အချိုရည်တစ်ခွက်သောက်မိလို့ လစာ( ၁ )ပေါင် နှုတ်ခံခဲ့ရတဲ့အပေါ် အခဲမကျေဖြစ်နေတဲ့ မိုဗစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဇလာတန် အီဗရာဟီမိုဗစ်ဟာ ( ၂၀၁၆ ) ခုနှစ်က မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွေ့ပြီးနောက် အဝေးကွင်းပွဲစဥ်တစ်ခုအတွင်း

မီနီဘားမှာ သစ်သီးဖေျာ်ရည်တစ်ခွက် သောက်မိခဲ့တဲ့အတွက် သူ့ရဲ့ လစာကနေ ( ၁) ပေါင်နှုတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ယူနိုက်တက်ရဲ့ သဘောထား‌ေသးသိမ်တဲ့ စိတ်ထားကို အံ့သြမိတယ်လို့ ဆိုခဲ့ပါတယ်။

လက်ရှိ အသက် ( ၄၀ ) အရွယ်ရှိပြီဖြစ်တဲ့ အီဗရာဟီမိုဗစ်ဟာ ပဲရစ် စိန့် ဂျာမိန်းအသင်းကနေ ယူနိုက်တက်ထံ ပြောင်းရွေ့လာပြီး ပရီးမီးယားလိဂ် ( ၂၈ ) ပွဲမှာ ( ၁၇ ) ဂိုးထိ သွင်းယူခဲ့ပြီး

အောင်မြင်တဲ့ဘောလုံးရာသီတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။

နောက်ပြီး သူက ယူနိုက်တက်ကို ကွန်မြူနတီဒိုင်း ၊ လိဂ်ဖလား နှင့် ယူရိုပါလိဂ်တို့ရရှိအောင် ကူညီပေးခဲ့ပါတယ်။

သူ့ရဲ့ ကိုင်တိုင်ရေးအတ္ထုပတ္တိအသစ်မှာ မိုဗစ်က ကမ္ဘာ့အချမ်းသာဆုံး နှင့် အင်အားအကြီးဆုံးကလပ်တစ်ခုရဲ့ နေ့စဥ်လည်ပတ်မှုပုံစံတွေကို သိရှိရတာ အံ့သြမိခဲ့တယ်လို့ ဆိုပါတယ်။

သူက “ ကျွန်တော့်ကို အံ့သြစေတဲ့အရာတစ်ခုရှိပါတယ်။

လူတိုင်းက ယူနိုက်တက်ကို ထိပ်တန်းကလပ် ၊ ကမ္ဘာ့အချမ်းသာဆုံး နှင့် အင်အားအကြီးဆုံးကလပ်တစ်ခုလို့ ထင်ထားကြပြီး အပြင်ကနေ ကျွန်တော်လည်း ဒီလိုပဲ ြမင်ခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော် အဲ့ဒီကိုရောက်တော့ စိတ်ထားသေးသိမ်တဲ့ကလပ်ဆိုတာ တွေ့လာရပါတယ်။”လို့ ရေးသားထားပါတယ်။

“ တစ်နေ့ ပွဲမကစားမီ အသင်းနဲ့ဟိုတယ်မှာ ရှိနေစဥ် ရေဆာလာတဲ့အတွက် မီနီဘားကို ဖွင့်ပြီး သစ်သီးဖေျာ်ရည်တစ်ခွက် သောက်မိပါတယ်။”

“ ကျွန်တော်တို့ ပွဲကစားပြီး အိမ်ကိုရောက်လို့ ရက်အနည်းငယ်အကြာမှာ ငွေပြေစာရောက်လာပါတယ်။

