အချိန်ပိုမှာ အက်သလက်ကို ၃ ဂိုးပေးလိုက်ရပြီး ပြိုင်ပွဲကထွက်လိုက်ရတဲ့ လက်ရှိချန်ပီယံ

photo-daily mail

photo-PA

လက်ရှိချန်ပီယံလီဗာပူးကတော့ ပြဇာတ်ဆန်စွာနဲ့ပဲ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာလိုက်ရပြီ ဖြစ်ပါတယ်။ နည်းပြဂျာဂင်ကလော့ပ်ရဲ့အသင်းဟာ သာမန်ပွဲချိန်မိနစ် ၉၀ အတွင်းမှာ ပထမအကျော့ရှုံးနိမ့်ထားမှုကို ပြန်လှန်နိုင်ခဲ့ပေမယ့် အချိန်ပိုမိနစ် ၃၀ မှာ ဂိုးသမားအက်ဒရီယန်ရဲ့အမှားမကင်းမှုနဲ့အတူ အက်သလက်တီကိုကို ၃ ဂိုးပေးခဲ့ရပြီး ချန်ပီယံဆုကာကွယ်နိုင်ခြင်းမရှိတော့တာပါ။

photo-REX

တကယ်တော့ ဒီပွဲက ဂိုးသမားနှစ်ယောက်ရဲ့ပုံပြင်တစ်ပုဒ်ဖြစ်သွားခဲ့တာပါ။ ဂိုးသမားအိုဘလက်ဟာ အက်သလက်တီကိုဂိုးပေါက်ရဲ့မဟာတံတိုင်းကြီးဖြစ်ခဲ့ပြီး အဲဒီဆလိုဗေးနီးယားဂိုးသမားဟာ တစ်ပွဲလုံးမှာ ၉ ကြိမ်တိုင်ကာကွယ်မှုပြုလုပ်သွားခဲ့ကာ မရေတွက်နိုင်တဲ့ဖြတ်တင်ဘောများစွာကိုလည်း အမိအရဖမ်းယူနိုင်ခဲ့ပါတယ်။ တစ်ဖက်မှာတော့ လီဗာပူးရဲ့ကြီးမားတဲ့ကြိုးစားအားထုတ်မှုဟာ ကံဆိုးမိုးမှောင်ကျတဲ့ဂိုးသမားအက်ဒရီယန်ကြောင့် အလဟသ ဖြစ်ခဲ့ရပါတယ်။ ချဲလ်ဆီးကိုရှုံးပြီး အက်ဖ်အေဖလားက ထွက်ခဲ့ရမှုတုန်းက အမှားလုပ်ခဲ့တဲ့အက်ဒရီယန်ဟာ ဒီပွဲမှာလည်း သူ့ရဲ့အမှားကနေ အက်သလက်တီကိုပြန်လာနိုင်စေမယ့်ဂိုး ပေးခဲ့ရတာပါ။ လီဗာပူးမှာ ကမ္ဘာ့အဆင့်ရှိပထမဦးစားပေးဂိုးသမားအယ်လစ်ဆန်မပါနိုင်တာဟာ ဒီပွဲရဲ့အဓိကအဆုံးအဖြတ်ဖြစ်သွားပါတယ်။ လီဗာပူးရဲ့ဇာတာလို့ပဲ ပြောရတော့မှာပေါ့။

