အချစ်ဆုံးသူငယ်ချင်းရဲ့ဇနီးဖြစ်သူ ကွယ်လွန်သွားလို့ ဝမ်းနည်းပို့စ်တင်ခဲ့တဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စီရော်နယ်ဒိုဟာ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်သူ ဂျို့စ်ဆီမီဒိုရဲ့ဇနီး ရုတ်တရတ်ကွယ်လွန်သွားတဲ့အတွက် ဆိုရှယ်မီဒီယာထက်မှာ ဝမ်းနည်းပို့စ်တင်ခဲ့ပါတယ်။

ပေါ်တူဂီကလပ်ဗစ်တိုးရီးယားဆီတူဘယ်မှာ ကစားနေတဲ့ ဆီမီဒိုရဲ့၃၄ နှစ်အရွယ် ဇနီးဖြစ်သူ ဆိုရာရီယာဟာ ပြီးခဲ့တဲ့အပတ်ကြာသပတေးကပဲ ရုတ်တရတ်ကွယ်လွန်သွားခဲ့တာပါ။

ဒါကြောင့် စီရော်နယ်ဒိုတစ်ယောက် ရက်ပိုင်းအကြာမှာပဲ ဆိုရှယ်မီဒီယာပေါ်တက်ပြီး ဝမ်းနည်းကြောင်း ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီမှာ ဆီမီဒိုတို့ဇနီးမောင်နှံနှစ်ယောက်နဲ့ သူတို့မိသားစု အပြင်ထွက်စားသောက်နေကြတဲ့ပုံကို ဆိုရှယ်မီဒီယာပေါ် မျှဝေပြီး အခုလို ရေးသားခဲ့ပါတယ်။

”ဘောလုံးအပါအဝင် အရာအားလုံး အရေးမကြီးတော့တဲ့အချိန်တွေရှိပါတယ်။

ပြီးခဲ့တဲ့အပတ်မှာ ကျွန်တော့်ဘဝရဲ့အကောင်းဆုံးသူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်သူရဲ့ဇနီးဖြစ်ပြီး မိခင်ကောင်းတစ်ယောက်လည်းဖြစ်တဲ့ ဆိုရာရီယာဟာ မမျှော်လင့်ဘဲ ထွက်ခွာသွားခဲ့ပါတယ်။

ကျွန်တော့်ဘရားသားဂျို့စ်ဆီမီဒိုနဲ့သူ့တစ်မိသားစုလုံးရဲ့နာကျင်မှုကို ဘယ်အရာမှာ ချေဖျက်ပေးနိုင်မှာ မဟုတ်ပါဘူး”လို့ စီရော်နယ်ဒိုက ရေးတင်ခဲ့တာပါ။

ဆက်လက်ပြီး စီရော်နယ်ဒိုက”ဒါပေမဲ့ ကျွန်တော်တို့ဟာ အမြဲတမ်းအတူတကွရှိနေကြပြီး ဒီခက်ခဲတဲ့အချိန်ကာလကိုလည်း အတူရင်ဆိုင်ကြမှာပါ။

Rest in Peace ပါ သူငယ်ချင်းရေ။ မင်းကို ငါတို့ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး”လို့ ရေးတင်ထားပါတယ်။

စီရော်နယ်ဒိုဟာ ရှက်ဖီးဝမ်းနဲ့ချာလ်တန်ကွင်းလယ်လူဟောင်းဆီမီဒိုနဲ့ စပို့တင်းလူငယ်အကယ်ဒမီမှာကတည်းက သူငယ်ချင်းဖြစ်ခဲ့ကြတာပါ။

အဲဒီကတည်းက အချစ်ဆုံးသူငယ်ငယ်ချင်းတွေ ဖြစ်ခဲ့ကြပြီး နှစ်ပေါင်းများစွာကြာအောင် အားလပ်ရက်တွေမှာ အတူရှိခဲ့ကြပါတယ်။

ဆီမီဒိုကိုင်တိုင်ကလည်း သူ့ရဲ့လူငယ်ဘဝဖြောင့်တန်းဖို့အတွက် စီရော်နယ်ဒိုမှာ အရာအားလုံးအကြွေးတင်ခဲ့ကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။

”ကျွန်တော် စီရော်နယ်ဒိုကို အရာအားလုံးပေးဆပ်ရမှာပါ။

သူ့ကြောင့်သာ မဟုတ်ရင် ကျွန်တော်ဟာ အကယ်ဒမီကနေ ထုတ်ပယ်ခံရမှာဖြစ်ပြီး ကြီးပြင်းခဲ့တဲ့ပတ်ဝန်းကျင်ကို ပြန်သွားရမှာပါ။

ကျွန်တော့်ရဲ့ငယ်သူငယ်ချင်းအများစုက ထောင်ထဲရောက်ရင်ရောက် ဒါမှမဟုတ် ဆေးစွဲနေကြတာပါ”လို့ ဆီမီဒိုက ဖွင့်ဟဖူးပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အခ်စ္ဆုံးသူငယ္ခ်င္းရဲ႕ဇနီးျဖစ္သူ ကြယ္လြန္သြားလို႔ ဝမ္းနည္းပို႔စ္တင္ခဲ့တဲ့ စီေရာ္နယ္ဒို