ပုံမှန်ဆိုရင် ကျွန်တော်ဒါတေွကို ကြည့်လေ့မရှိပါဘူး။

ဘာတွေဝင်လဲ ၊ ဘာတွေထွက်သွားလဲဆိုတာသိဖို့ နှစ်ကုန်မှသာ ကြည့်လေ့ရှိပါတယ်။

ဒါပေမယ့် ဒီတစ်ချိန်တော့ ဘာမှန်းမသိ စိတ်ဝင်စားလာပြီး ယူကြည့်လိုက်တဲ့အခါ ကျွန်တော့်ရဲ့ လစာထဲက ( ၁ ) ပေါင် နှုတ်ထားတယ်ဆိုတာ တွေ့လိုက်ရပါတယ်။”

“ ကျွန်တော်က မန်နေဂျာကို ဖုန်းခေါ်ပြီး “ ကျွန်တော့်ရဲ့ လစာထဲက ဘာလို့ ( ၁ ) ပေါင် နှုတ်ထားတာလဲ။”လို့ မေးခဲ့ပါတယ်။

အသင်းမန်နေဂျာက တစ်ချက်ကြည့်ပြီး “ ဒါက မီနီဘားက သစ်သီးဖေျာ်ရည်အတွက်ပါ။”လို့ဆိုခဲ့ပါတယ်။

“နောက်နေတာလား ၊ တကယ်လား ။”ဆိုတော့ “ မနောက်ပါဘူး ၊ တကယ်ပါ၊ တစ်ခုခုမှာတယ်ဆိုရင် အဲ့ဒီအတွက် ပေးဆောင်ရပါတယ်။” လို့ ပြန်ပြောခဲ့ပါတယ်။

“ ဟုတ်ပါတယ်၊ ဒါပေမယ့် ကျွန်တော်က ဟိုတယ်ကို ကိုယ့်ဖာသာ သွားခဲ့တာ မဟုတ်ပါဘူး။

ဒါက ကျွန့်တော့်ရဲ့ အလုပ်နေရာပါ။

ကျွန်တော် အဲ့ဒီမှာ မန်ချက်စတာအတွက် ရှိနေခဲ့တာပါ။

ကျွန်တော် ကစားဖို့ရှိပြီး ရေငတ်နေပါတယ်။ ကျွန်တော် တစ်ခုခု သောက်မှရပါမယ်။

ကွင်းထဲကို ရေဓာတ်ခမ်းခြောက်ပြီး မသွားနိုင်ပါဘူး ။”

“ ခင်ဗျားဒါကို ယုံနိုင်မလား ။ အီတလီမှာ ဒါမျိုး ဘယ်‌ေတာ့မှ ဖြစ်မှာမဟုတ်ပါဘူး။

ဒါတွေက မတူညီတဲ့အရာတွေဖြစ်ပြီး ကစားသမားတွေရဲ့ လေးစားမှုကို ရရှိစေပါတယ်။”

“ကျွန်‌်တော် လေ့ကျင့်ရေးကွင်းကိုဝင်ဖို့ စာရွက်စာတမ်းတွေ ပြရပါတယ်။

ကားတံခါးကို အနည်းငယ် နိမ့်ချပြီး ဂိတ်ကကောင်ကို “ နားထောင် ငါ့ကောင်‌ေရ ၊ ငါဒီကို နေ့တိုင်းလာနေတာ တစ်လပြည့်နေပါပြီ။

ငါက ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားပါ။ မင်းငါ့ကို မမှတ်မိဘူးဆိုရင် မင်းလုပ်တာ မှားနေလို့ပဲ။” ဆိုပြီး ပြောလိုက်ပါတယ်။”

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အခ်ိဳရည္တစ္ခြက္ေသာက္မိလို႔ လစာ( ၁ )ေပါင္ ႏႈတ္ခံခဲ့ရတဲ့အေပၚ အခဲမေက်ျဖစ္ေနတဲ့ မိုဗစ္