photo-Ian Hodgson

ပွဲအခြေအနေကို ပြန်ကောက်ရမယ်ဆိုရင် လီဗာပူးဟာ တစ်ဖက်သက်ကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၇၁ ရာခိုင်နှုန်းနဲ့ ဂိုးကန်သွင်းချက်ချည်း ၃၄ ကြိမ်တောင်ရှိခဲ့ကာ ပထမပိုင်းပြီးကာနီး ကွင်းလယ်လူဝစ်နယ်ဒမ်ရဲ့ခေါင်းတိုက်သွင်းဂိုးနဲ့ သာမန်ပွဲချိန်မိနစ် ၉၀ အတွင်း ပထမအကျော့အရှုံးကို ပြန်ချေပနိုင်ခဲ့ပါတယ်။ ဂိုးအရေအတွက်တူနေလို့ အချိန်ပိုမိနစ် ၃၀ ထပ်ကစားရတော့လည်း ပွဲစစချင်း ၄ မိနစ်မှာတင် တိုက်စစ်မှုးဖာမီနိုရဲ့နှစ်ဆင့်ကြိုးပမ်းမှုနဲ့ အခြေအနေကောင်းဖန်တီးနိုင်ခဲ့တာပါ။ ဒါပေမဲ့ နောက် ၃ မိနစ်အကြာမှာ ဂိုးသမားအက်ဒရီယန်ရဲ့ဆိုးရွားတဲ့ရှင်းထုတ်မှုကနေ မားကို့စ်လိုရန်တီက အက်သလက်တီကိုအတွက် အရေးပါတဲ့ အဝေးဂိုးသွင်းယူသွားပါတယ်။ အဲဒီဂိုးကြောင့် အချိန်တိုလေးအတွင်းမှာ လီဗာပူးဟာ ၂ ဂိုးပြန်သွင်းနိုင်မှကို မျှော်လင့်ချက်ရှိမှာပါ။ အဲဒါကပဲ လီဗာပူးရဲ့စိတ်ပိုင်းဆိုင်ရာကို အဓိကရိုက်ခတ်သွားခဲ့သလို အန်ဖီးလ်တစ်ကွင်းလုံးကိုလည်း တိတ်ဆိတ်သွားစေခဲ့ပြီး အချိန်ပိုရဲ့လက်ကျန်ပွဲတွေမှာ အက်သလက်ကပဲ နောက်ထပ် ၂ ဂိုးထပ်ရသွားခဲ့ကာ လိုရန်တီနဲ့မိုရာတာတို့က သွင်းယူခဲ့ကြတာပါ။

[Zawgyi]

အခ်ိန္ပိုမွာ အက္သလက္ကို ၃ ဂိုးေပးလိုက္ရၿပီး ၿပိဳင္ပြဲကထြက္လိုက္ရတဲ့ လက္ရွိခ်န္ပီယံ

လက္ရွိခ်န္ပီယံလီဗာပူးကေတာ့ ျပဇာတ္ဆန္စြာနဲ႔ပဲ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ႏႈတ္ဆက္ထြက္ခြာလုိက္ရၿပီ ျဖစ္ပါတယ္။ နညး္ျပဂ်ာဂင္ကေလာ့ပ္ရဲ႕အသင္းဟာ သာမန္ပြဲခ်ိန္မိနစ္ ၉၀ အတြင္းမွာ ပထမအေက်ာ့ရႈံးနိမ့္ထားမႈကို ျပန္လွန္ႏိုင္ခဲ့ေပမယ့္ အခ်ိန္ပိုမိနစ္ ၃၀ မွာ ဂိုးသမားအက္ဒရီယန္ရဲ႕အမွားမကင္းမႈနဲ႔အတူ အက္သလက္တီကိုကို ၃ ဂိုးေပးခဲ့ရၿပီး ခ်န္ပီယံဆုကာကြယ္ႏုိင္ျခင္းမရွိေတာ့တာပါ။

