော်တို့ ပေးရပါလိမ့်မယ်။ သူကကွင်းထဲပြန်လာနိုင်ဖို့ ပြင်းပြင်းထန်ထန်ကြိုးစားနေပါတယ်၊ ဒါပေမဲ့ သူ့ကို ကွင်းထဲမှာ ပြန်တွေ့ဖို့နောက်လအနည်းငယ်စောင့်ရပါဦးမယ်၊ နောက်ထပ် (၂) လအတောအတွင်းတော့ သူ့ကို မြင်ရပါလိမ့်မယ်။ သူပြန်လာတဲ့ အခါကျွန်တော်တို့အတွက်ကြီးမားတဲ့ တိုးတက်မှုတွေရှိလာပါလိမ့်မယ်။ ယူရိုပါလိဂ်ဖိုင်နယ် ၊ FA ဖလား ဖိုင်နယ်ပွဲတွေမှာ သူပြန်လာနိုင်ပါလိမ့်မယ်။ သူက ဒဏ်ရာရနေပေမယ့် အကယ်ဒမီကစားသမားလေးတွေကိုသွားရောက် ကြည့်ရှုပါတယ်။ ယူ ၁၈ လေ့ကျင့်ရေးကွင်းတွေကိုလည်း သွားပါတယ်။ အသင်းရဲ့ ပြိုင်ပွဲအနီးအနားမှာလည်း အမြဲလိုလိုရှိပါတယ်။ ပြိုင်ပွဲမစခင် နဲ့ ပထမပိုင်းအပြီး အဝတ်လဲခန်းမှာပါ။”ဆိုပြီးနည်းပြဆိုလ်းရှားကပြောပါတယ်။
ရက်ရှ်ဖို့ဒ်ရဲ့ နောက်ကျောဒဏ်ရာဟာထိလွယ် ရှလွယ်တဲ့ ဒဏ်ရာမျိုးဖြစ်ပြီးတော့ ဒဏ်ရာကနေပြန်လည်ပြီးတော့သက်သာ လာရင်တောင် လိုအပ်တဲ့ အနားယူမှုတွေပေးပြီး ကြံ့ခိုင်မှုအတွက် သေချာပြန်တည်ဆောက်ဖို့လိုအပ်နေတာပဲ ဖြစ်ပါတယ်။
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
(Zawgyi Version)
အချီးကျူးခံသရဲနီကစားသမား ဖာနန်ဒက်စ်နဲ့ ဒဏ်ရာရနေတဲ့ ရက်ရှ်ဖို့အကြောင်း