ဇလာတန္ အီဗရာဟီမိုဗစ္ဟာ ( ၂၀၁၆ ) ခုႏွစ္က မန္ခ်က္စတာ ယူႏိုက္တက္အသင္းထံ ေျပာင္းေ႐ြ႕ၿပီးေနာက္ အေဝးကြင္းပြဲစဥ္တစ္ခုအတြင္း မီနီဘားမွာ သစ္သီးေဖ်ာ္ရည္တစ္ခြက္ ေသာက္မိခဲ့တဲ့အတြက္ သူ႔ရဲ႕ လစာကေန ( ၁) ေပါင္ႏႈတ္ခံခဲ့ရတာနဲ႔ ပတ္သက္ၿပီး ယူႏိုက္တက္ရဲ႕ သေဘာထား‌ေသးသိမ္တဲ့ စိတ္ထားကို အံ့ၾသမိတယ္လို႔ ဆိုခဲ့ပါတယ္။

လက္ရွိ အသက္ ( ၄၀ ) အ႐ြယ္ရွိၿပီျဖစ္တဲ့ အီဗရာဟီမိုဗစ္ဟာ ပဲရစ္ စိန႔္ ဂ်ာမိန္းအသင္းကေန ယူႏိုက္တက္ထံ ေျပာင္းေ႐ြ႕လာၿပီး ပရီးမီးယားလိဂ္ ( ၂၈ ) ပြဲမွာ ( ၁၇ ) ဂိုးထိ သြင္းယူခဲ့ၿပီး ေအာင္ျမင္တဲ့ေဘာလုံးရာသီတစ္ခု ပိုင္ဆိုင္ခဲ့ပါတယ္။ ေနာက္ၿပီး သူက ယူႏိုက္တက္ကို ကြန္ျမဴနတီဒိုင္း ၊ လိဂ္ဖလား ႏွင့္ ယူ႐ိုပါလိဂ္တို႔ရရွိေအာင္ ကူညီေပးခဲ့ပါတယ္။

သူ႔ရဲ႕ ကိုင္တိုင္ေရးအတၳဳပတၱိအသစ္မွာ မိုဗစ္က ကမာၻ႔အခ်မ္းသာဆုံး ႏွင့္ အင္အားအႀကီးဆုံးကလပ္တစ္ခုရဲ႕ ေန႔စဥ္လည္ပတ္မႈပုံစံေတြကို သိရွိရတာ အံ့ၾသမိခဲ့တယ္လို႔ ဆိုပါတယ္။

သူက “ ကြၽန္ေတာ့္ကို အံ့ၾသေစတဲ့အရာတစ္ခုရွိပါတယ္။ လူတိုင္းက ယူႏိုက္တက္ကို ထိပ္တန္းကလပ္ ၊ ကမာၻ႔အခ်မ္းသာဆုံး ႏွင့္ အင္အားအႀကီးဆုံးကလပ္တစ္ခုလို႔ ထင္ထားၾကၿပီး အျပင္ကေန ကြၽန္ေတာ္လည္း ဒီလိုပဲ ျမင္ခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ အဲ့ဒီကိုေရာက္ေတာ့ စိတ္ထားေသးသိမ္တဲ့ကလပ္ဆိုတာ ေတြ႕လာရပါတယ္။”လို႔ ေရးသားထားပါတယ္။

“ တစ္ေန႔ ပြဲမကစားမီ အသင္းနဲ႔ဟိုတယ္မွာ ရွိေနစဥ္ ေရဆာလာတဲ့အတြက္ မီနီဘားကို ဖြင့္ၿပီး သစ္သီးေဖ်ာ္ရည္တစ္ခြက္ ေသာက္မိပါတယ္။”