တကယ္ေတာ့ ဒီပြဲက ဂိုးသမားႏွစ္ေယာက္ရဲ႕ပုံျပင္တစ္ပုဒ္ျဖစ္သြားခဲ့တာပါ။ ဂိုးသမားအိုဘလက္ဟာ အက္သလက္တီကိုဂိုးေပါက္ရဲ႕မဟာတံတိုင္းႀကီးျဖစ္ခဲ့ၿပီး အဲဒီဆလိုေဗးနီးယားဂိုးသမားဟာ တစ္ပြဲလုံးမွာ ၉ ႀကိမ္တိုင္ကာကြယ္မႈျပဳလုပ္သြားခဲ့ကာ မေရတြက္ႏိုင္တဲ့ျဖတ္တင္ေဘာမ်ားစြာကိုလည္း အမိအရဖမ္းယူႏိုင္ခဲ့ပါတယ္။ တစ္ဖက္မွာေတာ့ လီဗာပူးရဲ႕ႀကီးမားတဲ့ႀကိဳးစားအားထုတ္မႈဟာ ကံဆိုးမိုးေမွာင္က်တဲ့ဂိုးသမားအက္ဒရီယန္ေၾကာင့္ အလဟသ ျဖစ္ခဲ့ရပါတယ္။ ခ်ဲလ္ဆီးကိုရႈံးၿပီး အက္ဖ္ေအဖလားက ထြက္ခဲ့ရမႈတုန္းက အမွားလုပ္ခဲ့တဲ့အက္ဒရီယန္ဟာ ဒီပြဲမွာလည္း သူ႔ရဲ႕အမွားကေန အက္သလက္တီကိုျပန္လာႏုိင္ေစမယ့္ဂိုး ေပးခဲ့ရတာပါ။ လီဗာပူးမွာ ကမာၻ႔အဆင့္ရွိပထမဦးစားေပးဂိုးသမားအယ္လစ္ဆန္မပါႏိုင္တာဟာ ဒီပြဲရဲ႕အဓိကအဆုံးအျဖတ္ျဖစ္သြားပါတယ္။ လီဗာပူးရဲ႕ဇာတာလို႔ပဲ ေျပာရေတာ့မွာေပါ့။

ပြဲအေျခအေနကို ျပန္ေကာက္ရမယ္ဆိုရင္ လီဗာပူးဟာ တစ္ဖက္သက္ကစားႏိုင္ခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ ၇၁ ရာခိုင္ႏႈန္းနဲ႔ ဂိုးကန္သြင္းခ်က္ခ်ည္း ၃၄ ႀကိမ္ေတာင္ရွိခဲ့ကာ ပထမပိုင္းၿပီးကာနီး ကြင္းလယ္လူ၀စ္နယ္ဒမ္ရဲ႕ေခါင္းတုိက္သြင္းဂိုးနဲ႔ သာမန္ပြဲခ်ိန္မိနစ္ ၉၀ အတြင္း ပထမအေက်ာ့အရႈံးကို ျပန္ေခ်ပႏိုင္ခဲ့ပါတယ္။ ဂိုးအေရအတြက္တူေနလုိ႔ အခ်ိန္ပိုမိနစ္ ၃၀ ထပ္ကစားရေတာ့လည္း ပြဲစစခ်င္း ၄ မိနစ္မွာတင္ တိုက္စစ္မႈးဖာမီႏိုရဲ႕ႏွစ္ဆင့္ႀကိဳးပမ္းမႈနဲ႔ အေျခအေနေကာင္းဖန္တီးႏိုင္ခဲ့တာပါ။ ဒါေပမဲ့ ေနာက္ ၃ မိနစ္အၾကာမွာ ဂိုးသမားအက္ဒရီယန္ရဲ႕ဆုိးရြားတဲ့ရွင္းထုတ္မႈကေန မားကို႔စ္လိုရန္တီက အက္သလက္တီကိုအတြက္ အေရးပါတဲ့ အေ၀းဂိုးသြင္းယူသြားပါတယ္။ အဲဒီဂိုးေၾကာင့္ အခ်ိန္တိုေလးအတြင္းမွာ လီဗာပူးဟာ ၂ ဂိုးျပန္သြင္းႏိုင္မွကို ေမွ်ာ္လင့္ခ်က္ရွိမွာပါ။ အဲဒါကပဲ လီဗာပူးရဲ႕စိတ္ပိုင္းဆိုင္ရာကို အဓိကရိုက္ခတ္သြားခဲ့သလို အန္ဖီးလ္တစ္ကြင္းလုံးကိုလည္း တိတ္ဆိတ္သြားေစခဲ့ၿပီး အခ်ိန္ပိုရဲ႕လက္က်န္ပြဲေတြမွာ အက္သလက္ကပဲ ေနာက္ထပ္ ၂ ဂိုးထပ္ရသြားခဲ့ကာ လုိရန္တီနဲ႔မုိရာတာတို႔က သြင္းယူခဲ့ၾကတာပါ။