အချက်အလက်တွေအရ ဒီရာသီမှာ ဒီဂီယာထက် အဖက်ဖက်ကသာခဲ့တဲ့ ဒင်းဟန်ဒါဆန်

photo-givemesport

photo-gettyimages

ဂိုးသမားဒင်းဟန်ဒါဆန်တစ်ယောက် သူ့ရဲ့ပရီးမီးယားလိဂ်ပွဲဦးထွက်ရာသီမှာ အတော်လေးကိုအထင်ကြီးစရာကောင်းတဲ့လက်စွမ်းမျိုးပြနေပါတယ်။ သူဟာ မန်ယူကနေ ရှက်ဖီးယူနိုက်တက်ကို အငှားသွားကစားနေတာဖြစ်ပြီး ရှက်ဖီးရဲ့လက်ရှိအမှတ်ပေးဇယားအဆင့် ၅ ရပ်တည်မှုမှာ အဓိကကျခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒင်းဟန်ဒါဆန်ရဲ့လက်စွမ်းကြောင့်လည်း ရှက်ဖီးယူဟာ အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၂ မှတ်သာကွာတော့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်မှန်းလာနိုင်ခဲ့တာပါ။

photo-gettyimages

ဒါကြောင့်လည်း မန်ယူပရိသတ်အချို့က ဒင်းဟန်ဒါဆန်ကိုပြန်ခေါ်ပြီး လာမယ့်ရာသီမှာ ပွဲထွက်ခွင့်ပေးဖို့တောင် တောင်းဆိုလာကြပါတယ်။ အဲဒီလိုလုပ်ဖို့အတွက်ဆိုရင်တော့ ပရီးမီးယားလိဂ်ရဲ့လက်ရှိလစာအများဆုံးရကစားသမားဖြစ်တဲ့ ဒီဂီယာကို ဖယ်ရှားဖို့ လိုအပ်မှာပါ။ အဲဒီစပိန်သားဟာ လက်ရှိဘောလုံးလောကရဲ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ယောက်အဖြစ် နာမည်ကြီးပြီး ဆိုးလ်ရှားအနေနဲ့လည်း မန်ယူရဲ့လက်ရှိနံပါတ် ၁ ကို လက်လွှတ်ဖို့ဆိုတာ အရမ်းကြီးကိုဖြစ်နိုင်ဖွယ်မရှိပါဘူး။ ဒါပေမဲ့ အချက်အလက်တွေအရတော့ ဒီရာသီပရီးမီးယားလိဂ်မှာ ဒင်းဟန်ဒါဆန်ဟာ ဒီဂီယာထက် အဖက်ဖက်က သာခဲ့တာကို တွေ့ရပါတယ်။ ဂိုးကာကွယ်မှုမှာသာ သူတို့နှစ်ယောက် စွမ်းဆောင်ရည်တူညီခဲ့တာပါ။

photo-gettyimages

ပေးဂိုးမဲ့ – ဟန်ဒါဆန် ၉ ပွဲ၊ ဒီဂီယာ ၅ ပွဲ

ကာကွယ်မှု – ဟန်ဒါဆန် ၆၅ ကြိမ်၊ ဒီဂီယာ ၆၅ ကြိမ်

ကာကွယ်မှုရာခိုင်နှုန်း – ဟန်ဒါဆန် ၇၅%၊ ဒီဂီယာ ၆၉.၁၅%

ဆွဲဖမ်းမှု – ဟန်ဒါဆန် ၁၂ ကြိမ်၊ ဒီဂီယာ ၃ ကြိမ်

ရှေ့တက်ရှင်းထုတ်မှု – ဟန်ဒါဆန် ၁၅ ကြိမ်၊ ဒီဂီယာ ၃ ကြိမ်

[Zawgyi]