“ ကြၽန္ေတာ္တို႔ ပြဲကစားၿပီး အိမ္ကိုေရာက္လို႔ ရက္အနည္းငယ္အၾကာမွာ ေငြေျပစာေရာက္လာပါတယ္။ ပုံမွန္ဆိုရင္ ကြၽန္ေတာ္ဒါေတြကို ၾကည့္ေလ့မရွိပါဘူး ။ ဘာေတြဝင္လဲ ၊ ဘာေတြထြက္သြားလဲဆိုတာသိဖို႔ ႏွစ္ကုန္မွသာ ၾကည့္ေလ့ရွိပါတယ္။ ဒါေပမယ့္ ဒီတစ္ခ်ိန္ေတာ့ ဘာမွန္းမသိ စိတ္ဝင္စားလာၿပီး ယူၾကည့္လိုက္တဲ့အခါ ကြၽန္ေတာ့္ရဲ႕ လစာထဲက ( ၁ ) ေပါင္ ႏႈတ္ထားတယ္ဆိုတာ ေတြ႕လိုက္ရပါတယ္။”

“ ကြၽန္ေတာ္က မန္ေနဂ်ာကို ဖုန္းေခၚၿပီး “ ကြၽန္ေတာ့္ရဲ႕ လစာထဲက ဘာလို႔ ( ၁ ) ေပါင္ ႏႈတ္ထားတာလဲ။”လို႔ ေမးခဲ့ပါတယ္။ အသင္းမန္ေနဂ်ာက တစ္ခ်က္ၾကည့္ၿပီး “ ဒါက မီနီဘားက သစ္သီးေဖ်ာ္ရည္အတြက္ပါ။”လို႔ဆိုခဲ့ပါတယ္။ “ေနာက္ေနတာလား ၊ တကယ္လား ။”ဆိုေတာ့ “ မေနာက္ပါဘူး ၊ တကယ္ပါ၊ တစ္ခုခုမွာတယ္ဆိုရင္ အဲ့ဒီအတြက္ ေပးေဆာင္ရပါတယ္။” လို႔ ျပန္ေျပာခဲ့ပါတယ္။ “ ဟုတ္ပါတယ္၊ ဒါေပမယ့္ ကြၽန္ေတာ္က ဟိုတယ္ကို ကိုယ့္ဖာသာ သြားခဲ့တာ မဟုတ္ပါဘူး ။ ဒါက ကြၽန႔္ေတာ့္ရဲ႕ အလုပ္ေနရာပါ ။ ကြၽန္ေတာ္ အဲ့ဒီမွာ မန္ခ်က္စတာအတြက္ ရွိေနခဲ့တာပါ။ ကြၽန္ေတာ္ ကစားဖို႔ရွိၿပီး ေရငတ္ေနပါတယ္။ ကြၽန္ေတာ္ တစ္ခုခု ေသာက္မွရပါမယ္။ ကြင္းထဲကို ေရဓာတ္ခမ္းေျခာက္ၿပီး မသြားႏိုင္ပါဘူး ။””

“ ခင္ဗ်ားဒါကို ယုံႏိုင္မလား ။ အီတလီမွာ ဒါမ်ိဳး ဘယ္‌ေတာ့မွ ျဖစ္မွာမဟုတ္ပါဘူး ။ ဒါေတြက မတူညီတဲ့အရာေတြျဖစ္ၿပီး ကစားသမားေတြရဲ႕ ေလးစားမႈကို ရရွိေစပါတယ္။”

“ကြၽန္‌္ေတာ္ ေလ့က်င့္ေရးကြင္းကိုဝင္ဖို႔ စာ႐ြက္စာတမ္းေတြ ျပရပါတယ္။ ကားတံခါးကို အနည္းငယ္ နိမ့္ခ်ၿပီး ဂိတ္ကေကာင္ကို “ နားေထာင္ ငါ့ေကာင္‌ေရ ၊ ငါဒီကို ေန႔တိုင္းလာေနတာ တစ္လျပည့္ေနပါၿပီ ။ ငါက ကမာၻေပၚမွာ အေကာင္းဆုံး ကစားသမားပါ။ မင္းငါ့ကို မမွတ္မိဘူးဆိုရင္ မင္းလုပ္တာ မွားေနလို႔ပဲ။” ဆိုၿပီး ေျပာလိုက္ပါတယ္။”