စီေရာ္နယ္ဒိုဟာ သူ႔ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းတစ္ေယာက္ျဖစ္သူ ဂ်ိဳ႕စ္ဆီမီဒိုရဲ႕ဇနီး ႐ုတ္တရတ္ကြယ္လြန္သြားတဲ့အတြက္ ဆိုရွယ္မီဒီယာထက္မွာ ဝမ္းနည္းပို႔စ္တင္ခဲ့ပါတယ္။ ေပၚတူဂီကလပ္ဗစ္တိုးရီးယားဆီတူဘယ္မွာ ကစားေနတဲ့ ဆီမီဒိုရဲ႕၃၄ ႏွစ္အ႐ြယ္ ဇနီးျဖစ္သူ ဆိုရာရီယာဟာ ၿပီးခဲ့တဲ့အပတ္ၾကာသပေတးကပဲ ႐ုတ္တရတ္ကြယ္လြန္သြားခဲ့တာပါ။

ဒါေၾကာင့္ စီေရာ္နယ္ဒိုတစ္ေယာက္ ရက္ပိုင္းအၾကာမွာပဲ ဆိုရွယ္မီဒီယာေပၚတက္ၿပီး ဝမ္းနည္းေၾကာင္း ပို႔စ္တင္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီမွာ ဆီမီဒိုတို႔ဇနီးေမာင္ႏွံႏွစ္ေယာက္နဲ႔ သူတို႔မိသားစု အျပင္ထြက္စားေသာက္ေနၾကတဲ့ပုံကို ဆိုရွယ္မီဒီယာေပၚ မွ်ေဝၿပီး အခုလို ေရးသားခဲ့ပါတယ္။

”ေဘာလုံးအပါအဝင္ အရာအားလုံး အေရးမႀကီးေတာ့တဲ့အခ်ိန္ေတြရွိပါတယ္။ ၿပီးခဲ့တဲ့အပတ္မွာ ကြၽန္ေတာ့္ဘဝရဲ႕အေကာင္းဆုံးသူငယ္ခ်င္းေတြထဲက တစ္ေယာက္ျဖစ္သူရဲ႕ဇနီးျဖစ္ၿပီး မိခင္ေကာင္းတစ္ေယာက္လည္းျဖစ္တဲ့ ဆိုရာရီယာဟာ မေမွ်ာ္လင့္ဘဲ ထြက္ခြာသြားခဲ့ပါတယ္။ ကြၽန္ေတာ့္ဘရားသားဂ်ိဳ႕စ္ဆီမီဒိုနဲ႔သူ႔တစ္မိသားစုလုံးရဲ႕နာက်င္မႈကို ဘယ္အရာမွာ ေခ်ဖ်က္ေပးႏိုင္မွာ မဟုတ္ပါဘူး”လို႔ စီေရာ္နယ္ဒိုက ေရးတင္ခဲ့တာပါ။

ဆက္လက္ၿပီး စီေရာ္နယ္ဒိုက”ဒါေပမဲ့ ကြၽန္ေတာ္တို႔ဟာ အၿမဲတမ္းအတူတကြရွိေနၾကၿပီး ဒီခက္ခဲတဲ့အခ်ိန္ကာလကိုလည္း အတူရင္ဆိုင္ၾကမွာပါ။ Rest in Peace ပါ သူငယ္ခ်င္းေရ။ မင္းကို ငါတို႔ ဘယ္ေတာ့မွ ေမ့မွာမဟုတ္ပါဘူး”လို႔ ေရးတင္ထားပါတယ္။

စီေရာ္နယ္ဒိုဟာ ရွက္ဖီးဝမ္းနဲ႔ခ်ာလ္တန္ကြင္းလယ္လူေဟာင္းဆီမီဒိုနဲ႔ စပို႔တင္းလူငယ္အကယ္ဒမီမွာကတည္းက သူငယ္ခ်င္းျဖစ္ခဲ့ၾကတာပါ။ အဲဒီကတည္းက အခ်စ္ဆုံးသူငယ္ငယ္ခ်င္းေတြ ျဖစ္ခဲ့ၾကၿပီး ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ အားလပ္ရက္ေတြမွာ အတူရွိခဲ့ၾကပါတယ္။ ဆီမီဒိုကိုင္တိုင္ကလည္း သူ႔ရဲ႕လူငယ္ဘဝေျဖာင့္တန္းဖို႔အတြက္ စီေရာ္နယ္ဒိုမွာ အရာအားလုံးအေႂကြးတင္ခဲ့ေၾကာင္း ဖြင့္ဟခဲ့ဖူးပါတယ္။

”ကြၽန္ေတာ္ စီေရာ္နယ္ဒိုကို အရာအားလုံးေပးဆပ္ရမွာပါ။ သူ႔ေၾကာင့္သာ မဟုတ္ရင္ ကြၽန္ေတာ္ဟာ အကယ္ဒမီကေန ထုတ္ပယ္ခံရမွာျဖစ္ၿပီး ႀကီးျပင္းခဲ့တဲ့ပတ္ဝန္းက်င္ကို ျပန္သြားရမွာပါ။ ကြၽန္ေတာ့္ရဲ႕ငယ္သူငယ္ခ်င္းအမ်ားစုက ေထာင္ထဲေရာက္ရင္ေရာက္ ဒါမွမဟုတ္ ေဆးစြဲေနၾကတာပါ”လို႔ ဆီမီဒိုက ဖြင့္ဟဖူးပါတယ္။