အခ်က္အလက္ေတြအရ ဒီရာသီမွာ ဒီဂီယာထက္ အဖက္ဖက္ကသာခဲ့တဲ့ ဒင္းဟန္ဒါဆန္

ဂိုးသမားဒင္းဟန္ဒါဆန္တစ္ေယာက္ သူ႔ရဲ႕ပရီးမီးယားလိဂ္ပြဲဦးထြက္ရာသီမွာ အေတာ္ေလးကိုအထင္ႀကီးစရာေကာင္းတဲ့လက္စြမ္းမ်ိဳးျပေနပါတယ္။ သူဟာ မန္ယူကေန ရွက္ဖီးယူႏိုက္တက္ကို အငွားသြားကစားေနတာျဖစ္ၿပီး ရွက္ဖီးရဲ႕လက္ရွိအမွတ္ေပးဇယားအဆင့္ ၅ ရပ္တည္မႈမွာ အဓိကက်ခဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒင္းဟန္ဒါဆန္ရဲ႕လက္စြမး္ေၾကာင့္လည္း ရွက္ဖီးယူဟာ အဆင့္ ၄ ေနရာက ခ်ဲလ္ဆီးနဲ႔ ၂ မွတ္သာကြာေတာ့ၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ကို ေမွ်ာ္မွန္းလာႏိုင္ခဲ့တာပါ။

ဒါေၾကာင့္လည္း မန္ယူပရိသတ္အခ်ိဳ႕က ဒင္းဟန္ဒါဆန္ကိုျပန္ေခၚၿပီး လာမယ့္ရာသီမွာ ပြဲထြက္ခြင့္ေပးဖုိ႔ေတာင္ ေတာင္းဆုိလာၾကပါတယ္။ အဲဒီလိုလုပ္ဖုိ႔အတြက္ဆုိရင္ေတာ့ ပရီးမီးယားလိဂ္ရဲ႕လက္ရွိလစာအမ်ားဆံုးရကစားသမားျဖစ္တဲ့ ဒီဂီယာကို ဖယ္ရွားဖို႔ လိုအပ္မွာပါ။ အဲဒီစပိန္သားဟာ လက္ရွိေဘာလုံးေလာကရဲ႕အေကာင္းဆုံးဂိုးသမားေတြထဲက တစ္ေယာက္အျဖစ္ နာမည္ႀကီးၿပီး ဆုိးလ္ရွားအေနနဲ႔လည္း မန္ယူရဲ႕လက္ရွိနံပါတ္ ၁ ကို လက္လႊတ္ဖို႔ဆုိတာ အရမ္းႀကီးကိုျဖစ္ႏိုင္ဖြယ္မရွိပါဘူး။ ဒါေပမဲ့ အခ်က္အလက္ေတြအရေတာ့ ဒီရာသီပရီးမီးယားလိဂ္မွာ ဒင္းဟန္ဒါဆန္ဟာ ဒီဂီယာထက္ အဖက္ဖက္က သာခဲ့တာကို ေတြ႕ရပါတယ္။ ဂိုးကာကြယ္မႈမွာသာ သူတို႔ႏွစ္ေယာက္ စြမ္းေဆာင္ရည္တူညီခဲ့တာပါ။

ေပးဂိုးမဲ့ – ဟန္ဒါဆန္ ၉ ပြဲ၊ ဒီဂီယာ ၅ ပြဲ

ကာကြယ္မႈ – ဟန္ဒါဆန္ ၆၅ ႀကိမ္၊ ဒီဂီယာ ၆၅ ႀကိမ္

ကာကြယ္မႈရာခိုင္ႏႈန္း – ဟန္ဒါဆန္ ၇၅%၊ ဒီဂီယာ ၆၉.၁၅%

ဆြဲဖမ္းမႈ – ဟန္ဒါဆန္ ၁၂ ႀကိမ္၊ ဒီဂီယာ ၃ ႀကိမ္

ေရွ႕တက္ရွင္းထုတ္မႈ – ဟန္ဒါဆန္ ၁၅ ႀကိမ္၊ ဒီဂီယာ ၃ ႀကိမ္